Advertisement

စမတ်ကျပြီး စတိုင်အပြည့်နဲ့ ကြည့်ကောင်းတဲ့ မိန်းမလှလေး တစ်ဦးဖြစ်ဖို့ ဆောင်ရ ရှောင်ရမှာတွေ သိပြီးပြီဆိုရင်တော့ တဖြည်းဖြည်း ပြင်ဆင်လို့ ရမှာပါ။

ချစ်တို့ရေ စမတ်ကျပြီး ကြည့်ကောင်းတဲ့ မိန်းကလေးတစ်ယောက် မဖြစ်ချင်ဘူးလား။ စမတ်ကျပြီး ကြည့်ကောင်းတဲ့ မိန်းကလေးတစ်ဦးဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုတွေနဲ့ပဲ ဆိုင်တယ်နော်။ ကိုယ်ရွေးချယ်တာတွေက ကိုယ့်အသက်အရွယ် ကိုယ့်ပုံစံနဲ့ မလိုက်တာတွေ ဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ စမတ်ကျပြီး ကြည့်ကောင်းတဲ့ မိန်းမလှလေး တစ်ဦးဖြစ်အောင် ဘာတွေရွေးချယ်ရမလဲ ကြည့်ကြည့်ရအောင်။

ဖိနပ်

ချစ်လေးတို့ရေ ဖိနပ် ရွေးချယ်တဲ့အခါမှာလည်း နေရာမရွေး စီးလို့ရတဲ့ ဖိနပ်တစ်ရံကောင်းကောင်း အရင်ရွေးထားပြီးမှ နောက်ကျန်တာတွေ ထပ်ဝယ်ပါ။ ဖိနပ်အပါးတွေအစား ဒေါက်သိပ်မမြင့်တဲ့ ဖိနပ်တစ်ရံ စီးပါ။ Block ဒေါက်တွေလည်း အဆင်ပြေတယ်နော်။ ဖိနပ်ဒီဇိုင်းမှာ အတွန့်အဖတ် များတာတွေ၊ အရုပ်များတာတွေအစား ရိုးရိုးရှင်းရှင်း တစ်ရံရွေးပါ။ ဒါဆို ကလေးမဆန်တော့ဘဲ စမတ်ကျကျ ဖြစ်နေမှာပါ။

နာရီ

ချစ်လေးတို့ရေ စမတ်ကျကျ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ နာရီ ကောင်းကောင်း တစ်လုံးရှိရင် အကောင်းဆုံးပါနော်။ ချစ်လေးတို့ နာရီရွေးတဲ့အခါမှာ ဖန်စီလှလှလေးတွေအစား ဘာလေးနဲ့တွဲဝတ်ဝတ် သင့်တော်နေစေမယ့် Brand နာရီကောင်းကောင်း တစ်လုံးလောက် ဝယ်ထားပါ။ အပြင်ပွဲတွေ၊ လူကြီးတွေနဲ့ အစည်းအဝေးတွေ သွားတဲ့အခါမှာလည်း သင့်တော်တယ်လေနော်။

(photo: watch topia)

ကိုယ်ဝတ်နေကျလေးတွေ

စမတ်ကျကျ ဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့အဝတ်အစား ရွေးချယ်တာလေးတွေ သတိထားဖို့ လိုတယ်နော်။ ကိုယ်နဲ့ မတော်တာတွေ၊ အသားစိုင်ထွက်နေတာမျိုးတွေ မဝတ်ပါနဲ့။ ဒါတွေက ဘယ်လောက်လှလှ ကိုယ့်ကို စမတ်မဖြစ်စေပါဘူးနော်။ ကိုယ်ဝတ်နေကျ အင်္ကျီအဝတ်အစားတွေကိုပဲ ပိုပြီးကြည့်ကောင်းအောင် ဝတ်ပါ။ အရောင်မတောက်တော့တာတွေ မဝတ်ပါနဲ့။ ဒါက ကိုယ့်ကိုပါ မှေးမှိန်သွားစေတတ်တာကြောင့်ပါ။

အိတ်

ချစ်လေးတို့ရေ အိတ်ရွေးချယ်တဲ့အခါမှာလည်း ကိုယ်နဲ့ လိုက်ဖက်တဲ့ ပုံစံကို ရွေးချယ်ပါ။ အိတ်သေးသေးလေးတွေ ခဏခဏ လဲနေမယ့်အစား ကောင်းကောင်းတစ်လုံးကိုပဲ သေချာရွေးပြီး ဝယ်ပါ။ ဝယ်တဲ့အခါလည်း အရောင်ငြိမ်ပြီး ကိုယ့်အတွက် ဖက်ရှင်ကျပြီး လိုက်ဖက်မယ့် အိတ်ဝယ်ပါ။ ခန္ဓာကိုယ်နဲ့ မလိုက်ဖက်တာတွေ မဝယ်ပါနဲ့နော်။ လွယ်လိုက်တဲ့အခါ ကြည့်မကောင်းတတ်ပါဘူး။ ဒါဆို ဘယ်စမတ်လေဒီ ဖြစ်တော့မလဲ။

(photo: headbangs)

မိတ်ကပ်နဲ့ ဆံပင်အပြင်အဆင်

ချစ်လေးတို့ စမတ်ကျတဲ့ မိန်းကလေးတစ်ဦး ဖြစ်ချင်တယ်ဆိုရင် မိတ်ကပ်နဲ့ ဆံပင်အပြင်အဆင်ကိုလည်း ဂရုစိုက်ဖို့ လိုတယ်နော်။ မိတ်ကပ်ကိုလည်း ပြေပြေပြစ်ပြစ်လေးနဲ့ ကြည့်ကောင်းအောင် လိမ်းပါ။ Over တွေ ပြင်ဆင်တာမျိုး မလုပ်ပါနဲ့၊ ဆံပင်လည်း သေသေသပ်သပ် ဖြစ်နေအောင် အမြဲဂရုစိုက်ပါ။

တကိုယ်ရည်သန့်ရှင်းရေး

ချစ်လေးတို့ စမတ်ကျပြီး ကြည့်ကောင်းတဲ့သူဖြစ်ဖို့ဆိုတာ တကိုယ်ရည် သန့်ရှင်းရေးလည်း အရေးကြီးတယ်နော်။ ခြေလက်တွေ သန့်ရှင်းရေး ဂရုစိုက်ပါ။ ခြေသည်းတွေမှာ သဲတွေဖုန်တွေ ရှိနေတာ၊ အဝါရောင် ခြေသည်းရှည်ရှည်ကြီးတွေ ရှိနေတာက ကြည့်မကောင်းဘူးလေ။ နောက်ပြီး အနံ့လည်း ဂရုစိုက်ပါ။ ချွေးနံ့မထွက်အောင် ဂရုစိုက်ပါ။

 

Comments

0 comments