Advertisement

စုံတွဲလေးတို့ ပန်းအပြင်အဆင်မှာ ကုန်ကျစရိတ် လျှော့ချမယ် တွေးနေရင် Marry က ပြောပြထားတဲ့ အချက်လေးတွေအတိုင်း လုပ်ကြည့်ပါနော်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ ကျင်းပပြီဆိုရင် ပန်းအပြင်အဆင် လိုလာပြီမလားနော်။ ပန်းအပြင်အဆင်အတွက် ကုန်ကျစရိတ်တွေ သက်သာချင်တယ်ဆိုရင်တော့ ကုန်ကျစရိတ် နည်းစေမယ့် နည်းလမ်းတွေကို ကြိုပြီးတော့ ရှာထားသင့်တယ်နော်။ အကြောင်းစုံကို သေချာ သိတယ်ဆိုရင်တော့ ကုန်ကျစရိတ် သက်သာအောင် လုပ်လို့ ရပါတယ်။

အတုနဲ့ အစစ် မျှသုံးပါ

ပန်းအပြင်အဆင်မှာ အတုတွေချည်းပဲဆိုရင်လည်း မလှဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ အစစ်တွေချည်းပဲ ဆိုရင်လည်း ကုန်ကျစရိတ် ပိုနိုင်ပါတယ်။ ဒါကြောင့် အတုနဲ့ အစစ် မျှသုံးပါ။ အတုပဲ သုံးမယ်ဆိုရင်တော့ Quality ကောင်းတဲ့ အတုတွေ သုံးပေးမယ့် Floral Service ကို ရွေးချယ်ပါ။

ပန်းချပ်

ပန်းအပြင်အဆင်အတွက် ကုန်ကျစရိတ် သက်သာချင်တယ်ဆိုရင်တော့ ပန်းချပ်လုပ်တာမျိုး ရှောင်ပါ။ ပန်းချပ်အမြင့်ကြီးတွေ လုပ်တာက ကုန်ကျစရိတ် ပိုကုန်စေနိုင်ပါတယ်။ အဲဒီအစား Fabric တွေ သုံးပြီး အလှဆင်ပါ။ အဲဒီလိုဆိုရင် ကုန်ကျစရိတ် နည်းနိုင်ပါတယ်။

Photo booth

Photo booth

Photo booth

စုံတွဲလေးတို့ ကုန်ကျစရိတ် သက်သာချင်တယ်ဆိုရင်တော့ ပန်းအပြင်အဆင်မှာ လျှော့ချလို့ ရပါတယ်။ ဒါပေမယ့် Photo Booth ကိုတော့ ကောင်းကောင်း သုံးပါ။ စုံတွဲလေးတွေရော ဧည့်သည်တွေရောက Photo Booth နဲ့ ရိုက်မှာမလား။ အများစုက လျှောက်လမ်းက ပန်းတိုင်တွေနဲ့ မရိုက်ဘူးလေနော်။ ဒီတော့ လျှောက်လမ်းပန်းတိုင်တွေကို လျှော့ပြီး  Photo Booth ကိုတော့ ကောင်းကောင်းသုံးလိုက်ပါ။

သုံးမယ့်ပမာဏ

စုံတွဲလေးတို့ ပန်းအပြင်အဆင်အတွက် သုံးမယ့်ပမာဏကို သေသေချာချာ သတ်မှတ်လိုက်ပါ။ နောက်ပြီး ပန်းပညာရှင်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပါ။ ကုန်ကျစရိတ်ကို သေချာတိုင်ပင်မယ်ဆိုရင် အကောင်းဆုံးနဲ့ အလှဆုံး အပြင်အဆင် ရမှာပါ။

သုံးမယ့်ပမာဏ

သုံးမယ့်ပမာဏ

အရေအတွက် နည်းအောင်

စုံတွဲလေးတို့ရေ လျှောက်လှမ်းနဲ့ စင်ပေါ်မှာ ထားမယ့် ပန်းအမျိုးအစားနဲ့ အရေအတွက် လျှော့တာမျိုး လုပ်ပါ။ စင်ပေါ်မှာ ပန်းအလယ်တစ်အိုးပဲ ထားပြီး အနောက်ဘက် Backdrop မှာ စာလုံးနဲ့အလှဆင်တာမျိုးပဲ လုပ်ပါ။ လျှောက်လှမ်းမှာလည်း ပန်းတိုင်ကို ကျဲကျဲ ထားပါ။ ဒါဆိုရင် အရေအတွက် လျှော့သွားမှာပါ။

စုံတွဲလေးတို့ ပန်းအပြင်အဆင်မှာ ကုန်ကျစရိတ် လျှော့ချမယ် တွေးနေရင် Marry က ပြောပြထားတဲ့ အချက်လေးတွေအတိုင်း လုပ်ကြည့်ပါနော်။

Comments

0 comments