Advertisement

ချစ်တို့ရေ နာရီဆိုတာလည်း ဖက်ရှင်တစ်မျိုးမလို့ ကိုယ့်အကြိုက်၊ ကိုယ့်ဒီဇိုင်း တစ်လုံးလောက်တော့ ရှိသင့်တယ်နော်။

ချစ်တို့ရေ နာရီဆိုတာကလည်း ကိုယ့်အတွက် လိုအပ်တဲ့ ပစ္စည်းတစ်မျိုးပဲလေ။ ချစ်တို့ရေ နာရီဆိုတာလည်း ရွေးချယ်တတ်ရင် ဖက်ရှင်တစ်မျိုးပဲမလို့ ဒီဇိုင်းလေးတွေ ဖော်ပြပေးလိုက်တယ်နော်။

အဖြူရောင်ဒီဇိုင်း

ချစ်တို့ရေ ဒိုင်ခွက်ရော လက်ပတ်ကြိုးမှာပါ  အဖြူရောင်ကို သုံးထားတာပါ။ ဒီလို ဒီဇိုင်းတွေကတော့ နာရီပုံစံပိုပေါ်ချင်တယ် ပတ်ထားရင် ခပ်ထင်းထင်း ဖြစ်စေချင်တဲ့သူတွေအတွက် အရွေးချယ်သင့်ဆုံးပါ။

Leather

Leather ကြိုးဒီဇိုင်းကတော့ နာရီချစ်သူတွေ မလွန်ဆန်နိုင်တဲ့ ဒီဇိုင်းတစ်မျိုးပါပဲနော်။ ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း ဘာတွေပဲ ဒီဇိုင်းသစ်ထုတ်ထုတ် Leather ကြိုးဒီဇိုင်းကတော့  သစ်လွင်နေဆဲပါပဲ။ ရိုးရိုးရှင်းရှင်း ကြိုက်ရင် ဒါလေး ရွေးနော်။

စိန်ကျောက်စီ နာရီ

စိန်ကျောက်စီထားတဲ့ နာရီတွေတော့ ခုနောက်ပိုင်းမှာ ပိုပြီးလူကြိုက်များလာတယ်နော် ချစ်တို့ရေ…။ မိန်းကလေးဆန်ဆန်လေး ပတ်ချင်တယ်ဆိုရင်တော့ ဒီလိုဒီဇိုင်းမျိုး ရွေးပါ။

လူငယ်ဆန်ဆန်

ချစ်တို့ရေ နာရီကို လူကြိုက်များပြီး လူငယ်ဆန်ဆန် ပတ်ချင်ရင်တော့ ဒီလို ဒီဇိုင်းမျိုး ရွေးလို့ ရတယ်နော်။  rose gold အရောင်လေးဆိုတော့ ချစ်တို့ကြိုက်မှာ သေချာပါတယ်။

 

Tags: fashionwatch

Comments

0 comments