Advertisement

ချစ်တို့ရေ အဖြူရောင် အင်္ကျီလေးတွေ ရှိပြီး ဘယ်လိုဝတ်ရမလဲ ခေါင်းစားနေရင် ဒီလို ဝတ်လို့ရတယ်နော်။

အဝတ်အစားတွေ ဝတ်လိုက်တိုင်း ကျော့ရှင်းပြီး ဖက်ရှင်ကျကျ လှပနေဖို့ဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့ပဲ ဆိုင်တယ်နော်။ ကိုယ်ကဖက်ရှင်ကျအောင် ဝတ်စုံတွေကို တွဲဖက် ဝတ်ဆင်တတ်ပြီဆိုရင် ဘယ်လိုအရောင်ကာလာ၊ ဘယ်လိုဒီဇိုင်းပဲ ဝတ်ဝတ် လှနေမှာ သေချာပါတယ်။ ဒီတစ်ခါမှာတော့ အင်္ကျီအဖြူတစ်ထည်ရှိရုံနဲ့ တွဲဖက်ဝတ်ဆင်လို့ရမယ့် Outfit တွေ ဖော်ပြပေးလိုက်ပါတယ်။

Skinny Jeans

အဖြူတီရှပ်ကို Skinny Jeans နဲ့ တွဲဖက် ဝတ်ဆင်တာက ချစ်တို့ကို စမတ်ကျတဲ့ မိန်းကလေးဖြစ်စေမှာ အသေအချာပါပဲ။ ကိုယ့်မှာ တီရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီရှိတယ်ဆိုရင် တွဲဖက်သာ ဝတ်လိုက်တော့နော်။

ဂျင်းစကတ်အရှည်

ဂျင်းစကတ်အရှည်တွေက အဖြူရောင် အင်္ကျီနဲ့ လိုက်ဖက်မှု ရှိပါ့မလားလို့ တွေးကောင်း တွေးမိတတ်ကြမှာပါ။ ပုံမှာ မြင်တဲ့အတိုင်း လှနေတာမို့ တွဲဖက်ဝတ်ဆင်လို့ လိုက်မှလိုက်ပဲနော်။

စကတ်တို

ချစ်တို့ရေ စကတ်တိုတို ဝတ်တတ်ရင်တော့ ဒီလိုသာ တွဲဝတ်လိုက်တော့နော်။

BF Jeans style

Free style လိုမျိုး ဝတ်ချင်တယ်ဆိုရင်တော့ ဒီလိုလေးတွေ တွဲဝတ်လို့ ရပါတယ်။ အထာကျကျ မိမိုက်နေမှာမလို့ အရွေးမမှားနဲ့နော်။

 

Comments

0 comments