ထိုင်မသိမ်းဝတ်မယ့် သတို့သမီးလေးတို့အတွက် လက်ကိုင်ပန်း

by: Phyo Pyae Thu
 0 comments  0 love

သတို့သမီးလေးတို့ရေ လက်ကိုင်ပန်း ရွေးတဲ့အခါမှာ ထိုင်မသိမ်းအရောင်ကိုကြည့်ပြီး ရွေးချယ်ပေးနော်။ လက်ပွေ့ပန်းနဲ့ လက်ကိုင်ပန်းလေးလည်း ရွေးချယ်လို့ ရပါတယ်။

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲမှာ ကိုယ့်ရဲ့အလှအပတွေကို ပေါ်လွင်စေမယ့် အရာတွေထဲမှာ လက်ကိုင်ပန်းလေးက မရှိမဖြစ်ပဲလေ။ လက်ကိုင်ပန်းလေး ကိုင်ထားမှ ပွဲလာဧည့်ပရိသတ်တွေထဲက ကွဲထွက်နေမှာနော်။ ဒီတော့ သတို့သမီးလေးတို့အနေနဲ့ လက်ကိုင်ပန်းကို သေချာလေး ရွေးသင့်ပါတယ်။ ထိုင်မသိမ်း ဝတ်မယ့် သတို့သမီးလေးတွေအတွက် လိုက်ဖက်မယ့် လက်ကိုင်ပန်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

အဖြူရောင်၊ ငွေမင်ရောင်နဲ့ လိုက်ဖက်တဲ့ လက်ကိုင်ပန်း

သတို့သား၊ သတို့သမီးလေးတို့ရေ အဖြူရောင်၊ ငွေမင်ရောင်လိုမျိုးတွေ ရွေးချယ်ထားတယ်ဆိုရင်တော့ လက်ကိုင်ပန်းမှာ ရွေးချယ်စရာ အများကြီး ရှိမှာပါ။ သူက ပန်းရဲ့ ဘယ်အရောင်နဲ့မဆို လိုက်ဖက်တယ်လေနော်။ ဒေလီယာ ပန်းအနီရောင်လေးတွေနဲ့ လိုက်ဖက်သလို ဘိသိက်ပန်းအဖြူတွေနဲ့လည်း လှပပါတယ်။ သတို့သမီးလေးတို့ ပန်းပြင်ဆင်ပေးမယ့်သူနဲ့ တိုင်ပင်ပါ။ သတို့သားရဲ့ ရင်ကပ်ပန်းကိုလည်း လက်ကိုင်ပန်းမှာ ပါဝင်တဲ့ အရောင်နဲ့ ပြုလုပ်လို့ ရပါတယ်။

ထိုင်မသိမ်း အဝါရောင်

ထိုင်မသိမ်းကို အဝါရောင်၊ ရွှေရောင် ရွေးချယ်ထားတယ်ဆိုရင်တော့ ဒီလိုမျိုး လက်ကိုပန်းကို ရွေးချယ်လို့ ရပါတယ်။ လက်ထပ်ပန်းနဲ့ Baby Breath တို့လည်း ပါဝင်တာမို့ ဆန်းဆန်းပြားပြားလေးနဲ့ လှနေမှာ သေချာပါတယ်။

ထိုင်မသိမ်းက အရောင်နုရင်

သတို့သမီးလေးတို့ ရွေးချယ်ထားတဲ့ ထိုင်မသိမ်းက အရောင်နုတယ်ဆိုရင် လက်ပွေ့ပန်း မဟုတ်ဘဲ လက်ကိုင်ပန်းလေး ကိုင်တာမျိုး လုပ်လို့ ရပါတယ်။ အရောင်နုပြီး အရောင်စပ်လေးဆိုရင်တော့ လက်ကိုင်ပန်းကိုလည်း အရောင်စုံတဲ့ ပန်းလေးတွေ ထည့်ပြီး ရွေးချယ်လို့ ရပါတယ်။ နှင်းဆီပန်း၊ ယိုးဒယားနှင်းဆီပန်းလေးတွေ ထည့်လို့ ရပါတယ်နော်။

ထိုင်မသိမ်းက အရောင်ရင့်ရင်

ထိုင်မသိမ်းအရောင်က ရင့်တယ်ဆိုရင်တော့ သတို့သမီးလေးတို့ လက်ကိုင်ပန်းကို နည်းနည်းလေး ဖျော့လို့ ရပါတယ်နော်။ နှင်းဆီပန်း အဖျော့လေးနဲ့ပဲ လက်ကိုင်ပန်းလေး လုပ်လို့ ရပါတယ်။

သတို့သမီးလေးတို့ရေ လက်ကိုင်ပန်း ရွေးတဲ့အခါမှာ ထိုင်မသိမ်းအရောင်ကိုကြည့်ပြီး ရွေးချယ်ပေးနော်။ လက်ပွေ့ပန်းနဲ့ လက်ကိုင်ပန်းလေးလည်း ရွေးချယ်လို့ ရပါတယ်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords