Advertisement

ကိုယ့်မှာ အလန်းစား Dress လေးတွေ ဝတ်တဲ့အခါ ဘရာတွေ ပေါ်နေလို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ ကိုယ့်အဝတ်အစားနဲ့ လိုက်ဖက်မယ့် ဘရာကို ရွေးချယ်ဖို့ လိုပြီနော်။

ချစ်တို့ရေ အလန်းစား Dress လေးတွေတော့ ဝတ်မယ်ဆိုပြီး ဝယ်ထားပါရဲ့။ ဝတ်လိုက်တဲ့အခါမှ ဘရာကြိုးတွေက ပေါ်လို့ပေါ်၊ ကျောဘက်မှာ ဘရာချိတ်တွေက ပေါ်ဆိုရင် ဘယ်လှတော့မလဲ။ ဒီတော့ ကိုယ်ဝတ်မယ့် အင်္ကျီနဲ့ တွဲဝတ်ရမယ့် ဘရာအမျိုးအစားတွေ သိထားသင့်တယ်နော်။ ဘယ်လိုဝတ်စုံက ဘယ်လိုဘရာနဲ့ လိုက်ဖက်လဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။

V shape လည်ပင်းဝတ်ကြတဲ့အခါ

 

 

 

 

 

 

 

 

 

 

ချစ်တို့ရေ အင်္ကျီလည်ပင်းကို V ပုံစံ ဝတ်မယ်ဆိုရင် ရင်သားအတွင်းနေရာမှာ ဘရာကြီး မပေါ်နေဖို့ လိုတယ်လေနော်။ ဘေးဘက်နဲ့ အောက်ဘက်နေရာမှာပဲ ရှိပြီး အတွင်းဘက်မှာ မရှိတာမျိုးကြောင့်  V shape ဝတ်တဲ့အခါ ပုံ(၁) ကလို ပုံမျိုး ဝတ်ပါ။

ပခုံးပြတ်ဝတ်မယ်ဆိုရင်

 

ချစ်တို့ရေ ပခုံးပြတ်တဲ့ အင်္ကျီတွေ ဝတ်မယ်ဆိုရင် ဘရာရဲ့ကြိုးတွေ မပေါ်နေမှ လှမှာပါ။ မဟုတ်ရင် ရုပ်ဆိုးမှာလေနော်။ ဒီတော့ Bra Tape လေးတွေ ဆောင်ထားပါ။ Bra Tape က ကိုယ်လိုသလိုမျိုး ရင်သားကို ဆွဲကပ်ထားတာမို့ နေရထိုင်ရ သက်သာပြီး ကိုယ်လိုသလို ပုံသွင်းဝတ်လို့ ရပါတယ်။ ဒီလို Bra Tape လေးတွေက တစ်ခွေကိုမှ တစ်သောင်းဝန်းကျင်လေးပဲ ကျတာမလို့ အရမ်းလည်း တန်ပါတယ်နော်။

နောက်ကျောပြောင်

 

 

ချစ်တို့ရေ နောက်ကျောပြောင် အဝတ်အစားတွေ ဝတ်တော့မယ်ဆိုရင်တော့ ဘရာကို ကျောဘက်အောက်ဘက်မှာပဲ ပါတဲ့ ကြိုးပျောက်ဘရာမျိုး ဝတ်ပါ။ ဒါမှ နောက်ကျောမှာရော ရင်သားအရှေ့ဘက်မှာပါ ဘရာပေါ်လို့ ပြဿနာ မတက်တော့မှာပါ။

ကြိုးတစ်ချောင်းနဲ့ နောက်ကျောပြောင်

ချစ်တို့ရေ ကြိုးတစ်ချောင်းနဲ့ နောက်ကျောပြောင်ဝတ်မယ်ဆိုရင်တော့ ဘရာတွေ ဝတ်ဖို့ သိပ်အဆင်မပြေဘူးလေနော်။ ဘရာအစား Nipple Tape လေးနဲ့ဆိုရင်တော့  အဆင်ပြေမှာပါ။ Nipple Tape ကတော့ ဘရာလိုမျိုး မဟုတ်တဲ့အတွက် လွတ်လွတ်လပ်လပ် ရှိနေပေမယ့် လွတ်လပ်လွန်းတာကို မကြိုက်ဘူးဆိုရင်တော့ နေရထိုင်ရတာ ဟာတာတာ ဖြစ်နေတတ်ပါတယ်။ ဒီအချက်ကိုလည်း သတိထားပေးနော်။

ချစ်တို့ရေ ကိုယ့်မှာ အလန်းစား Dress လေးတွေ ဝတ်တဲ့အခါ ဘရာတွေ ပေါ်နေလို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ ကိုယ့်အဝတ်အစားနဲ့ လိုက်ဖက်မယ့် ဘရာကို ရွေးချယ်ဖို့ လိုပြီနော်။

 

 

Tags: brafashion

Comments

0 comments