Advertisement

 မင်္ဂလာဆောင်ပွဲတက်ရင် ကိုယ့်ရဲ့အဝတ်အစား ဖက်ရှင်တွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရအောင် ရှောင်ရမှာလေးတွေ ဖတ်ပြီးမှ ပွဲတက်မယ့်အဝတ်အစား ရွေးပါနော်။

ချစ်တို့ရေ ဘယ်နေရာပဲရောက်ရောက် ဖက်ရှင်ကျကျ လှပနေအောင် ပြင်ဆင်တယ်ဆိုပေမယ့် ကိုယ်တက်မယ့်ပွဲလမ်းရဲ့ နေရာကိုကြည့်ပြီး အဝတ်အစား ရွေးချယ်တတ်ဖို့ လိုတယ်နော်။ ဒါမှလည်း ကိုယ်ဝတ်တဲ့ အဝတ်အစားနဲ့ သွားမယ့်နေရာက လိုက်ဖက်မှုရှိမယ့်အပြင် ပိုပြီးတော့ ကြည့်ကောင်းမှာပါ။ ဒီတော့ မင်္ဂလာဆောင်ပွဲတွေ သွားရင် ချစ်လေးတို့ ရှောင်ဝတ်ရမယ့် အဝတ်အစားဖက်ရှင်တွေအကြောင်း ပြောပြမယ်နော်။

အရောင်

မင်္ဂလာဆောင်တွေ သွားမယ်ဆိုရင် အတတ်နိုင်ဆုံး အနက်ရောင်ကို ရှောင်ပါနော်။ တချို့က မင်္ဂလာဆောင်ကို အနက်ရောင် ဝတ်လာတာမျိုး မကြိုက်ဘူးနော်။ အနက်ရောင် ဝတ်ချင်တယ်ဆိုရင်လည်း တခြားလင်းစေမယ့် အရောင်တစ်ရောင်ရောင်နဲ့ တွဲဖက်ပြီးမှသာ ဝတ်ပါ။ အနက်ရောင် အင်္ကျီပြောင်တော့ မရွေးချယ်ပါနဲ့။

အရောင်

အရောင် (photo: .shutterfly.com)

တောက်လွန်း၊ ဖျော့လွန်းတာ

မင်္ဂလာဆောင်ဆိုတာ တကယ့်ကို တောက်တောက်ပပ ဝတ်လာကြတာမလား။ ဒါပေမယ့် ကိုယ်ရွေးချယ်လိုက်တဲ့ အရောင်က လိမ္မော်ရောင် အရင့်ကို ခြေအစခေါင်းအဆုံး ရွေးချယ်ထားရင်တော့ တောက်လွန်းနေပြီလေနော်။ ဒါဆိုရင်တော့ ကိုယ်တစ်ယောက်တည်း ထင်းထင်းကြီး ဖြစ်နေပြီး ပွဲမှာ သိပ်ကြည့်ကောင်းမှာ မဟုတ်ဘူးလေ။ အဲဒီလိုပဲ အရောင်ဖျော့ဖျော့လေးလည်း မဝတ်သွားပါနဲ့။

ပုံမှန်ဝတ်နေကျ အဝတ်အစားတွေ

မင်္ဂလာဆောင် သွားတဲ့အခါ ပုံမှန်ဝတ်နေကျ တီရှပ်တွေ ဝတ်သွားတာမျိုး မလုပ်နဲ့နော်။ တခြားဧည့်သည်တွေလည်း ရှိနေမှာဆိုတော့ ကိုယ့်ရဲ့ဖက်ရှင်က ဂွမ်းနေလို့ မဖြစ်ဘူးလေ။ တီရှပ်တွေ၊ စကပ်ဖားဖားကြီးတွေ မဝတ်ပါနဲ့။

ပုံမှန်ဝတ်နေကျ အဝတ်အစားတွေ

ပုံမှန်ဝတ်နေကျ အဝတ်အစားတွေ (photo: .shutterfly.com)

တိုလွန်း၊ ဟိုက်လွန်းတာ

မင်္ဂလာဆောင်က မနက်ခင်းပွဲဆိုရင် လူကြီးပိုင်းဧည့်သည်တွေလည်း ရှိနေနိုင်တယ်လေ။ အဲဒီတော့ သူတို့နဲ့ တဝိုင်းတည်း ထိုင်လိုက်ရတာမျိုးလည်း ရှိနိုင်သလို ဓါတ်ပုံတွဲရိုက်မိတာမျိုးလည်း ဖြစ်နိုင်တာပါပဲ။ ဒီတော့ ကိုယ့်ရဲ့ အဝတ်အစားက တိုလွန်း၊ ဟိုက်လွန်းနေရင် ကိုယ်လည်း အနေအထိုင်ရ ကျပ်သလို အဆင်လည်း မပြေနိုင်ပါဘူး။ လူကြီးတွေကို အားနာမိနေတာမျိုး ဖြစ်နေမှာပါ။ ဒါကြောင့် ခန္ဓာကိုယ် ပေါ်စေမယ့် ဖက်ရှင်တွေ မရွေးချယ်ပါနဲ့။

တိုလွန်း၊ ဟိုက်လွန်းတာ

တိုလွန်း၊ ဟိုက်လွန်းတာ (photo: .shutterfly.com)

သတို့သမီးအဆင်

သတို့သမီးလေးက ကိုယ်နဲ့ ရင်းနှီးတဲ့သူဆိုရင် သူဘာရောင်လေး ဝတ်မှာလဲဆိုတာ နည်းနည်းပါးပါး တီးခေါက်ကြည့်ပါ။ အတတ်နိုင်ဆုံး အရောင်မတူတာလေး ဝတ်ပါ။ သတို့သမီးလေးက မင်္ဂလာပွဲမှာ အထင်းဆုံး ဖြစ်နေဖို့ လိုတယ်လေ။ အဖြူရောင်တို့ ပန်းရောင်တို့ အတတ်နိုင်ဆုံး ရှောင်ပါ။ ဒါက သတို့သမီးအများစု ရွေးချယ်ဖြစ်ကြတဲ့ အရောင်လေးတွေမလို့ပါ။ မတူနေမှ မင်္ဂလာမောင်နှံနဲ့တွဲရိုက်တော့လည်း အရောင်ကွဲလေး ဖြစ်နေမှာပါ။

 မင်္ဂလာဆောင်ပွဲတက်ရင် ကိုယ့်ရဲ့အဝတ်အစား ဖက်ရှင်တွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရအောင် ရှောင်ရမှာလေးတွေ ဖတ်ပြီးမှ ပွဲတက်မယ့်အဝတ်အစား ရွေးပါနော်။

Comments

0 comments