Advertisement
Crop Top ကို ဘယ်သွားသွား ဝတ်လို့ရစေမယ့် ဖက်ရှင်ပုံစံအမျိုးမျိုး

Crop Top ကို ဘယ်နေရာသွားသွား ဝတ်လို့ရပါတယ်ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ABS လေ့ကျင့်ခန်းတွေကိုတော့ မပျက်မကွက် လုပ်ပေးဖို့တော့ လိုမယ်နော်။

 

ကမ်းခြေမှာ မိမိုက်နေစေဖို့

Crop Top တွေက ကမ်းခြေမှာ ဝတ်ဆင်ဖို့ အလိုက်ဖက်ဆုံးဆိုတာ  ငြင်းလို့မရပါဘူး။ ဂျင်းစကပ်လေး၊ ကွင်းထိုးဖိနပ်လေးနဲ့ တွဲဖက်ပြီး ဝတ်လိုက်ရင် ကမ်းခြေမှာ ဆွဲဆောင်မှုရှိရှိနဲ့ အရမ်းကို ဖက်ရှင်ကျနေမှာပါ

အလုပ်ခွင်မှာ ပေါ့ပေါ့ပါးပါး

ကော်လာပါတဲ့အတွက် Crop Shirt အကျီက လုပ်ငန်းခွင်နဲ့ သင့်တော်တဲ့ အပြင်အဆင်ကို ဖြစ်စေပါတယ်။ ဒါကို ခါးရှည် ဘောင်းဘီနဲ့  တွဲဖက်လိုက်ရင် ပိုပြီးစမတ်ကျတဲ့ အသွင်ဖြစ်စေမှာပါ။ ရုံးတက်ဖက်ရှင် ပစ္စည်းတွေဖြစ်တဲ့ လက်ကိုင်အိတ်ကြီးကြီးရယ်၊ ဒေါက်ချွန်ဖိနပ်   ရယ်နဲ့ပေါင်းစပ်လိုက်တဲ့အခါ အမိုက်စားဒီဇိုင်းနဲ့ ရုံးတက်လို့ ရပါပြီ။

နွေရာသီ မင်္ဂလာပွဲတက်ဖို့အတွက်

မဂ်လာဆောင်သွားရင် ဝတ်လေ့ဝတ်ထရှိတဲ့ သမားရိုးကျ ဝတ်စုံတွေကို ခဏဖယ်ထားပြီး Crop Top နဲ့ စကပ်တွဲဖက်ပြီး ဝတ်သွားကြည့်ပါ။ ဒီလိုတွဲဖက် ဝတ်ဆင်သွားတာဟာ ဖက်ရှင်လဲကျပြီး Formal လဲကျစေပါတယ်။

တောင်တက်ခရီးစဥ◌်အတွက်လား

အိမ်ပြင်ဘက် အားကစားလှုပ်ရှားနည်းတွေအတွက် ကိုယ်ကပ်တီရှပ်ကို မဝတ်ဘဲ ခါးရှည် sports bra တစ်ထည်ထဲကိုပဲ ခပ်မိုက်မိုက်  ရွေးချယ်လိုက်ပါ။ လိုက်ဖက်ညီတဲ့ Sports Top နဲ့ Leggings ဝမ်းဆက်လောက် Runyon ချောက်ကမ်းပါးကို တောင်တက်ရတဲ့ ခံစား   ချက်မျိုး တခြားဘယ်အရာကမှ ပေးနိုင်မှာ မဟုတ်ပါဘူး။

နေ့ချင်းပြန် ခရီးသွားတဲ့အခါ

တကယ်လို့ မြို့တစ်မြို့၊ နေရာတစ်နေရာကို နေ့ချင်းပြန်သွားလည်ဖို့ စိတ်ကူးထားတယ်ဆိုရင် နေရာတစ်နေရာပြီး တစ်နေရာအလိုက်  အလွယ်တကူ ပြောင်းလဲဝတ်ဆင်လို့ရတဲ့ အဝတ်အစားကိုပဲ ရွေးချယ်သင့်ပါတယ်။ ချစ်စရာကောင်းတဲ့ crop top လေးနဲ့ တည့်ခါးရှည်  ဂျင်းဘောင်းဘီတွဲဖက်က နှစ်နာရီကြာ ကားမောင်းသွားရမယ့် ခရီးအတွက်လည်း သက်တောင့်သက်သာ ဖြစ်စေသလို အဆင့်မြင့် နေ့   လည်စာ စားဖို့အတွက်လည်း သင့်တော်တဲ့ အပြင်အဆင် ပေးပါတယ်။

 

Tags: advicecrop topfashion

Comments

0 comments