Advertisement

မင်္ဂလာပွဲမှာ လက်ကိုင်ပန်းလေးကိုင်မယ့် သတို့သမီးလေးတို့ လက်ကိုင်ပန်းကြောင့် စိတ်မညစ်ရအောင် စီစဉ်တဲ့အခါမှာ ဒီအချက်တွေ သိထားဖို့ လိုတယ်နော်။

လက်ကိုင်ပန်းဆိုတာ  သတို့သမီးလေးတို့ရဲ့ အလှကို ပံ့ပိုးပေးမယ့် အရာတစ်ခု ဖြစ်တဲ့အပြင် အားလုံးထဲမှာ ထင်ပေါ်နေစေမယ့်အရာလည်း ဖြစ်ပါတယ်နော်။ လက်ကိုင်ပန်း ရွေးချယ်တဲ့အခါမှာလည်း သတို့သမီးလေးတွေ ခေါင်းစားရတာပါပဲ။ အလှဆုံးနဲ့ အကောင်းဆုံး ဖြစ်ဖို့အပြင် ပန်းပညာရှင်နဲ့လည်း အဆင်ပြေမှ ဖြစ်မယ်မလားနော်။ ဒီတော့ လက်ကိုင်ပန်း ရွေးချယ်ရင် ဘာတွေသတိထားရမလဲဆိုတာ ပြောပြမယ်နော်။

ပုံစံနဲ့ ဒီဇိုင်း

သတို့သမီးလေးတို့ရေ  လက်ကိုင်ပန်း ရွေးချယ်တဲ့အခါမှာ ပုံစံတွေ ဒီဇိုင်းတွေ ကွဲပါတယ်။ လက်ကိုင်ပန်းမှာ လက်ပွေ့ပန်း၊ လက်ကိုင်ပန်းလို့လည်း ရှိသလို ဒီဇိုင်းမှာလည်း ပန်းတွေကြား ဘယ်လို Accessories လေးတွေ ထည့်မလဲဆိုတာလည်း စဉ်းစားရမှာပါ။ ကိုယ်နဲ့ လိုက်ဖက်ပြီး ပွဲတစ်လျှောက်လုံး ကိုင်ထားဖို့ အဆင်ပြေတဲ့ လက်ကိုင်ပန်းကို ရွေးချယ်ပါ။

ကုန်ကျစရိတ်

လက်ကိုင်ပန်းရွေးချယ်တဲ့အခါ ကုန်ကျစရိတ်ကိုလည်း မေ့ထားလို့တော့ မရပါဘူးနော်။ ဈေးကြီးတဲ့ ပန်းတွေပဲ သုံးမယ်ဆိုရင်တော့ ကုန်ကျစရိတ်က များနေမှာပါ။ နောက်တစ်ခုကတော့ သတို့သမီးလေးရဲ့ လက်ကိုင်ပန်းကို ကြည့်ပြီး ရင်ကပ်ပန်း၊ အရံတွေရဲ့ ရင်ကပ်ပန်းတွေလည်း ပြုလုပ်မှာမလို့ ကုန်ကျစရိတ်ကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်နော်။

ကုန်ကျစရိတ်

ကုန်ကျစရိတ်  (photo: Bridal Guide Magazine)

အရောင်

သတို့သမီးလေးတို့ လက်ကိုင်ပန်း ရွေးချယ်တဲ့အခါမှာ ဝတ်မယ့်ဝတ်စုံနဲ့ လိုက်ဖက်တဲ့ လက်ကိုင်ပန်း ဖြစ်ဖို့ လိုပါတယ်နော်။ ပန်းတွေမှာလည်း အရောင်စုံအောင် ရွေးချယ်လို့ ရတာမို့ သတို့သမီးလေးတို့ လိုက်ဖက်ညီအောင် တွဲတတ်ရင် အလှဆုံး ဖြစ်မှာပါ။ ပန်းပြင်ပေးမယ့်သူနဲ့လည်း တိုင်ပင်တာမျိုး လုပ်ပါနော်။

အဆူး

ပန်းတွေမှာ  အဆူးပါတတ်တာကို သတိထားပေးနော်။ လက်ကိုင်ပန်း စည်းပေးတဲ့သူက အဆူးတွေဖယ်မှာ သေချာပေမယ့် တခါတလေတော့ မှားပြီး ပါလာတတ်ပါတယ်။ အဆူးတွေ စူးမိရင် သတို့သမီးလေးတို့ မင်္ဂလာပွဲမှာ အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်နော်။

ကြာချိန်

ကြာချိန် (photo: thespruce.com)

ပန်းအနံ့

လက်ကိုင်ပန်းလေးက သတို့သမီးလေးနဲ့ မင်္ဂလာပွဲကျင်းပချိန်တလျှောက်လုံး ရှိနေမှာဆိုတော့ လက်ကိုင်ပန်းရဲ့ ရနံ့တွေ ရနေမှာပါ။ လက်ကိုင်ပန်းကလည်း တစ်မျိုးတည်းနဲ့ စည်းထားမဟုတ်ရင် အနံ့တွေ စုံလင်နေအောင် ရမှာပါ။ အဲဒီရနံ့တွေကြောင့် အဆင်ပြေနိုင်လားဆိုတာလည်း  ကြိုတွေးထားပါ။ တချို့က အနံ့စူးစူးရရင် အသက်ရှူကြပ်တာမျိုး ရှိတတ်တာကြောင့်ပါ။

ကြာချိန်

လက်ပွေ့ပန်းနဲ့ လက်ကိုင်ပန်းဆိုပြီး ရွေးချယ်စရာ(၂) မျိုး ရှိပါတယ်နော်။ လက်ကိုင်ပန်းဆိုရင်တော့ ပြဿနာ မရှိပေမယ့် လက်ပွေ့ပန်းကတော့ အချိန်ကြာရင် လက်မောင်းနည်းနည်း အောင့်လာတတ်ပါတယ်။ သူက တချိန်လုံး ပွေ့ထားရတာကိုးနော်။ လက်ပွေ့ပန်းလေးပဲ ကိုင်ချင်တယ်ဆိုရင်တော့ အရမ်းကြီးလေးအောင် မစီစဉ်ဖို့ လိုပါတယ်။ ဒါမှ သတို့သမီးလေးတို့ အချိန်ကြာကြာ ကိုင်နိုင်မှာပါ။ ဒီအချက်ကို သတိထားပေးနော်။

မင်္ဂလာပွဲမှာ လက်ကိုင်ပန်းလေးကိုင်မယ့် သတို့သမီးလေးတို့ လက်ကိုင်ပန်းကြောင့် စိတ်မညစ်ရအောင် စီစဉ်တဲ့အခါမှာ ဒီအချက်တွေ သိထားဖို့ လိုတယ်နော်။

Comments

0 comments