Advertisement

ကိုယ်ကျင်းပမယ့် ပွဲရဲ့ အပြင်အဆင်ကို သိမှသာ ကိုယ်ဘယ်လိုပုံစံ ပန်းမျိုးကို ပြင်ရမလဲ၊ ဘယ်လိုပန်းအပြင်အဆင်နဲ့ လိုက်လဲဆိုတာကို သိနိုင်မှာပါ

စုံတွဲလေးတို့ရေ မင်္ဂလာပွဲအတွက် ပန်းအပြင်အဆင်ကို ကိုယ်တိုင်အစအဆုံး စီစဉ်တာ နည်းလာပါပြီ။ ခုနောက်ပိုင်းမှာ ကိုယ့်စိတ်ကြိုက်စီစဉ်ပေးမယ့် Floral Service တွေလည်း အများကြီး ရှိလာပါပြီ။ စုံတွဲလေးတော်တော်များများလည်း အဲဒီလို ဝန်ဆောင်မှုတွေဆီမှာပဲ အပ်ကြတာ များပါတယ်။ ဒါပေမယ့် ဘယ်ဟာကို ဘယ်လိုစအပ်ရမယ် မသိရင်တော့ Marry က ပြောပြတာလေးတွေ ဖတ်ကြည့်နော်။

ပြင်ပေးနိုင်မယ့် Service ကို အရင်ရှာပါ

Package မအပ်ခင်မှာ ကိုယ်လိုချင်တဲ့ Theme ကို ပြင်ပေးနိုင်တဲ့ Service ကို အရင်ရှာပါ။ သူတို့ အရင်က ကိုယ်လိုချင်တာမျိုး ပြင်ပေးထားဖူးလား၊ ကိုယ်ကြိုက်တဲ့ ပုံစံ ဖြစ်ရဲ့လား အစရှိသလိုမျိုး စိတ်ကြိုက်ရွေးပါ။  များများ ရွေးချယ်ထားမှ ချစ်တို့လိုချင်တဲ့ ပန်းအပြင်အဆင်ကို ပြင်ပေးနိုင်မယ့်သူကို ရှာတွေ့နိုင်မှာပါ။

မင်္ဂလာပွဲ ပန်းအပြင်အဆင် လုပ်မယ်ဆိုရင်

မင်္ဂလာပွဲ ပန်းအပြင်အဆင် လုပ်မယ်ဆိုရင်

Package စတင်ပါ

ကိုယ့်စိတ်ကြိုက် စတင်ရွေးပြီးပြီဆိုရင်တော့ Package အပ်တဲ့အခါမှာ သေချာညှိနှိုင်းရမှာတွေ ရှိပါတယ်နော်။ ပထမဆုံး အနေနဲ့ ကိုယ်လိုချင်တဲ့ ပုံစံနဲ့ သူတို့ဘက်က ပြင်ဆင်ပေးနိုင်မယ့် ပုံစံကို မေးပါ။ ဒီဇိုင်းဆွဲခိုင်းပါ။ ပေးမယ့် ဝန်ဆောင်မှုတွေကို အတိအကျ မေးပါ။ နာမည်စာလုံးပေါင်း ထိုးတာလေးကအစ သုံးမယ့်အရောင်၊ ပုံစံ သေချာသိပါစေနော်။ ကုန်ကျစရိတ်ကိုလည်း ဈေးဆစ်လို့ ရမယ်ဆိုရင် ဆစ်ပါ။ နောက်ပြီး ကိုယ့်စိတ်ကြိုက် လိုတိုးပိုလျှော့ လုပ်လို့ရမလားဆိုတာ မေးပါ။ စရံဘယ်လောက် အရင်ချရမလဲဆိုတာ မေးပါ။ အဓိကကတော့ ကိုယ်လိုချင်တဲ့အတိုင်း ထွက်လာဖို့ပါနော်။ နောက်တစ်ခုကတော့ Package အပ်ထားတာပဲဆိုပြီး မစစ်ဘဲ နေတာမျိုး မလုပ်ပါနဲ့။ ပွဲနေ့မတိုင်ခင်ရော၊ ပွဲနေ့မှာရော follow up လိုက်လုပ်ပါနော်။

Theme ရှာပါ

Theme ရှာပါ

Theme ရှာပါ

ပန်းအပြင်အဆင် မအပ်ခင်မှာ စုံတွဲလေးတို့ ကျင်းပမယ့် ခန်းမ နေရာနဲ့ ကျင်းပမယ့် ပွဲပုံစံကို အရင်စဉ်းစားထားပါ။ ခန်းမနဲ့ ကိုယ်ကျင်းပမယ့် ပွဲရဲ့ အပြင်အဆင်ကို သိမှသာ ကိုယ်ဘယ်လိုပုံစံ ပန်းမျိုးကို ပြင်ရမလဲ၊ ဘယ်လိုပန်းအပြင်အဆင်နဲ့ လိုက်လဲဆိုတာကို သိနိုင်မှာပါ။ ခေတ်ဆန်တာကို ကြိုက်လား၊ သူများတွေလိုပဲ အကုန်အစုံပါချင်တာလား၊ ဘယ်လို Theme ဖြစ်ချင်တာလဲဆိုတာ အရင်ဆုံး လိုက်ရှာပါ။ အင်တာနက်ကနေ ပုံတွေ Save ထားပါ။

ချစ်တို့ရေ မင်္ဂလာပွဲမှာ ပန်းအပြင်အဆင်က ကိုယ့်စိတ်ကြိုက်ဖြစ်ပြီး လှပနေအောင် ဒီအချက်(၃) ချက်နဲ့ ရှာဖွေကြည့်နော်။

Comments

0 comments