Advertisement
ဆံပင်အတို နဲ့ အောင်မြင်ခဲ့တဲ့ ကိုရီးယားမင်းသမီးများ

Kim Tae Hee

Kim Tae Hee ကို ၁၉၈၀ ခုနှစ်မှာ မွေးခဲ့တာ ဖြစ်လို့ အခုဆိုရင် အသက် ၄၁ နှစ်ရှိပြီ ဖြစ်ပါတယ် ။ ရိုက်ခဲ့တဲ့ ဇာတ်ကားပေါင်းများစွာရှိတဲ့ထဲမှ နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတွဲ တွေကဆိုရင်လည်း မြန်မာပရိသတ်တွေ နဲ့ ရင်းနှီးပြီးသားဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

အဆိုတော် Rain ရဲ့ အိမ်ထောင်ရှင်မ ဖြစ်ပြီးနောက် အနုပညာလုပ်ငန်းတွေနဲ့  အလှမ်းဝေးခဲ့ပေမယ့်လည်း တစ်ခေတ်တစ်ခါ က နာမည်ကြီးခဲ့တဲ့ ကိုရီးယား မင်းသမီးတစ်ယောက်ဖြစ်သလို ဆံပင်အတိုနဲ့ ဖက်ရှင်ကျပြီး လိုက်ဖက်တဲ့ သူမရဲ့ ပုံတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်

 

Song Hye Kyo

မြန်မာပရိသတ်တွေ အများစုသိကြတဲ့ အွန်စော ကိုရီးယားမင်းသမီး Song Hye Kyo ကတော့ ဇာတ်လမ်းတွဲပေါင်းများစွာကို ရိုက်ကူးခဲ့သလို အခုအချိန်အထိ လှမြဲလှဆဲ မင်းသမီးတစ်လက်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ မွေးခဲ့လို့ အခုဆိုရင် သူမ အသက် ၄၀ နှစ် ရှိပြီဖြစ်ပါတယ်။

ဆံပင်ပုံစံအမျိုးမျိုး နဲ့ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းပေါင်းများစွာထဲကမှ ဆံပင်အတိုနဲ့ လိုက်ဖက်လွန်းတဲ့ သူမရဲ့ ဖက်ရှင်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်

Kim Go Eun

Kim Go Eun ကတော့ Yumi’s Cells ဇာတ်လမ်းတွဲ နဲ့ လတ်တလောမှာ နာမည်ကြီးတဲ့ မင်းသမီးလေး ဖြစ်ပါတယ် ။

သူမရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွေများစွာမှာ သူမကို ကြည့်လိုက်ရင် ဆံပင်အတိုနဲ့ပဲတွေ့ရတာ များတဲ့ အတွက် ဆံပင်အတိုနဲ့ အင်မတန်လိုက်ဖက်တဲ့ မင်းသမီးဖြစ်သလို သူမနာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်လိုက်ရင်လည်း ဆံပင်တိုနဲ့ပဲ ဖြစ်နေတာတွေ့ရမှာပါ

Kim Dami

Kim Dami ကတော့ မျက်နှာသစ် ကိုရီးယားသရုပ်ဆောင်တစ်ယောက်အနေနဲ့ ၂၀၂၀ ခုနှစ်  (Itaewon Class) မှာ ပရိသတ်ရင်ထဲရောက်ရှိခဲ့သူ ဖြစ်ပါတယ် ။ တကယ်တော့ သူမဟာ ၂၀၁၈ ခုနှစ် The Witch Part 1 မှာထဲ က သရုပ်ဆောင်ကောင်းခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

သူမ နာမည်ရခဲ့တဲ့ ဇာတ်ကားနှစ်ကားလုံးမှာ ဆံပင်တို ပုံစံနဲ့ တွေ့မြင်ရတာ ဖြစ်ပြီး အခုလက်ရှိပြသနေတဲ့ Our Beloved Summer (2021)  မှာတော့ ဆံပင်ကြောလည်လောက်ပုံစံ နဲ့ တွေ့မြင်ရတာဖြစ်ပြီး အရှေ့က ဇာတ်ကားတွေလောက်တော့ အောင်မြင်မှုထင်သလောက်ရရှိတာကို မတွေ့ရပါဘူး

 

Tags: hair fashion

Comments

0 comments