မင်္ဂလာပွဲလေးရဲ့ ပန်းပြင်ဆင်မှုအတွက် ခေတ်စားလာတဲ့ အရွက်ပန်းလေး

by: Editor
 0 comments  0 love

ပန်း ပြင်ဆင်တဲ့အချိန်မှာ ပြင်နေကျ မဟုတ်တဲ့ပန်းလေးတွေနဲ့ ဆန်းဆန်းပြားပြားလေး ပြင်ဆင်ချင်တယ် ဆိုတဲ့မင်္ဂလာမောင်နှံလေးတွေအတွက် ပြောပြပေးလိုက်ရပါတယ်ေ်နာ်။ 

မင်္ဂလာကိတ်လေးမှာလည်း အလှဆင်လို့ ရတယ် (Photo:pinterest)

ရွက်ကျပင်ပေါက် အနွယ်ထဲပါဝင်တဲ့အရွက်ပန်းလေး တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီပန်းလေးတွေကို အရင်ကတော့ ရိုးရိုး အလေ့ကျ ပေါက်တဲ့ပန်းတွေ အထဲပဲ လူတွေ သိပ်သတိမထားမိပေမယ့် အခုနောက်ပိုင်းမှာတော့ အခန်းတွင်း အလှစိုက်တဲ့ပန်းလေးတွေ အဖြစ်လည်း စိုက်ပျိုးလာတာ များပါတယ်။ ဒီတစ်ခါမှာတော့ အခန်းတွင်းမှာတင်မကဘဲ မင်္ဂလာပွဲလေးရဲ့ ပန်းအပြင်အဆင်မှာ ဘယ်လိုမျိုးလေး အလှဆင်လို့ ရမလဲ ဆိုတာကို Marry ကနေ ပြောပြပေးလိုက်ရပါတယ်နော်။ မင်္ဂလာပွဲ ပန်းအလှဆင်ဖို့အတွက် ငွေကုန်ကြေးကျ ချွေတာချင်တဲ့အခါ ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိထားပေးပါ။

တခြားပန်းတွေနဲ့ ရောပြီးလည်း ရင်ကပ်ပန်း အဖြစ် (Photo:pinterest)

ညှိုးမလွယ်တဲ့အတွက် အကြာကြီး ခံတယ်

ကြည့်လိုက်ရင် အရွက်လိုလိုနဲ့ ပန်းကလေးကတော့ မင်္ဂလာပွဲလေးအတွက် အသင့်တော်ဆုံးပါ။ ပန်းလို အပွင့်အဖတ်လေးတွေ မဟုတ်တဲ့အတွက် တော်တန်ရုံ ညှိုးမလွယ်ဘဲ အကြာကြီး ခံတဲ့ပန်းအမျိုးအစားပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲလေးအတွက် ပြင်ဆင်လိုက်မယ် ဆိုရင်တော့ မနက်ကတည်းကနေ ညနေအထိ ညှိုးမသွားဘဲ လန်းဆန်းနေမှာပဲ ဖြစ်ပါတယ်။

ဒီပန်း တစ်မျိုးတည်းနဲ့လည်း ပြီးပြည့်စုံတဲ့အလှ (Photo:pinterest)

ရိုးရှင်းပြီး ကြည့်ကောင်းတဲ့ ရင်ကပ်ပန်း

သတို့သားရင်ကပ်ပန်းလေးအတွက် ဘယ်ပန်းကို ရွေးရမလဲ ဆိုတာအတွက်လည်း ဒီရွက်လှပင်ပေါက်ပန်းလေးကတော့ အလိုက်ဖက်ဆုံး ရိုးရှင်းပြီး ကြည့်ကောင်းတဲ့ ရင်ကပ်ပန်းလေးအဖြစ် မင်္ဂလာပွဲရဲ့ ပန်းအပြင်အဆင် လိုအပ်ချက်အတွက် ပြည့်စုံသွားစေမှာပါ။ သတို့သားဝတ်စုံမှာ တပ်ဆင်ဖို့ ယောကျာ်းဆန်ဆန် ရင်ကပ်ပန်း ကိုလည်း ပြောပြထားပါတယ်။

သတို့သမီး လက်ကိုင်ပန်းလေးအတွက်လည်း စိတ်ချရပါတယ် (Photo:pinterest)

အရံ့လေးတွေ အတွက်  ရင်ကပ်ပန်းအနေနဲ့ (Photo:pinterest)

မင်္ဂလာပွဲလေးအတွက် ပန်း ပြင်ဆင်တဲ့အချိန်မှာ ပြင်နေကျ မဟုတ်တဲ့ပန်းလေးတွေနဲ့ ဆန်းဆန်းပြားပြားလေး ပြင်ဆင်ချင်တယ် ဆိုတဲ့မင်္ဂလာမောင်နှံလေးတွေအတွက် Marry ကနေ ပြောပြပေးလိုက်ရပါတယ်ေ်နာ်။ မင်္ဂလာပွဲပန်း အပြင်အဆင်နဲ့ ပတ်သက်ပြီး သိထားရမယ့်အရာများ ကိုလည်း ပြောပြထားပါတယ်။

(Photo:pinterest)

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords