Advertisement

ကိုယ့်ပွဲနဲ့ လိုက်ဖက်တဲ့ အပြင်အဆင်မျိုးဖြစ်ဖို့နဲ့ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ မများစေဖို့ သတိပြုသင့်တာလေးတွေကိုလည်း ပြောပြပေးချင်ပါတယ်။

ပန်းလေးတွေဆိုတာ ဘယ်လိုနေရာလေးမှာပဲ ရှိနေနေ သူရှိနေတဲ့ နေရာလေးကို ပိုပြီးလှသွားစေတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ ဒါကြောင့် မင်္ဂလာပွဲလေး ပိုလှသွားဖို့ ဆိုတာကလည်း ပန်းလေးတွေရဲ့ အကူအညီ အများကြီး လိုအပ်ပါတယ်နော်။ ဒီတော့ မင်္ဂလာပွဲအတွက် ပန်းအပြင်အဆင်ကို မထည့်မဖြစ် ထည့်ရတော့မှာပေါ့။ သို့ပေမယ့် သတိပြုရမယ့် အရာတစ်ခုကတော့ ပန်းအလှအပြင်အဆင်ဟာ ကိုယ့်ရဲ့ မင်္ဂလာပွဲကို ပိုပြီး လှစေ၊ တင့်တယ်စေတဲ့ အပြင်အဆင်မျိုး ဖြစ်ဖို့ လိုအပ်တယ် ဆိုတာပါပဲ။ ပန်းအလှ အပြင်အဆင်နဲ့ ပတ်သက်သမျှတွေဟာ ပန်းအလှပညာရှင်တွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေသာ ဖြစ်တယ် ဆိုပေမယ့်လည်း သတို့သမီးလေးတို့ သတို့သားလေး တို့အနေနဲ့လည်း ကိုယ့်ပွဲနဲ့ လိုက်ဖက်တဲ့ အပြင်အဆင်မျိုးဖြစ်ဖို့နဲ့ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ မများစေဖို့ သတိပြုသင့်တာလေးတွေကိုလည်း ပြောပြပေးချင်ပါတယ်။

ပန်းလေးတွေမှာ သူ့ရာသီနဲ့ သူ ရှိပါတယ်။ ရာသီအလိုက် ပေါ်တဲ့ ပန်းလေးတွေ သုံးမယ်ဆိုရင် ငွေကုန်ကြေးကျ နည်းတဲ့အပြင် ပန်းတွေကို  လတ်လတ်ဆတ်ဆတ်နဲ့ ပေါပေါများများလည်း ရနိုင်ပါတယ်။ နှင်းဆီပန်းလို ပန်းမျိုးကတော့ မြန်မာနိုင်ငံမှာ အချိန်အခါမရွေး  ပေါပေါများများ ရနိုင်တဲ့ ပန်းတစ်မျိုး ဖြစ်တဲ့အပြင် ပွဲတိုင်း၊ အခမ်းအနားတိုင်းနဲ့လည်း လိုက်ဖက်လို့ပါ။

သတို့သမီးလေးတို့မှာ အကြိုက်ဆုံး ပန်းလေးတွေ ရှိနိုင်ပါတယ်။ သိုပေမယ့် ပန်းကို တစ်မျိုးတည်းသုံးတာထက် နှစ်မျိုး၊ သုံးမျိုး ရောသုံးတာက ပွဲအပြင်အဆင်ကို ပိုပြီး လှပစေသလို ငွေကုန်ကြေးကျကိုလည်း ပိုပြီး ချွေတာနိုင်ပါတယ်။ ဥပမာ ပြောပြရရင် သစ်ခွပန်းချည်းပဲ အများကြီးသုံးတာထက် သစ်ခွပန်းနဲ့ နှင်းဆီပန်းကို ခွသုံးမယ် ဆိုရင် ကုန်ကျစရိတ်က တစ်ဝက်လောက် သက်သာမှာပါ။ပြီးတော့ ပန်းကို ရောသုံးခြင်းအားဖြင့် တစ်ခုခုနဲ့ မလိုက်ဖက်တာတွေ ဖြစ်နိုင်တဲ့ အခြေအနေ နည်းသွားပါလိမ့်မယ်။

စုံတွဲလေးတို့ပန်းအပြင်အဆင် ရွေးချယ်တဲ့အခါမှာ ကိုယ့်ပွဲနဲ့ လိုက်ဖက်တဲ့ အပြင်အဆင်ဖြစ်အောင် ရွေးချယ်ဖို့လိုသလို သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်အတွင်း ဝင်အောင်လည်း ဖန်တီးရမှာ ဖြစ်ပါတယ်။

Comments

0 comments