မင်္ဂလာပွဲအတွက် ပန်းDecoration ပုံစံဒီဇိုင်းလေးတွေ

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာလက်မှတ်ရေးထိုးပွဲမှာ ဒီလိုမျိုး ပန်းအပြင်အဆင်ကို သုံးကြပါတယ်။ အဝိုင်းပုံစံနဲ့ ပြင်ကြတာ ရှိသလို အသည်းပုံ ပုံစံလေးနဲ့ ပြင်ဆင်ကြတာလည်း ရှိပါတယ်

စုံတွဲလေးတို့ရဲ့ မင်္ဂလာပွဲ ခမ်းခမ်းနားနား ဖြစ်ချင်တယ်ဆိုရင်တော့ ပန်းအပြင်အဆင်ကို ဂရုစိုက်ဖို့ လိုပါတယ်။ ဝေဝေဆာဆာ ဖြစ်မှသာ မင်္ဂလာဆောင်က လှမှာလေနော်။ ကိုယ့်ပွဲမှာ ဓါတ်ပုံလှလှရိုက်မယ့်သူတွေလည်း ပန်းအပြင်အဆင် လှတယ်ဆိုရင် ပိုပြီးတော့ သဘောကျ ရိုက်ဖြစ်မှာပါ။ ခန်းမမှာ ပန်းအပြင်အဆင် ရွေးတာကလည်း ပုံစံတွေ များလွန်းလို့ ရွေးရခက်မှာပါ။ ဒီတော့ ပန်းအပြင်အဆင်မှာ ရွေးချယ်လို့ ရမယ့် ပုံစံလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

ပန်းချပ်အပြည့်

စုံတွဲလေးတို့ မင်္ဂလာပွဲအတွက် ခန်းမ ပန်းအပြင်အဆင် ရွေးချယ်လို့ ရတာကတော့ စင်ပေါ်အနောက်ဘက် ပန်းချပ်အပြည့်ပုံစံပါ။ ဒါကတော့ ဟိုတယ်မှာ ဆောင်တဲ့ စုံတွဲအများစု ရွေးချယ်ကြတဲ့ အပြင်အဆင်ပါ။ အရောင်ကတော့ အနည်းဆုံး (၃) မျိုးလောက် စပ်ကြပါတယ်။ အောက်ခြေဘက်မှာတော့ ခုခေတ်စားနေတဲ့ Baby Breathလေးတွေ ထားကြတာ များပါတယ်။

ပန်းနွယ်

ပန်းနွယ်ဒီဇိုင်းကတော့ Dinner ပွဲတွေမှာ ပြင်ဆင်တာ ပိုများပါတယ်။ ပန်းချပ် အပြည့်ကြီး မဟုတ်ဘဲ ပန်းခက်အနွယ်ပုံစံလေးတွေပေါ့။ ဒီလိုပုံစံမျိုးက ပေါ့ပေါ့ပါးပါး ဖြစ်ပြီး လူငယ်ပိုဆန်စေပါတယ်။ နောက်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့မို့ ကုန်ကျစရိတ်လည်း ပန်းပညာရှင်နဲ့ ညှိလို့ ရနိုင်ပါတယ်။

အဝိုင်းပန်းကုံး

တချို့ကတော့ မင်္ဂလာလက်မှတ်ရေးထိုးပွဲမှာ ဒီလိုမျိုး ပန်းအပြင်အဆင်ကို သုံးကြပါတယ်။ အဝိုင်းပုံစံနဲ့ ပြင်ကြတာ ရှိသလို အသည်းပုံ ပုံစံလေးနဲ့ ပြင်ဆင်ကြတာလည်း ရှိပါတယ်။ ပန်းကတော့ (၂) ရောင်လောက် စပ်ကြပါတယ်။

Balloon နဲ့ Fabric

Balloons နဲ့ Fabric ကတော့ ကုန်ကျစရိတ် ချွေတာနိုင်မယ့်အပြင် ပန်းအပြင်အဆင်ကို ချုံ့ချင်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။ အရောင်ကလည်း ကိုယ်ကြိုက်တဲ့အရောင် စပ်လို့ရသလို တချို့ကတော့ ရောင်စုံစီစဉ်တာလည်း ရှိပါတယ်။

စုံတွဲလေးတို့ ခမ်းနားတဲ့ ပန်းအပြင်အဆင်အတွက် ရွေးချယ်လို့ ရမယ့်ဒီဇိုင်းတွေနော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords