Advertisement

ချစ်တို့ရေ နေပူပူမှာ ဖက်ရှင်ကျကျ ဦးထုပ်ဒီဇိုင်းလေးတွေနဲ့ လန်းနိုင်ဖို့ ဘယ်လိုတွဲဖက်ဝတ်ဆင်ထားရမလဲဆိုတာ သိထားသင့်တယ်နော်။

ဖက်ရှင်ဆိုတာကလည်း ရာသီအလိုက် ပြောင်းလဲဖို့ လိုတယ်နော်။ ဖက်ရှင်မှာလည်း နွေရာသီ၊ မိုးရာသီ၊ ဆောင်းဦးရာသီဆိုပြီး အမျိုးအစား ကွဲကြတယ်လေ။ ခုလို နေပူပူဆိုရင်တော့ ဖက်ရှင်အနေနဲ့ ဦးထုပ်တွေက အသက်ပါပဲ။ မနက်ခင်းပဲ အေးပြီး နေ့လည်ခင်းတွေမှာ ပူတဲ့နေရာမှာ နေတဲ့သူတွေအတွက် ဦးထုပ်နဲ့ ဖက်ရှင်လုပ်မယ်ဆိုရင် ရွေးချယ်စရာ ဒီဇိုင်းတွေ အများကြီး ရှိပါတယ်။ ရွေးချယ်လို့ရမယ့် ဦးထုပ်ဖက်ရှင် (၅) မျိုးကိုလည်း သိထားသင့်တယ်နော်။ ဒါမှ နေပူပူမှာ ဖက်ရှင်ကျကျ လန်းနိုင်မှာ။

 Montana Straw Boater

Montana Straw Boater (photo: www.cosmopolitan.com)

ဒီလိုဦးထုပ်မျိုးက နေပူဒဏ်ကို ကာကွယ်ပေးပြီး ဖက်ရှင်ကျတဲ့ မိန်းကလေးတစ်ယောက် ဖြစ်စေဖို့ အထောက်အကူပြုပေးနိုင်တဲ့ Accessories တစ်မျိုးပါပဲနော်။ ဘောင်းဘီရှည်၊ ဘောင်းဘီတိုလိုမျိုး ပေါ့ပေါ့ပါးပါးရှိတဲ့ ဝတ်စုံတွေနဲ့ ပိုပြီးတော့ လိုက်ဖက်ပါတယ်နော်။ နေပူနေချိန်မှာ ပေါ့ပေါ့ပါးပါးဝတ်ဆင်တာ အကောင်းဆုံးနော်။

 ပန်းပွင့်ပါတဲ့ ဦးထုပ်

 

ဦးထုပ်

ပန်းပွင့်ပါတဲ့ဦးထုပ် (photo: www.cosmopolitan.com)

နေပူဒဏ်လည်း ကာကွယ်ပြီးသား ဖြစ်ပြီး မိန်းမသားဆန်ဆန် လှချင်တယ်ဆိုရင်တော့ ဒီလိုမျိုး ဦးထုပ်လေးတွေ ရွေးလို့ ရတယ်နော်။ ဂါဝန်အတို၊ ဂါဝန်အရှည်လေးတွေနဲ့ လိုက်ဖက်သလို စကတ်တိုလေးတွေနဲ့လည်း လိုက်ဖက်တဲ့ ဒီဇိုင်းပါ။ နေပူဒဏ်ကို ကာကွယ်နိုင်ဖို့အတွက် အနားသတ် ကြီးတာလေး ရွေးချယ်လိုက်ပါ။ ကြိုးစည်းလေးလည်း ပါတော့ ပိုမိုက်တာပေါ့။

Stripe Lieutenant Hat

Stripe Lieutenant Hat (photo: www.cosmopolitan.com)

ဒီလို ဦးထုပ်လေးတွေကတော့ တချို့ မိန်းကလေးတွေ အကြိုက်များပါတယ်။ Pants ဘောင်းဘီကိုမှ အောက်ဘက်အကားပုံစံလေးတွေနဲ့ တွဲဖက် ဝတ်ဆင်လို့ ရပါတယ်။ နောက်ပြီး အင်္ကျီဆိုရင်လည်း တီရှပ်အကျပ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။

အနားပြားကြီးတဲ့ ဦးထုပ်

 

 

အနားပြားကြီးတဲ့ ဦးထုပ်

အနားပြားကြီးတဲ့ ဦးထုပ် (photo: www.cosmopolitan.com)

ဒီလိုဦးထုပ်မျိုးကတော့ မိန်းကလေး အများစုနဲ့ လိုက်ဖက်ပြီး ဝတ်စုံတော်တော်များများနဲ့လည်း တွဲဝတ်လို့ ရပါတယ်။ နောက်ပြီး အနားပြားကြီးတဲ့အတွက် မျက်နှာကို နေပူတာမျိုး၊ နေလောင်တာမျိုး မဖြစ်စေတော့ဘူးပေါ့။

 လျှာထိုးဦးထုပ်

လျှာထိုးဦးထုပ်  (photo: pinterest.com)

ပေါ့ပေါ့ပါးပါး ဆောင်းလို့ရပြီး တကူးတက ရှာဝယ်စရာလည်း မလိုတဲ့ ဒီဇိုင်းပါ။ မိန်းကလေးတွေ တီရှပ်နဲ့ပဲ တွဲဝတ်ဝတ်၊ ဂါဝန်နဲ့ပဲ တွဲဝတ်ဝတ် အဆင်ပြေတဲ့ ဒီဇိုင်းပါပဲ။ နေပူဒဏ်လည်း ကာကွယ်နိုင်တာမို့ ရွေးချယ်သင့်တဲ့ ဒီဇိုင်းတွေထဲက တစ်ခုပါပဲ။

ချစ်တို့ရေ နေပူပူမှာ ဖက်ရှင်ကျကျ ဦးထုပ်ဒီဇိုင်းလေးတွေနဲ့ လန်းနိုင်ဖို့ ဘယ်လိုတွဲဖက်ဝတ်ဆင်ထားရမလဲဆိုတာ သိထားသင့်တယ်နော်။

 

 

Tags: fashionhatseasonal

Comments

0 comments