Advertisement

ချစ်တို့ရေ မင်္ဂလာပွဲနေ့အတွက် ပန်းအပြင်အဆင် မအပ်ခင်မှာရော အပ်ပြီးတဲ့အချိန်မှာရော သိထား စစ်ထားရမှာတွေ ရှိတယ်နော်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲအတွက် ပန်းအပြင်အဆင် ဝန်ဆောင်မှုတွေ ရွေးချယ်နေပြီလား။ မင်္ဂလာပွဲအတွက် ပန်းအပြင်အဆင် ရွေးချယ်တဲ့အခါ မှားတတ်တဲ့ အချက်တွေလည်း ရှိပါတယ်။ ဒါတွေကို သေချာသိထားပြီး ရှောင်ရှားရမှသာ မင်္ဂလာပွဲနေ့မှာ ပန်းအပြင်အဆင်နဲ့ ပတ်သက်ပြီး အဆင်ပြေမှာပါ။ အပ်ပြီးပြီဆိုရင်တော့ သူတို့ကိုပဲ စိတ်ချထားလိုက်လို့ မရပါဘူးနော်။ အမှားလေးတွေ နည်းနည်း ရှိနေတတ်တာမျိုး ဖြစ်တတ်တာကြောင့် ပွဲနေ့မှာ လိုက်စစ်ဖို့တော့ လိုပါတယ်။

Online ထဲက ပုံတွေအတိုင်း ဖြစ်မယ်

စုံတွဲလေးတို့ရေ ပန်းအပြင်အဆင်နဲ့ ပတ်သက်ပြီး အင်တာနက်တွေနဲ့ တခြား Website တွေ ထဲက ပုံတွေကို ကြည့်ပြီး အပ်တာမျိုး ရှိမှာပါ။ အပြင်အဆင်နဲ့ ပတ်သက်တဲ့ ပုံတွေရှာရင်လည်း သူတို့ကိုပဲ အားကိုးရမှာမလားနော်။ အဲဒီထဲကအတိုင်း အပ်ထားတာ မှန်ပေမယ့် အဲဒီထဲကအတိုင်း တပုံစံတည်း ရမယ်လို့ တထစ်ချ ယုံကြည်ထားတာမျိုးတော့ ရှောင်ပါနော်။ ပန်းအပြင်အဆင် အပ်တဲ့အခါ Online က ပုံတွေအတိုင်း ဖြစ်မယ်လို့ ယုံကြည်တာ မှားနိုင်တဲ့အချက်ပါ။

ကုန်ကျစရိတ်သတ်မှတ်ထားပါ

စုံတွဲလေးတို့ ပန်းအပြင်အဆင်နဲ့ ပတ်သက်ပြီး ကုန်ကျစရိတ် သတ်မှတ်ထားပါ။ ကုန်ကျစရိတ် မသတ်မှတ်ထားရင် ဟိုဟာပြင်ရနိုးနိုး၊ ဒီဟာ ပြင်ရနိုးနိုးနဲ့ ပိုပြီးကုန်ကျသွားတာတွေ ဖြစ်တတ်ပါတယ်။ ကုန်ကျစရိတ် မသတ်မှတ်ထားတာ ပန်းအပြင်အဆင်နဲ့ ပတ်သက်ပြီး ဖြစ်တတ်တဲ့ အမှားတစ်ခုပါ။

PhotoBooth ဓါတ်ပုံ

ပန်းအပြင်အဆင် အပ်တဲ့အခါမှာ Photobooth နဲ့ ပတ်သက်ပြီးလည်း သေချာ ပြောထားဖို့လိုပါတယ်။ ဓါတ်ပုံကို ဘယ်ကထုတ်မှာလဲ။ အရည်အသွေးကောင်းမှသာ Photobooth လှမယ်ဆိုတာ မမေ့ပါနဲ့နော်။ နောက်ပြီး ဓါတ်ပုံကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ပြီး ထုတ်လို့ရတာ မှန်ပေမယ့် ပန်းပြင်ပေးမယ့် ပညာရှင်နဲ့ မတိုင်ပင်တာမျိုး လုပ်တာက အမှားတွေထဲက တစ်ခုပါနော်။ ကိုယ့်ရဲ့ ဓါတ်ပုံတွေနဲ့ ပန်းအပြင်အဆင်နဲ့ ဘယ်ဟာက လိုက်ဖက်မလဲဆိုတာ မေးပါ။ နောက်တစ်ခုကတော့ ပုံရွေးတဲ့အခါ တစ်ယောက်က ထိုင်လျက်၊ တစ်ယောက်က မတ်တပ်ရပ်နေတာမျိုး မရွေးချယ်ပါနဲ့။ ဧည့်သည်က ကွယ်ပြီးရိုက်လိုက်တဲ့အခါ ထိုင်နေတဲ့သူက ပုံထဲ မပါလာတာကြောင့်ပါ။ မောင်နှံနှစ်ယောက်စလုံးရဲ့ ပုံမပေါ်တော့ဘူးပေါ့နော်။

ဒီဇိုင်း

စုံတွဲလေးတို့ ပန်းအပြင်အဆင် အပ်ထားတဲ့ဆီက ဆွဲပြထားတဲ့ ဒီဇိုင်း ဟုတ် မဟုတ် အရင်ဆုံး စစ်ပါ။ စုံတွဲလေးတို့ ကိုယ်တိုင်မအားရင်တောင် မိသားစုဝင် တစ်ဦးဦးကို ဖြစ်ဖြစ် စစ်ခိုင်းလိုက်ပါ။ ဒီဇိုင်းက ကိုယ့်ကို ပြထားတဲ့အတိုင်း မဟုတ်ရင် ပြန်ပြောဖို့ လိုပါတယ်။

နာမည်စာလုံးပေါင်း

စုံတွဲလေးတို့ ပြန်စစ်ရမယ့်အထဲမှာ နာမည်စာလုံးပေါင်းလည်း ပါပါတယ်။ တချို့စုံတွဲလေးတွေရဲ့ နာမည်က မှားလွယ်တဲ့ နာမည်၊ တခြားနာမည်နဲ့ ခပ်ဆင်ဆင် ဖြစ်နိုင်တဲ့ နာမည်ဆိုရင် စာလုံးပေါင်း မှားနိုင်တာမို့ သေချာစစ်ဖို့ လိုပါတယ်နော်။ Backdrop မှာပဲဖြစ်ဖြစ်၊ Photo Stand မှာပဲ ဖြစ်ဖြစ် နာမည်နေရာကို သေချာပြန်စစ်ပါ။

ပြောထားတဲ့ ပစ္စည်းတွေ ပါ မပါ

စုံတွဲလေးတို့ ယူထားတဲ့ Package ထဲက ပစ္စည်းတွေ ပါ မပါလည်း ပြန်စစ်ပါ။ ပန်းတိုင် အရေအတွက် ပြည့်လား၊ ကိုယ်ပြောထားတဲ့ အရောင်အတွဲအစပ်တွေ ဟုတ် မဟုတ်လည်း စစ်ပါနော်။ နောက်ပြီး သူတို့ ဘာတွေလိုအပ်လဲ ဆိုတာလည်း မေးပါ။

ပစ္စည်း အနာအဆာ

တချို့ ပန်းအပြင်အဆင်တွေမှာ ပြင်ပြီးမှ ကိုယ့်စိတ်တိုင်းကျ မဖြစ်တာမျိုး၊ ကိုယ့်ကို ပြောထားတဲ့ ပစ္စည်း အရည်အသွေး မပြည့်မီတာမျိုး မဖြစ်ရအောင် ပြင်ဆင်နေချိန်မှာ သွားကြည့်တာမျိုး လုပ်ပါ။ ပွဲမစခင်မှာ နိုင်သလောက် လိုက်စစ်ပါနော်။ ဒါမှ အဆင်ပြေမှာပါ။

ချစ်တို့ရေ မင်္ဂလာပွဲနေ့အတွက် ပန်းအပြင်အဆင် မအပ်ခင်မှာရော အပ်ပြီးတဲ့အချိန်မှာရော သိထား စစ်ထားရမှာတွေ ရှိတယ်နော်။

Tags: flowerweddingday

Comments

0 comments