Advertisement

ကိုယ်တွေနှစ်သက်သဘောကျတဲ့ အနုပညာရှင်တွေ ၀တ်စားထားတာတွေကိုလည်း ဘယ်လိုပုံနဲ့ပြန်လည်ဝတ်ဆင်ရမလဲဆိုတာ ပြန်လည်မျှဝေပေးလိုက်ပါတယ်

jeans and t-shirt outfits

တီရှပ်နဲ့ ဂျင်းထက် ပိုပြီး အထာကျတဲ့ တွဲဖက်ဝတ်ဆင်မှုကတော့ ခုချိန်ထိ မရှိသေးပါဘူး။ အမြဲတမ်းတွေ့နေကျဖြစ်နေလို့ ရိုးသလိုဖြစ်နေမယ်ဆိုရင်လည်း မတူကွဲပြားတဲ့ ပုံစံလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်တာကြောင့် ဘယ်လိုအထာကျကျဝတ်မလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။  ကိုယ်တွေနှစ်သက်သဘောကျတဲ့ အနုပညာရှင်တွေ ၀တ်စားထားတာတွေကိုလည်း ဘယ်လိုပုံနဲ့ပြန်လည်ဝတ်ဆင်ရမလဲဆိုတာ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီတော့ ကိုယ့်မှာရှိတဲ့ ဂျင်းနဲ့ တီရှပ်တွေကို အထာကျကျ အခုပဲ ၀တ်ဆင်ကြည့်လိုက်ရအောင်နော်။

အမိုက်စားကုတ်အကျီင်္လေးနဲ့ ရှူးဒီဇိုင်းမိုက်မိုက်လေး တွဲကြည့်မယ်

How to wear light jeans and a white tee

သိုးမွေးကုတ်အကျီလေးနဲ့ အထာကျကျ ရှူးဖိနပ်လေးက ရိုးရိုးလေးတွဲထားတဲ့ တီရှပ်နဲ့ ဂျင်းကို အမြင်တစ်မျိုးနဲ့ ထူးခြားပြောင်းလဲသွားစေပါတယ်။

 

Tee ကိုဂျင်းထဲထည့်ဝတ်ပြီး အမိုက်စားဖိနပ်အမြင့်လေးနဲ့ တွဲဝတ်မယ်

How to tuck in a white t-shirt

classic jeans နဲ့ tee look ကိုသဘောကျတဲ့သူလား။ ဒါဆို အပေါ်အကျီလေးကိုဂျင်းဘောင်းဘီထဲထည့်ပြိး အမိုက်စားဒေါက်ဖိနပ်အမြင့်လေးနဲ့ တွဲဖက်ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ တောက်ပနေတဲ့အပေါ်ထပ်ကုတ်ကလေးကတော့ ပိုပြီး ၀င့်ကြွားတဲ့အသွင်ကို ပေါ်လွင်စေမှာပါ။

အပေါ်ဝတ်တစ်ထည်နဲ့ ထပ်ဝတ်ပါ

Jessica Alba jeans and a T-shirt

ရာသီဥတုနွေးနွေးထွေးထွေးလေးပုံစံမျိုးဖြစ်နေတယ်ဆိုရင်တော့ အဖြူရောင်ဘလေဇာကုတ်လေးကို ဖိနပ်ဒေါက်အပါးလေးနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါနော်။

အပေါ်က ဂျက်ကက်လေးနဲ့ ထပ်ဝတ်မယ်

How to wear jeans and sneakers

utility jacket လေးထပ်ဝတ်တာကလည်း သကသောင့်သက်သာနဲ့ ခပ်မိုက်မိုက်လေးဆွဲဆောင်မှု ရှိနေတာ အမှန်ပါ။

ကုတ်အရှည်လေးတွေနဲ့ တွဲဝတ်ပါ

Gigi Hadid skinny jean outfit

ကိုယ်ဝတ်နေကျအသွင်အပြင်မှာမှ ဆွဲဆောင်မှုရှိတဲ့ ကုတ်အရှည်လေးရယ် ankle boots လေးနဲ့တွဲဖက်ဝတ်ဆင်ပြီး အထာကျကျဆွဲဆောင်မှုရှိတဲ့ သူလေးဖြစ်ပါစေနော်။

Comments

0 comments
Advertisement