Advertisement

ချစ်တို့ရေ စာကြည့်မျက်မှန် ရွေးတဲ့အခါ သိသင့်တဲ့ အချက်(၃) ချက်ကို ပြောပြပေးလိုက်ပါတယ်နော်။

မျက်စိက အရင်လို ကြည့်မကောင်းဘူး ဖြစ်နေပြီလား။ အနီးကြည့်ကြည့် အဝေးကြည့်ကြည့် မှုန်ဝါးနေပြီဆိုရင်တော့ မျက်စိဆေးခန်းပြပြီး လိုအပ်ရင် စာကြည့်မျက်မှန် တပ်ဖို့ လိုလာပါပြီ။ ဒီတစ်ခါမှာတော့ ကိုယ်နဲ့ လိုက်ဖက်မယ့် စာကြည့်မျက်မှန် ဘယ်လိုရွေးချယ်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

မျက်မှန်ကိုင်း

စာကြည့်မျက်မှန်က တောက်လျောက်တပ်ရတာမျိုးလည်း ဖြစ်နိုင်တာမလို့ အရေးကြီးတဲ့ မျက်မှန်ကိုင်းကို သေချာရွေးဖို့ လိုပါတယ်။ ကိုင်းမှာလည်း သေးတာ ကြီးတာ ကွာလတီ အများကြီး ရှိတဲ့အပြင် ကိုယ့်ရဲ့ နားထင်စပ်နေရာတွေနဲ့ အမြဲ ထိတွေ့နေရမှာ ဖြစ်လို့ နာကျင်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် မျက်မှန် ရွေးချယ်တဲ့အခါ မျက်မှန်ကိုင်းကို သေချာရွေးချယ်ပါ။ ကိုင်းပေါ့ပေါ့နဲ့ အဖျားမှာ အလုံးမကြီးတာမျိုး ရွေးပါ။ ဒါဆိုရင် အချိန်ကြာကြာ တပ်လို့ နားထင်စပ်နာတာမျိုး မဖြစ်ပါဘူး။

မျက်မှန် မှန်ရွေးတဲ့အခါ

မျက်မှန် မှန်ရွေးတာကလည်း အရေးကြီးတဲ့ တစ်ချက်ပါပဲ။ မျက်မှန် မှန် ရွေးတာက မျက်မှန်ကိုင်းနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။ မျက်မှန်ကိုင်းသေးရင် အသုံးပြုတဲ့ မှန်တွေကလည်း ပါးတတ်တာမလို့ မျက်စိအားစိုက်ရတာ နည်းစေပါတယ်။ မျက်မှန် မှန်တွေမှာ လက်တော့နဲ့ ဖုန်းလိုမျိုးကနေ လာတဲ့ အလင်းတွေ ထိုးဖောက်နိုင်တာ၊ မဖောက်နိုင်တဲ့အပေါ် မူတည်ပြီး ကွဲပါတယ်။ ကိုယ်က လက်တော့နဲ့ အလုပ်လုပ်ရတဲ့သူဆိုရင်တော့ အလင်းတွေ မထိုးဖောက်နိင်တာကို  ရွေးချယ်ပါ။ စေ◌ျးပိုပေးရနိုင်ပေမယ့် မျက်စိကျန်းမာရေးကို ဂရုစိုက်ပါ။

www.mapleridgeeyecare.c

ဒီဇိုင်းရွေးချယ်တဲ့အခါ

ဒီဇိုင်း ရွေးချယ်တဲ့အခါမှာတော့ ကိုယ့်မျက်လုံးအိမ်နဲ့ ကွက်တိဖြစ်တာလေးတွေ ရွေးချယ်ပါ။ အရမ်းကြီးတာမျိုးကြီး ရွေးမိရင် မျက်နှာတစ်ခုလုံး မျက်မှန်ပဲ ကွက်မြင်နေရတတ်ပါတယ်။ လေးထောင့် ကျတဲ့ မျက်မှန်ပုံစံတွေက ကိုယ့်ကို အသက်ပိုကြီးရင့်စေသလို ခံစားရစေနိုင်တာမို့ နုချင်တဲ့ပုံလေး လိုချင်ရင် လေးထောင့်ပုံရှောင်ပါ။ နောက်တစ်ခုကတော့ အဖြူရောင်ကိုင်းပုံစံလေးတွေ တပ်တာပါ။ ခုနောက်ပိုင်းမှာ အရမ်းလည်း ခေတ်စားတာမို့ အဲဒီလို ပုံစံလေးတွေ ရွေးချယ်လို့ ရပါတယ်။ သူကတော့ မျက်နှာ အရမ်းမသွယ်တဲ့ မျက်နှာကျလေးတွေနဲ့ လိုက်ဖက်ပါတယ်။

 

Tags: fashionglasses

Comments

0 comments