Advertisement

ကိုယ့်ချစ်ချစ်နဲ့ တက်တူးသေးသေးလေးတွေ ဆင်တူထိုးချင်တယ်ဆိုရင်တော့ အဓိပ္ပါယ်ပြည့်စုံပြီး ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးတွေ ရွေးလို့ရပြီနော်။

တက်တူးသေးသေးလေးတွေ ချစ်ကြလား ချစ်တို့ရေ။ တချို့ တက်တူးထိုးတာ ကြိုက်တဲ့ မိန်းကလေးတွေကတော့ တက်တူးသေးသေးလေးတွေ ထိုးကြတာ များပါတယ်။ အဲဒီလို တက်တူးလေးတွေကို ကိုယ့်ချစ်ရတဲ့သူနဲ့ ဆင်တူ ထိုးရမယ်ဆိုရင်ရော။ တကယ့်ကို အမှတ်တရ အဖြစ်ဆုံး ဖြစ်မှာပါ။ တစ်ခုရှိတာကတော့ ဘယ်လိုပုံစံ ထိုးရမလဲဆိုတာပါ။ ဆင်တူဆိုတော့ နှစ်ယောက်အကြိုက်ဖြစ်ဖို့လည်း လိုတယ်လေနော်။ ဒါကြောင့် ကိုယ့်ချစ်သူနဲ့ ဆင်တူထိုးလို့ရမယ့် တက်တူးပုံစံလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

 ငှက်လေးတွေ

တက်တူးသေးသေးလေးတွေပဲ ဆင်တူထိုးချင်တယ်ဆိုရင်တော့ ဒီလိုပုံစံလေးတွေ ရွေးချယ်လို့ ရတယ်နော်။ တချို့ကတော့ ဆင်ပုံစံသေးသေးလေးတွေ ထိုးတာမျိုးလည်း ရှိပါတယ်။

ဝိုင်ပုလင်းနဲ့ ဝိုင်ခွက်

ဒီပုံစံတက်တူးကတော့ နှစ်ယောက်တစ်ဘဝ ပြည့်စုံတာကို ဖော်ပြထားတဲ့ ပုံစံမျိုးပါပဲနော်။ ဝိုင်ပုလင်းနဲ့ ဝိုင်ခွက် ပုံစံဆင်တတူ မဟုတ်ပေမယ့်လည်း နှစ်ခုလုံး အတူတူ တွဲထားတာက ပိုပြီး ပြည့်စုံတဲ့ အဓိပ္ပါယ်ပါ။

King and Queen

စုံတွဲလေးတို့ရေ တက်တူးဆင်တူထိုးမယ်ဆိုရင်တော့ ဒီလိုမျိုးလေးတွေ ရွေးချယ်လို့ရတယ်နော်။ ဘုရင်နဲ့ဘုရင်မ အတွဲအစပ်လေးပေါ့။ သူ့ဘဝအတွက် ကိုယ်ကမရှိမဖြစ်

နှစ်လွှာပေါင်းမှတစ်ရွက်

 

 

စွယ်တော်ရွက်လေးလို နှစ်လွှာပေါင်းမှ တစ်ရွက် ဖြစ်ချင်တဲ့သူတွေကတော့ ဒီလိုဒီဇိုင်းမျိုး ရွေးချယ်သင့်တယ်နော်။ တက်တူး (၂) ခုကို ထိစပ်လိုက်မှ တစ်ခုတည်း ဖြစ်သွားတဲ့ အဓိပ္ပါယ်ပါ။ စုံတွဲလေးတို့အတွက် တကယ့်ကို အဓိပ္ပါယ်ရှိတဲ့ တက်တူးဒီဇိုင်းတစ်မျိုးပါပဲ။

ချစ်တို့ရေ ကိုယ့်ချစ်ချစ်နဲ့ တက်တူးသေးသေးလေးတွေ ဆင်တူထိုးချင်တယ်ဆိုရင်တော့ အဓိပ္ပါယ်ပြည့်စုံပြီး ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးတွေ ရွေးလို့ရပြီနော်။

Comments

0 comments