Advertisement

ကိုယ်ကြိုက်တဲ့ brand  ကွာလတီကောင်းကောင်း ၊ ချုပ်ရိုးချုပ်သားကောင်းကောင်းနဲ့ ပုံစံကျကျဝတ်စုံလေးတွေက ကိုယ့်ရဲ့ရုံးတက်နေ့တွေအတွက် အမြဲစမတ်ကျ လှပနေစေမှာပါ

ယူနီဖောင်းမ၀တ်ရတဲ့ကုမဏီတွေဆို တစ်ပတ်မှာတစ်ရက်နဲ့တစ်ရက် အကျီင်္၊ အ၀တ်အစားမတူအောင် ၀တ်ဖို့ပြင်ဆင်ရတာလည်း လွယ်တော့မလွယ်ပါဘူး။ အလုပ်များတဲ့သူတွေအနေနဲ့ စတိုင်လ်လည်းကျ သက်သောင့်သက်သာရှိရှိ ၀တ်ဆင်နိုင်ဖို့ အ၀တ်အစားရွေးချယ်ရတာကလည်း အချိန်ပေးရပါတယ်။

ဒီတော့ ကိုယ်ကြိုက်တဲ့ brand တွေကို လုပ်ငန်းခွင်မှာဝတ်ဆင်ဖို့အတွက် အခြေခံအနေနဲ့ ရွေးချယ်ဝတ်ဆင်ကြပါတယ်။ ကိုယ်ကြိုက်တဲ့ brand  ကွာလတီကောင်းကောင်း ၊ ချုပ်ရိုးချုပ်သားကောင်းကောင်းနဲ့ ပုံစံကျကျဝတ်စုံလေးတွေက ကိုယ့်ရဲ့ရုံးတက်နေ့တွေအတွက် အမြဲစမတ်ကျ လှပနေစေမှာပါ။  ဒီတော့ ကိုယ့်မှာရှိတဲ့ ၀တ်စုံတွေထဲကမှ (၁၀) စုံလောက်ကိုပဲ တစ်ရက်နဲ့တစ်ရက်မထပ်အောင် ဘယ်လိုဝတ်ဆင်မလဲဆိုတာ ဖက်ရှင်ဒီဇိုင်နာအကြံပေး Jac Cameron က ရက်သတ္တပတ် (၂) ပတ်စာဝတ်ဆင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာလေးတွေကို ပြောပြထားပါတယ်။

အောက်မှာဖော်ပြထားတာလေးတွေကတော့ စက္ကန့်(၃၀) အတွင်း စတိုင်လ်ကျလှပစေတဲ့ ရုံးဝတ်စုံ အတွဲလေးတွေပါပဲ။

 

အပေါ်အတွင်းအကျီင်္ပေါ့ပေါ့ပါးပါးလေးကို ချုပ်ရိုးချုပ်သားကောင်းမွန်တဲ့ ဘောင်းဘီရှည်လေးနဲ့တွဲပြီး အပေါ်ထည်အကျီအရှည်လေးနဲ့ လိုက်ဖက်အောင်တွဲစပ်ထားတာ ဖြစ်ပါတယ်။

ဆွယ်တာအကျီင်္လက်တိုလေးကလည်း အနက်ရောင်စကတ်ရှည်လေးနဲ့ လိုက်ဖက်ညီနေပါတယ်။

Shirt dress အရှည်လေးကို ပိုးသားအကျီလက်ပြတ်လေးရယ် ၊ဂျင်းဘောင်းဘီရယ်နဲ့တွဲဖက်ထားတာဖြစ်ပါတယ်။

ပွင့်ရိုက်စကတ်ထည်လေးဝတ်ဆင်တဲ့အခါ ကျန်တဲ့အထည်တွေကို အဖြူရောင်အပေါ်အတွင်းခံ အကျီင်္ရယ် အပေါ်ထပ်တစ်ထည်ရယ်နဲ့ သဘာဝကျကျလေး တွဲဖက်ထားတာဖြစ်ပါတယ်။

ဒီအတွဲမှာတော့ shirtdress ကိုအပေါ်ထပ်အနေနဲ့ ရုံးဝတ်အသွင်ပြောင်းထားတာတွေ့ရမှာပါ။

အနက်ရောင်ပွင့်ရိုက်စကတ်လေးနဲ့ အဖြူရောင်အကျီင်္လက်တိုလေးကတော့ မနက်ပိုင်းရုံးခန်းကနေ ညနေခင်းတွေ့ဆုံပွဲတွေအထိ အထာကျကျလှပနေစေမှာပါ။

ပုံမှန်နေ့တွေထက်ထူးထူးခြားခြားလေးဖြစ်နေချင်တယ်ဆိုရင်တော့ ပိုးသားအကျီ ဆွယ်တာလက်တိုလေးကို ဂျင်းဘောင်းဘီနဲ့တွဲပြီး ဖိနပ်ခုံအပါးလေးနဲ့ အထာကျကျလေး တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Photo: pinterest

Comments

0 comments
Advertisement