Advertisement

မထင်မှတ်ထားတဲ့ ဖိနပ်နဲ့ အကျီအတွဲလေးတွေပါ။ ဒါပေမယ့် တကယ်ကို လိုက်ဖက်ညီလှပါတယ်…

Photo By DAVID ROEMER

ဒီဖိနပ်နဲ့ ဒီအဝတ်အစားဆိုပြီး သတ်သတ်မှတ်မှတ် ပုံစံကွက်အတိုင်း ဝတ်ဆင်တာမျိုးက  ချီးကျူးစရာဖြစ်ပေမယ့် တစ်ခါတစ်လေ ဝတ်ပုံစားပုံကို ကွဲထွက်အောင် ဖန်တီးတွဲဖက်ဝင်ဆင်တာရဲ့ပါဝါကိုလည်း အထင်သေးလို့မရပါဘူးနော်။

 

Photo By DAVID ROEMER

  1.  ကြိုးသိုင်း ဖိနပ်ပုံစံမျိုးနဲ့ ကိုယ်တိုင်ချုပ် အလုပ်သွားတဲ့ အကျီပုံစံ

ကိုယ့်အနေနဲ့ ဝတ်လို့ဝတ်ထားမှန်းတောင် မသိသာတဲ့ ခြေချင်းဝတ်ကို ကြိုးသိုင်းဝတ်ရတဲ့ ဖိနပ်ပုံစံမျိုးကို သေချာပေါက် ဆွဲဆောင်မှုရှိတဲ့ အဝတ်အစားမျိုးနဲ့ ဝတ်ချင်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ့ ဖိနပ်လေးတွေက  အလုပ်သွားတဲ့ အဝတ်အစားနဲ့ တွဲဖက်ဝတ်ဆင်ရင်လည်း အလွန်တရာမှကို ခေတ်မီတဲ့ပုံစံပေါက်ပါတယ်။ ရုံးသွားနေကျ ဘောင်းဘီအရှည်အပွပုံစံကို အကျီလက်ပွပွကြီးကြီး တွဲဝတ်ပြီးရင် အဲဒီ့အရမ်းလှတဲ့ ခြေသိုင်းဖိနပ်လေးကို တွဲစီးလိုက်ပါ။ အစည်းအဝေးခန်းထဲ မဝင်ခင် သိပ်ကို စတိုင်ကျလှပနေတဲ့ ပုံစံမျိုးဖြစ်နေမှာပါ။

Photo By DAVID ROEMER

 

 

  1. ထူပြီးတောင့်ခံတဲ့ လျှောဖိနပ်ပြားနဲ့ အပေါ်အောက်အရောင်ဖျော့ဖျော့ တွဲဝတ်ဆင်ထားတဲ့စတိုင်လ်

အချိုရည်အရောင်နုနုကို ဘောင်းဘီအရောင်နုနုနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့အခါ ကိုယ့်ကို နူးညံ့တဲ့ကောင်မလေးအသွင်ပေးစွမ်းပါလိမ့်မယ်။ အရောင်ဖျော့တွေနဲ့ ဝန်ပိသွားစေတဲ့အတွက် အညိုရောင် သားရေဖိနပ်နဲ့ ပြိုးပြိုးပြက်ပြက် ရှူးဖိနပ်ပုံစံက ကိုယ့်စတိုင်ကို မှေးမမှိန်သွားစေဖို့ ကူမှ ရပါတော့မယ်။ အဓိကကတော့ ပြောင်လက်နေတဲ့ ဖိနပ်ပေါ်က သတ္တုပုံစံ နှင်းဆီပန်းလေးတွေကြောင့်ပါပဲ။

Photo By DAVID ROEMER

  1. T ပုံစံ ကြိုးတစ်ချောင်း ဖိနပ်ပြားပုံစံမျိုးနဲ့ ခန္ဓာကိုယ်ကို ပုံစံကျလှပစေမယ့် ပုံရိပ်အမည်းကြားပါတဲ့ ဝတ်စုံပုံစံ

အနောက်ကနေသိုင်းဖက်ချင်စရာခန္ဓာကိုယ် ပုံစံမျိုးပေါ်လွင်စေတဲ့ အဝတ်အစားမျိုးကတော့  ဘယ် Date သွားသွား သင့်တော်တဲ့ပုံစံပါပဲ။ (သူငယ်ချင်းတွေနဲ့ သွားသောက်တဲ့ ဒိတ်ဖြစ်စေ၊ ချစ်သူနဲ့ ဒိတ်ဖြစ်စေ) Chic ဖြစ်တဲ့ ဝတ်စုံလေးနဲ့  T-bar ပုံစံ ကြိုးဖိနပ်ပြားလေးတွဲဖက်ဝတ်ဆင်လိုက်ပါ။ ဒါဟာကိုယ့်ကို ခေတ်ဆန်ပြီး ကြော့မော့စေနေမှာလည်းဖြစ်ပါတယ်။ ဒီ sandal ကြိုးသိုင်းလေးတွေဟာ စွယ်စုံအသုံးဝင်တဲ့ဖိနပ်လေးတွေလည်း ဖြစ်ပါတယ်။ ဒီသတ္တုတစ်လုံးပါ ဆွဲကြိုးလေးနဲ့ဆိုပြောစရာတောင် မလိုတော့ဘူးနော်။

Photo By DAVID ROEMER

  1. ကြိုးလေးချောင်း ဖိနပ်ပြားလေးနဲ့ အဖြူရောင်ခေါင်းစွပ်ဂါဝန်

ပန်းပု ထုထားသလိုကို လှပလွန်းတဲ့ ဒီဖိနပ်ပါးလေးတစ်စုံနဲ့ ကိုယ့်ရဲ့ ဖက်ရှင်ကျလှပနေတဲ့ Dress ကို ပေါင်းဖက်လိုက်ရင်ဖြင့် အင်မတန့်အင်မတန်မှကို High Fashion ကျတဲ့ ဒီဇိုင်းကာလာအနေအထားမျိုးကို ပေးစွမ်းပါတယ်။ ဒီလိုမျိုး လိုက်ဖက်တဲ့ ဖက်ရှင်ကြောင့် ကိုယ့်ကိုကိုယ် မော်ဒယ်ရှိုးလျှောက်နေသယောင်ယောင်တောင် စိတ်ထင်နေစေမှာပါ။

Photo By DAVID ROEMER

  1. အဆင့်မြင့်ပြီးခန့်ညားတဲ့ သားရေဖိနပ်ပြား နဲ့ ပန်းပုကျေးရုပ်ပုံစံထုဆစ်ထားတဲ့ဝတ်စုံဒီဇိုင်း


ကျောင်းသူတစ်ယောက်အလား ထင်မှတ်စေလောက်မယ့် ဒီချည်သားဝတ်စုံ တိုတိုပြတ်ပြတ်လေးတွေဟာ  ပန်းပုထုထားတဲ့အလား သေချာချုပ်လုပ်ထားတဲ့ ဟောဒီ့ သားရေဖိနပ်ပြားလေးနဲ့တော့ အရမ်းကို အံကိုက်ဖြစ်လို့နေပါပြီ။ အရမ်းကိုလိုက်ဖက်တင့်တယ်တဲ့ ဒီဝတ်စုံနဲ့ ဖိနပ်စုံတွဲလေးဟာဆိုရင်ဖြင့်  ကိုယ့်ပင်ကိုစရိုက်နဲ့ စိတ်ခံစားချက်ကိုပါဖော်ပြနေသလို ဖြစ်နေမှာပါ။  အရမ်းကို ခေတ်ဆန်ပြီး စမတ်ကျတဲ့ဖက်ရှင်ပါပဲ။ သားရေဖိနပ်ရဲ့အနောက်မှာလည်း ရွှေရောင်သတ္တုတွေနဲ့ပုံဖော်ထားတာကိုလည်း တွေ့နိုင်မှာပါ။

Reference : ELLE

 

 

Comments

0 comments