Advertisement

အရင်ဆုံး ပန်းအပြင်အဆင်ထဲမှာ ကြိုက်တဲ့ပုံစံတွေနဲ့ ကုန်ကျတဲ့ ကုန်ကျစရိတ်တွေကို အရင်လေ့လာပါ။ အဲဒီလို လေ့လာပြီးမှ ကုန်ကျခံနိုင်မယ့် ပမာဏကို သတ်မှတ်ထားပါ။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲမှာ မဖြစ်မနေ လုပ်ရမယ့် ကိစ္စရှိပါတယ်။ အဲဒါကတော့ ပန်းအပြင်အဆင်ပါ။ မင်္ဂလာအခမ်းအနား လှလှပပလေး ဖြစ်ဖို့ဆိုတာ ပန်းအပြင်အဆင်ပေါ်မှာ မူတည်တယ်လေနော်။ ဒါပေမယ့်လည်း ပန်းအပြင်အဆင်ဆိုတာ ချဲ့ရင်ချဲ့သလောက် ကုန်ကျတဲ့အရာမို့ ချွေတာဖို့တော့ လိုပါတယ်။ ပန်းအပြင်အဆင်မှာ စရိတ်ချွေတာချင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ ချွေတာလို့ရမလဲဆိုတာ ပြောပြမယ်နော်။

ရာသီပေါ် ပန်းတွေ

သတို့သမီးလေးတို့ ပန်းအပြင်အဆင်အတွက် ရွေးချယ်တဲ့အခါမှာ နိုင်ငံခြားကနေ မှာရမယ့် ပန်းအမျိုးအစားတွေ မရွေးချယ်ပါနဲ့။ ရာသီပေါ် ပန်းတွေနဲ့သာ အလှဆင်ပါ။ တခြားပန်းအတုတွေနဲ့ ရောစပ်ပြီးပေါ့။ နှင်းဆီပန်းဆိုရင် တခြားပန်းတွေထက် ပိုပြီး ပေါပေါများများ ရနိုင်ပါတယ်။ ကံ့ကော်ပန်း၊ စံပယ်ပန်းတွေနဲ့ အလှဆင်တဲ့သူတွေလည်း ရှိပါတယ်။ အဓိကကတော့ နိုင်ငံခြားက ပန်းကို မရွေးပါနဲ့။

Fabric နဲ့ ဘောလုံး (photo: www.mydomaine.com/)

 

Fabric နဲ့ ဘောလုံး

သတို့သမီးလေးတို့ ပန်းအပြင်အဆင်မှာ စရိတ်သက်သာချင်ရင်တော့ ပိတ်စနဲ့ ဘောလုံး ပါတဲ့ အပြင်အဆင်မျိုးကို ရွေးချယ်ပါ။ ပိတ်စနဲ့ ဘောလုံးမှာလည်း စုံတွဲလေးတို့ ကြိုက်တဲ့ အပြင်အဆင်နဲ့ လိုက်ဖက်အောင် ရွေးချယ်လို့ ရတာမို့ ကုန်ကျစရိတ် နည်းနည်းနဲ့ အဆင်ပြေမှာပါ။ ဘောလုံးမှာလည်း သေချာအလှဆင်လို့ ရတာမို့ ပညာရှင်နဲ့ သေချာညှိနှိုင်းထားဖို့တော့ လိုပါတယ်။

ပန်းအပြင်အဆင်မှာ စရိတ်ချွေတာလို့ ရအောင် (photo: www.mydomaine.com/)

ပန်းပညာရှင်ရဲ့ အကြံပြုချက်

ပန်းအပြင်အဆင်မှာ စရိတ်ချွေတာချင်တယ်ဆိုရင်တော့ ပန်းပညာရှင်ရဲ့ အကြံပြုချက်တွေကို အရင်ဆုံး နားထောင်ပါ။ အရင်ဆုံး ကိုယ့်ဘက်ကနေ ဟိုလိုမကြိုက်ဘူး၊ ဒီပန်းမလိုချင်ဘူးလို့ မပြောပါနဲ့။ ဒီလိုမျိုး ပြောလိုက်ရင် ပန်းပညာရှင်က စီစဉ်ပေးရတာ ခက်နိုင်ပါတယ်။ သူရဲ့အကြံပြုချက်တွေကို လက်ခံပြီးမှသာ ကိုယ်ဖြစ်ချင်တာတွေကို တိုင်ပင်ပါ။

ပန်းပညာရှင်ရဲ့ အကြံပြုချက်(photo: www.mydomaine.com/)

ကုန်ကျခံမယ့် ပမာဏ သတ်မှတ်ပါ

စုံတွဲလေးတို့ အရင်ဆုံး ပန်းအပြင်အဆင်ထဲမှာ ကြိုက်တဲ့ပုံစံတွေနဲ့ ကုန်ကျတဲ့ ကုန်ကျစရိတ်တွေကို အရင်လေ့လာပါ။ အဲဒီလို လေ့လာပြီးမှ ကုန်ကျခံနိုင်မယ့် ပမာဏကို သတ်မှတ်ထားပါ။ ပြီးရင် အဲဒီပမာဏအတိုင်း လုပ်ဆောင်ပေးနိုင်မယ့် ပန်းပညာရှင်နဲ့ တွေ့ဆုံပါ။ လိုတိုးပိုလျှော့တွေ ညှိနှိုင်းပါ။ ဒါမှ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မှာပါ။

ပန်းအပြင်အဆင်အတွက် ငွေပိုကုန်တာ မရှိချင်ရင် ဒါလေးတွေ သိထားပေးနော်။

Comments

0 comments