သတို့သမီးလေးတို့အတွက် Baby’s Breath လက်ကိုင်ပန်းဒီဇိုင်းလေးတွေ

by: Phyo Pyae Thu
 0 comments  0 love

သတို့သမီးလေးတို့ Baby’s Breath နဲ့ လုပ်ထားတဲ့ လက်ကိုင်ပန်းလေးအတွက် ဒီဇိုင်းစဉ်းစားနေတယ်ဆိုရင် Marry က ခုဖော်ပြထားတဲ့ ဒီဇိုင်းလေးတွေ ရွေးချယ်လို့ရတယ်နော်။

သတို့သမီးလေးတို့ရေ လက်ကိုင်ပန်းဆိုတာ သတို့သမီးလေးတို့အလှကို ထပ်ဆင့် ပံ့ပိုးပေးမယ့်အရာတစ်ခုပါပဲနော်။ ဒီတော့ လက်ကိုင်ပန်းလေးက လှဖို့ လိုတာပေါ့။ လက်ကိုင်ပန်းလေးနဲ့ ဆင်တူ ရင်ကပ်ပန်း၊ ခန်းမ ပန်းအပြင်အဆင်တွေလည်း ပြင်ရမယ်မလားနော်။ သတို့သမီးလေးတို့ လက်ကိုင်ပန်းလေးကို ဘိုဆန်ဆန်လေးနဲ့ ရိုးဆင်းပြီး အနက်အဓိပ္ပါယ်ပြည့်စုံတဲ့ ပန်းလေးနဲ့ ဖန်တီးချင်တယ်ဆိုရင်တော့ Baby Breath လက်ကိုင်ပန်းဒီဇိုင်းလေးတွေ သိထားသင့်ပါတယ်နော်။

Baby’s Breath လက်ကိုင်ပန်းလေးနဲ့(photo: shwe mhone yati’s fb)

Baby’s Breath လက်ကိုင်ပန်းလေးနဲ့(photo: shwe mhone yati’s fb)

Baby’s Breath လက်ကိုင်ပန်းလေးနဲ့ သတို့သမီးရွှေမှုံရတီ့ (photo: shwe mhone yati’s fb)

Baby’s Breath ပန်းလေးတွေရဲ့ အနက်အဓိပ္ပါယ်ကတော့ အချိန်ကြာရှည်တဲ့ ချစ်ခြင်း၊ ခိုင်မာတဲ့ချစ်ခြင်းကို ပြသခြင်းပါပဲ။ နောက်တစ်ခုကတော့ ဖြူစင်ခြင်းပေါ့။ သတို့သမီးလေးတို့ရေ ထာဝရတည်ရှိနေမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ရှိတာမို့ ခုနောက်ပိုင်းမှာ သတို့သမီးလေး တော်တော်များများ လက်ကိုင်ပန်းအဖြစ် ရွေးချယ်ကြပါတယ်။

Baby’s Breath လက်ကိုင်ပန်းလေး ကိုင်မယ့် သတို့သမီးလေးတို့ ဒီဇိုင်းလေးတွေ ကြိုရွေးလို့ရအောင် Marry က ဖော်ပြပေးလိုက်ပါတယ်နော်။

Baby’s Breath လက်ကိုင်ပန်းလေး

Baby’s Breath လက်ကိုင်ပန်းလေး (photo:pinterest.com)

Baby’s Breath လက်ကိုင်ပန်းလေးကို သတို့သမီးလေးတို့ တခြားပန်းလေးတွေနဲ့ မရောဘဲ တစ်မျိုးတည်းပဲ ကိုင်မယ်ဆိုရင်လည်း လှပါတယ်။ အရိုးရှည်ရှည်နဲ့ ပန်းဆိုတော့ သတို့သမီးလေးတို့ ကိုင်ရတာလည်း အဆင်ပြေပါတယ်။

နှင်းဆီပန်းလေးတွေနဲ့ ရောယှက်ပြီးထိုးမယ် (photo:pinterest.com)

သတို့သမီးလေး တော်တော်များများကတော့ နှင်းဆီပန်းလေးနဲ့ ရောယှက်ပြီး လက်ကိုင်ပန်းအဖြစ် ကိုင်ဆောင်တာ များပါတယ်။ ရင်ကပ်ပန်းလေးဆိုလည်း နှင်းဆီတပွင့်နဲ့ Baby’s Breath နည်းနည်းလောက် ရောပြီး လုပ်လို့ ရတယ်နော်။ လက်ကိုင်ပန်းစီစဉ်ပေးမယ့် ပန်းပညာရှင်ကိုလည်း ဒီလို ဒီဇိုင်းလေး လိုချင်တယ်လို့ ပြောပြနော်။

ရောင်စုံပန်းတွေကြားက Baby’s breath (photo:pinterest.com)

သတို့သမီးလေးတို့ ပန်းရောင်စုံလေးတွေနဲ့ ရောစပ်ပြီး လက်ကိုင်ပန်း ဖန်တီးမယ်ဆိုရင်တော့ ဝတ်စုံရဲ့ အရောင်လည်း ပေါင်းစပ်လို့ ရပါတယ်။

သတို့သမီးလေးတို့ Baby’s Breath နဲ့ လုပ်ထားတဲ့ လက်ကိုင်ပန်းလေးအတွက် ဒီဇိုင်းစဉ်းစားနေတယ်ဆိုရင် Marry က ခုဖော်ပြထားတဲ့ ဒီဇိုင်းလေးတွေ ရွေးချယ်လို့ရတယ်နော်။

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords