Advertisement

ပန်းအပြင်အဆင်အပ်တဲ့အခါမှာ အရေးကြီးတဲ့အချက်တွေကို သိထားမှ ပွဲတစ်ခုလုံး လှလှပပလေး ဖြစ်နေမှာပါနော်။ ဒါကြောင့် သတိထားရမယ့်အချက်တွေကို ဖတ်ကြည့်ပေးပါဦး။

မင်္ဂလာပွဲ ပန်းအပြင်အဆင်ဆိုတာကလည်း ကိုယ့်ရဲ့ မင်္ဂလာပွဲတစ်ခုလုံးကို ကြီးကျယ်ခမ်းနားစေတဲ့ ပုံရိပ်ပဲမလားနော်။ မင်္ဂလာပွဲမှာ ပြင်ဆင်တဲ့အခါမှာ အရေးကြီးတဲ့အချက်တွေကို သေချာပြင်ဆင်ထားနိုင်မှသာ စုံတွဲလေးတို့ ငွေကြေးကုန်ရကျိုး နပ်မှာဖြစ်သလို ခန်းမရဲ့ အလှတရားကလည်း ပေါ်လွင်မှာပါ။ ဘယ်အချက်တွေကို သတိထားရမလဲဆိုတာ ပြောပြမယ်နော်။

လိုချင်တဲ့ပုံတွေပြပါ

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်အတွက် ပန်းအပြင်အဆင် အပ်တဲ့အခါမှာ ကိုယ်လိုချင်တဲ့ပုံစံလေးတွေ ပြပါ။ စီနီယာတွေရဲ့ မင်္ဂလာပွဲပန်းအပြင်အဆင်ကိုလည်း ကြည့်ပါ။ တစ်ပုံစံတည်း မဟုတ်ရင်တောင် ပွဲရဲ့ ပန်းအဝင်ပန်းကုံးတစ်ခု၊ စင်မြင့်ထက်က ပန်းအပြင်အဆင်၊ စားပွဲတင်ပန်း၊ လက်ကိုင်ပန်း အစရှိသလိုလေး တစ်ခုချင်းဆီ ယူလို့ ရပါတယ်နော်။ ပန်းအပြင်အဆင် အပ်မယ့်သူကို လိုချင်တဲ့ပုံတွေ ပြဖြစ်အောင် ပြပါ။

သူတို့ပေးမယ့် ဝန်ဆောင်မှု

 ပန်းအပြင်အဆင်အပ်တဲ့အခါမှာ သူတို့ပေးတဲ့ဝန်ဆောင်မှုကိုလည်း သေချာလေး ရှင်းလင်းအောင် မေးမြန်းဖို့ လိုပါတယ်။ သူတို့ပေးမယ့် ဝန်ဆောင်မှုတွေကို တချက်ချင်းစီ မေးပါ။ ဘယ်လိုပန်းပုံစံလဲ၊ အစစ်လား၊ အတုလား၊ အရေအတွက်၊ နမူနာ ပုံစံတွေ အကုန်တောင်းပါ။ အကယ်လို့ Photo Booth ထားမယ်ဆိုရင်လည်း ပန်းအပြင်အဆင်စီစဉ်ပေးတဲ့သူ တော်တော်များများက နမူနာဒီဇိုင်းတွေ ဆွဲပေးပါတယ်။ အဲဒါတွေလည်း သေချာမေးပါ။

နောက်တစ်ခုကတော့ photo booth တွေရဲ့ ဆိုဒ်ပါ။ တချို့က vinyl တွေ စီစဉ်တဲ့အခါမှာ ပုံဝါးနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူတို့ပေးမယ့် ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ရှင်းလင်းအောင် မေးပါ။ တချို့တွေဆိုရင် ပုံသေချာ မပြမိလို့ ပွဲမှာကိုယ်မှန်းထားတဲ့အတိုင်း ဖြစ်မလာတာတွေ ရှိပါတယ်။

ပန်းအပြင်အဆင် အပ်ရင်

ပန်းအပြင်အဆင် အပ်ရင်

 

ပန်းအပြင်အဆင် အပ်ရင်

ပန်းအပြင်အဆင် အပ်ပြီဆိုရင် နောက်ထပ် သတိထားရမယ့် အချက်ရှိပါသေးတယ်။ သူတို့က ပွဲတစ်ခုလုံးကို စီစဉ်ပေးတာဆိုတော့ မောင်နှံလေးတို့ရဲ့ နာမည်ထိုးတဲ့ စာလုံးပုံစံနဲ့ အရောင်ကိုပါ ကိုယ်တိုင်ရွေးပါ။ တချို့တွေဆိုရင်နောက်ခံ အဖြူပေါ်မှာ စာလုံးက ငွေမှင်ရောင်မလို့ ထင်းထင်းလင်းလင်း မမြင်ရတာတွေ ဖြစ်တတ်တာကြောင့်ပါ။ ဒါကြောင့် စာလုံးထိုးပေးပါလို့ ပြောတာထက် ဘယ်လိုပုံစံ လိုချင်တယ်ဆိုတာ သေချာ ညှိနှိုင်းပါနော်။

အရေးကြီးတဲ့အချက်

အရေးကြီးတဲ့အချက်

အရေးကြီးတဲ့အချက်

နောက်ထပ် အရေးကြီးတဲ့အချက်တစ်ချက်ကတော့ စရံငွေချေပြီး စာချုပ်ချုပ်မလားဆိုတာပါ။ တချို့ကတော့ အပ်ထားတဲ့အတိုင်း အဆင်မပြေဘူးဆိုရင် လက်ကျန်ငွေ မရှင်းပေးတာမျိုးဆိုပြီး ချုပ်လေ့ ရှိကြပါတယ်။ ဒီအချက်ကိုလည်း သတိထားပြီး ချုပ်ရပါမယ်နော်။

စုံတွဲလေးတို့ရေ ပန်းအပြင်အဆင်အပ်တဲ့အခါမှာ အရေးကြီးတဲ့အချက်တွေကို သိထားမှ ပွဲတစ်ခုလုံး လှလှပပလေး ဖြစ်နေမှာပါနော်။ ဒါကြောင့် သတိထားရမယ့်အချက်တွေကို ဖတ်ကြည့်ပေးပါဦး။

Comments

0 comments