ပန်းအပြင်အဆင် ပြင်နေချိန်မှာ စုံတွဲလေးတို့ ဘာတွေ စစ်ရမလဲ

by: Phyo Pyae Thu
 0 comments  0 love

ပန်းအပြင်အဆင်ဆိုရင်လည်း ဝန်ဆောင်မှုပေးတဲ့ floral service တွေကို အပ်ကြတာပဲလေ။ အဲဒီလို အပ်ပြီးပြီဆိုရင်တော့ သူတို့ကိုပဲ စိတ်ချထားလိုက်လို့ မရပါဘူးနော်

စုံတွဲလေးတိုင်း မင်္ဂလာပွဲအတွက်ပဲ ဖြစ်ဖြစ်၊ ဆွမ်းကပ် လက်မှတ်ထိုးတာပဲ ဖြစ်ဖြစ် ပန်းအပြင်အဆင် ပြင်ဆင်လေ့ ရှိကြတယ်မလား။ ပန်းအပြင်အဆင်ဆိုရင်လည်း ဝန်ဆောင်မှုပေးတဲ့ floral service တွေကို အပ်ကြတာပဲလေ။ အဲဒီလို အပ်ပြီးပြီဆိုရင်တော့ သူတို့ကိုပဲ စိတ်ချထားလိုက်လို့ မရပါဘူးနော်။ အမှားလေးတွေ နည်းနည်း ရှိနေတတ်တာမျိုး ဖြစ်တတ်တာကြောင့် ပွဲနေ့မှာ လိုက်စစ်ဖို့တော့ လိုပါတယ်။

နာမည်စာလုံးပေါင်း

နာမည်စာလုံးပေါင်း

စုံတွဲလေးတို့ ပြန်စစ်ရမယ့်အထဲမှာ နာမည်စာလုံးပေါင်းလည်း ပါပါတယ်။ တချို့စုံတွဲလေးတွေရဲ့ နာမည်က မှားလွယ်တဲ့ နာမည်၊ တခြားနာမည်နဲ့ ခပ်ဆင်ဆင် ဖြစ်နိုင်တဲ့ နာမည်ဆိုရင် စာလုံးပေါင်း မှားနိုင်တာမို့ သေချာစစ်ဖို့ လိုပါတယ်နော်။ Backdrop မှာပဲဖြစ်ဖြစ်၊ Photo Stand မှာပဲ ဖြစ်ဖြစ် နာမည်နေရာကို သေချာပြန်စစ်ပါ။

ဒီဇိုင်း

စုံတွဲလေးတို့ ပန်းအပြင်အဆင် အပ်ထားတဲ့ဆီက ဆွဲပြထားတဲ့ ဒီဇိုင်း ဟုတ် မဟုတ် အရင်ဆုံး စစ်ပါ။ စုံတွဲလေးတို့ ကိုယ်တိုင်မအားရင်တောင် မိသားစုဝင် တစ်ဦးဦးကို ဖြစ်ဖြစ် စစ်ခိုင်းလိုက်ပါ။ ဒီဇိုင်းက ကိုယ့်ကို ပြထားတဲ့အတိုင်း မဟုတ်ရင် ပြန်ပြောဖို့ လိုပါတယ်။

ဒီဇိုင်း

ပြောထားတဲ့ ပစ္စည်းတွေ ပါ မပါ

စုံတွဲလေးတို့ ယူထားတဲ့ Package ထဲက ပစ္စည်းတွေ ပါ မပါလည်း ပြန်စစ်ပါ။ ပန်းတိုင် အရေအတွက် ပြည့်လား၊ ကိုယ်ပြောထားတဲ့ အရောင်အတွဲအစပ်တွေ ဟုတ် မဟုတ်လည်း စစ်ပါနော်။ နောက်ပြီး သူတို့ ဘာတွေလိုအပ်လဲ ဆိုတာလည်း မေးပါ။

ပစ္စည်း အနာအဆာ

တချို့ ပန်းအပြင်အဆင်တွေမှာ ပြင်ပြီးမှ ကိုယ့်စိတ်တိုင်းကျ မဖြစ်တာမျိုး၊ ကိုယ့်ကို ပြောထားတဲ့ ပစ္စည်း အရည်အသွေး မပြည့်မီတာမျိုး မဖြစ်ရအောင် ပြင်ဆင်နေချိန်မှာ သွားကြည့်တာမျိုး လုပ်ပါ။ ပွဲမစခင်မှာ နိုင်သလောက် လိုက်စစ်ပါနော်။ ဒါမှ အဆင်ပြေမှာပါ။

ပြောထားတဲ့ ပစ္စည်းတွေ ပါ မပါ

Photo booth အပြင်အဆင်

Photo booth အပြင်အဆင်နဲ့ ပတ်သက်ပြီး ကြည့်ရမယ့်အထဲမှာ ပန်းအပြင်အဆင်က ဓါတ်ပုံကို ကွယ်နေလား၊ ပုံက ဝါးနေလား၊ အဆင်ပြေရဲ့လား ဒါတွေလည်း ကြည့်ပါနော်။ ပန်းအပြင်အဆင်က ပုံကို ကွယ်နေတယ်ဆိုရင် ရွေ့ပေးဖို့ ပြောဖို့ လိုရင်လည်း ပြောပါ။

စုံတွဲလေးတို့ ပန်းအပြင်အဆင်နဲ့ ပတ်သက်ပြီး ပွဲနေ့မှာ လိုက်စစ်သင့်တာတွေ စစ်ထားပေးနော်။

photo: To My Dear floral service

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords