Advertisement

ချစ်တို့ရေ ကိုယ့်ရဲ့ ခြေထောက်မှာ ဖိနပ်ကြောင့် အမာရွတ်တွေ အနာတွေ မဖြစ်ဘဲ ဒေါက်လှလှလေးတွေ ကြွကြွရွရွစီးနိုင်ဖို့ ဒီအချက်တွေ လိုပါတယ်။

 ဒေါက်ဖိနပ်လှလှလေးတွေဆိုတာ မိန်းကလေးတိုင်းနဲ့ ကင်းကွာလို့ မရတဲ့အရာပါ။ အမြဲတမ်း မစီးရင်တောင် ပွဲတက်တော့ စီးဖြစ်ကြတာပါပဲ။ တစ်ခါတလေ ဒေါက်ဖိနပ်တွေ ဝယ်ထားပြီး စီးလို့မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ခြေထောက်နာတာ၊ သက်တောင့်သက်သာ မဖြစ်တာ၊ ကြပ်လွန်းတာ၊ ကျွတ်ကျတာတွေရောပေါ့။ ဒီလိုမျိုး ဒေါက်ဖိနပ်လှလှလေးတွေကြောင့် စိတ်မညစ်ရအောင် ဘာတွေလုပ်လို့ရမလဲ သိထားဖို့ လိုတယ်နော်။

ဆိုဒ်မတော်ရင်

တချို့မိန်းကလေးတွေက ဆိုဒ်ကြီးနေတယ်ဆိုရင် ဖနောင့်နောက်မှာ ကပ်ခွာလေးတွေ သုံးပြီး စီးတာမျိုး ရှိပါတယ်။ အဲဒါကလည်း အမျိုးအစား အများကြီး ရှိတာမို့ သေချာရွေးချယ်ဖို့ လိုပါတယ်နော်။ Quality မကောင်းဘူးဆိုရင် ခြေထောက်နာတာတွေ ဖြစ်တတ်ပါတယ်။ နောက်ပိတ်အကြည်ဖိနပ်တွေဆိုရင်တော့ ကပ်ခွာသုံးရင်လည်း ပေါ်နေပြီး မလှတာမလို့  အဲဒီလို ဖိနပ်ဆိုရင်   ဆိုဒ်သေချာ ရွေးဖို့လိုပါတယ်။

ကိုယ့်ခြေထောက်နဲ့ ကိုက်ညီမယ့် ဒေါက်အမြင့်

ဒေါက်မြင့်မြင့် ကြိုက်ကြတာပါပဲ။ ပိုပြီးတော့ စမတ်ဖြစ်စေတယ်လေနော်။ ဒါပေမယ့်လည်း ကြိုက်လွန်းလို့ ဝယ်ပြီးကာမှ အမြင့်ကြောက်ပြီး မစီးရဲတာ၊ စီးတဲ့အခါ အဆင်မပြေတာ၊ မထိန်းနိုင်တာတွေ ဖြစ်လာရင်တော့ ဘယ်လောက်ကြိုက်ကြိုက် ချောင်ထိုးလိုက်ရမှာပါပဲ။ ဒေါက်အမြင့် မြင်ပြီးတော့တင် မစီးဖြစ်တာမျိုးပေ့ါ။ အဲဒါကြောင့် ရွေးချယ်တဲ့အခါ ကိုယ်စီးနိုင်တဲ့ ဒေါက်အမြင့်ကိုသာ ရွေးပါ။

ကိုက်ညီမယ့် ဒေါက်အမြင့်

ကိုက်ညီမယ့် ဒေါက်အမြင့်

ကိုယ်စီးမယ့်နေရာနဲ့ သင့်တော်တာကို ရွေးချယ်ပါ

 ဒေါက်ဖိနပ်ကို ဒေါက်အရွယ်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံ ဝယ်ထားတတ်တဲ့သူဆိုရင်တော့ ကိစ္စ မရှိပေမယ့် အရံနည်းနည်းပဲ ဝယ်ထားချင်တယ်ဆိုရင်တော့ ကိုယ်စီးမယ့်နေရာနဲ့ သင့်တော်တာကို ရွေးချယ်တာ အကောင်းဆုံးပါနော်။ ကိုယ်က ပုံမှန်ရုံးတက်တာအများဆုံးဆိုရင် ရုံးနဲ့ အဆင်ပြေမယ့်ဖိနပ်ဒေါက်မြင့်ကိုပဲ ရွေးပါ။ Night Out ထွက်ဖို့အတွက်ဆိုရင်လည်းသူနဲ့ သင့်တော်တာမျိုး၊ ပွဲတက်ဆိုရင်လည်း ပွဲတက်ပေ့ါ။ အများဆုံး သွားမယ့်နေရာနဲ့ လိုက်ဖက်တာကို ဝယ်ထားပါ။ ဒါဆိုရင် ဒေါက်မြင့်လှလှလေးတွေ ဝယ်ထားပြီး မစီးဖြစ်လို့ စိတ်ညစ်မရတာ မဖြစ်တော့ဘူးပေါ့။

ဆိုဒ်ရွေးချယ်တဲ့အခါ

ဆိုဒ်ရွေးချယ်တဲ့အခါ

ဆိုဒ်ရွေးချယ်တဲ့အခါ

ဒေါက်မြင့်ဖိနပ်တွေကြောင့် စိတ်မညစ်ချင်ရင် ဆိုဒ်သေချာ ရွေးဖို့လိုပါတယ်။ ဒေါက်မြင့်ဖိနပ်က ဒေါက်ချွန်ချွန်လေးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းထားရတာ ဖြစ်တဲ့အတွက် ဖနောင့်၊ ခြေဖဝါးနဲ့ ခြေချောင်းလေးတွေ မနာကျင်နေမှ ရပါတယ်။ ဒါကလည်း ဆိုဒ်ရွေးချယ်မှုအပေါ် မူတည်ပါတယ်။ ဆိုဒ်သေးရင် ဖနောင့် နာနိုင်သလို ခြေမနဲ့ ခြေသန်းကလည်း နာလာမှာပါ။ ချောင်နေရင်လည်း ဖနောင့်ကနေ ကျွတ်ကျတတ်တာမို့ ခြေလှမ်းကောင်းကောင်း လှမ်းမရနိုင်ပြန်ပါဘူး။ ဒီတော့ အချစ်ကလေးတို့ ဖိနပ်ဆိုဒ်ရွေးရင် ဆိုင်မှာ လမ်းအစမ်းလျှောက်ပါ။ ကိုယ်ဝယ်မယ့် ဖိနပ်ကို အနည်းဆုံး(၁၀) လှမ်းလောက် လမ်းလျှောက်ကြည့်ပြီး အိုကေစိုပြေမှ ဝယ်ခဲ့ပါနော်။

ချစ်တို့ရေ ကိုယ့်ရဲ့ ခြေထောက်မှာ ဖိနပ်ကြောင့် အမာရွတ်တွေ အနာတွေ မဖြစ်ဘဲ ဒေါက်လှလှလေးတွေ ကြွကြွရွရွစီးနိုင်ဖို့ ဒီအချက်တွေ လိုပါတယ်။

Tags: fashionhigh heels

Comments

0 comments