Advertisement

ပန်းအပြင်အဆင် ရွေးတဲ့အခါ သိထားရမယ့် အချက် (၄) ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ ဖတ်ကြည့်ပေးပါဦးနော်။ ပန်းအပြင်အဆင်မှာ အဆင်ပြေမှ ခန်းမမှာ ခမ်းနားမှာပါ။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲမှာ ပန်းအပြင်အဆင်ကလည်း အရေးကြီးပါတယ်နော်။ ပန်းအပြင်အဆင် ရွေးတဲ့အခါမှာ သတိထားရမယ့်အချက်တွေ အားလုံး သတိထားနိုင်မှသာ ပန်းပညာရှင်နဲ့ အဆင်ပြေမှာ ဖြစ်တဲ့အပြင် မင်္ဂလာပွဲလည်း ခမ်းနားလှပမှာပါ။ ဘာတွေ သတိထားရမယ်ဆိုတာ ပြောပြမယ်နော်။

ပန်းပညာရှင်ဆီမှာ ရနိုင်မယ့်အရာ

စုံတွဲလေးတို့ရေ ပန်းအပြင်အဆင်အပ်တဲ့အခါမှာ သူတို့ပေးတဲ့ဝန်ဆောင်မှုကိုလည်း သေချာလေး ရှင်းလင်းအောင် မေးမြန်းဖို့ လိုပါတယ်။ သူတို့ပေးမယ့် ဝန်ဆောင်မှုတွေကို တချက်ချင်းစီ မေးပါ။ ဘယ်လိုပန်းပုံစံလဲ၊ အစစ်လား၊ အတုလား၊ အရေအတွက်၊ နမူနာ ပုံစံတွေ အကုန်တောင်းပါ။ အကယ်လို့ Photo Booth ထားမယ်ဆိုရင်လည်း ပန်းအပြင်အဆင်စီစဉ်ပေးတဲ့သူ တော်တော်များများက နမူနာဒီဇိုင်းတွေ ဆွဲပေးပါတယ်။ အဲဒါတွေလည်း သေချာမေးပါ။ နောက်တစ်ခုကတော့ photo booth တွေရဲ့ ဆိုဒ်ပါ။ တချို့က vinyl တွေ စီစဉ်တဲ့အခါမှာ ပုံဝါးနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူတို့ပေးမယ့် ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ရှင်းလင်းအောင် မေးပါ။ တချို့တွေဆိုရင် ပုံသေချာ မပြမိလို့ ပွဲမှာကိုယ်မှန်းထားတဲ့အတိုင်း ဖြစ်မလာတာတွေ ရှိပါတယ်။ သူတို့ ပြင်ထားပေးပြီးသား ပုံတွေကို ကြည့်ပြီးမှ အပ်ပါ။

အရောင်

အရောင် (photo: southeusummit.com)

မင်္ဂလာပွဲအတွက် ပန်းအပြင်အဆင် ရွေးချယ်တဲ့အခါ ဘယ်နှစ်ရောင် ပါမယ်ဆိုတာကိုပါ ပြောပါ။ မေးပါ။ ပုံမှန်ဆိုရင်တော့ ပန်းက (၅) မျိုးလောက် ထိုးပါတယ်။ ဘယ်ပန်းအမျိုးအစားတွေ ပါမလဲဆိုတာလဲ မေးပါ။ ဒါမှ ကိုယ့်ပွဲရဲ့ ပန်းအပြင်အဆင်ကို တွက်ဆ နိုင်မှာပါ။

နောက်ခံစာလုံး

နောက်ခံစာလုံးကလည်း ပန်းအပြင်အဆင်ထဲမှာ ပါဝင်ပါတယ်နော်။  ပွဲတစ်ခုလုံးကို စီစဉ်ပေးတာဆိုတော့ မောင်နှံလေးတို့ရဲ့ နာမည်ထိုးတဲ့ စာလုံးပုံစံနဲ့ အရောင်ကိုပါ ကိုယ်တိုင်ရွေးပါ။ တချို့တွေဆိုရင်နောက်ခံ အဖြူပေါ်မှာ စာလုံးက ငွေမှင်ရောင်မလို့ ထင်းထင်းလင်းလင်း မမြင်ရတာတွေ ဖြစ်တတ်တာကြောင့်ပါ။ ဒါကြောင့် စာလုံးထိုးပေးပါလို့ ပြောတာထက် ဘယ်လိုပုံစံ လိုချင်တယ်ဆိုတာ သေချာ ညှိနှိုင်းပါ။ နမူနာ ပြခိုင်းရင် ပိုပြီးတော့ ကောင်းပါတယ်။

ငွေကြေးကိစ္စ (photo: southeusummit.com)

ငွေကြေးကိစ္စ

ငွေကြေး ကိစ္စကတော့ စရံချတဲ့အခါ စာချုပ်ချုပ်တာမျိုး လုပ်ပါ။ ကိုယ်အပ်ထားတဲ့ အတိုင်း ဖြစ်မလာရင် ဘာတွေတာဝန်ယူပြီး ဖြေရှင်းပေးရမယ် ဆိုတာမျိုးပေါ့။ ဒါမှလည်း ငွေကြေးကိစ္စတွေမှာ ရှင်းရှင်းလင်းလင်း ဖြစ်မှာပါနော်။

စုံတွဲလေးတို့ရေ ပန်းအပြင်အဆင် ရွေးတဲ့အခါ သိထားရမယ့် အချက် (၄) ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ ဖတ်ကြည့်ပေးပါဦးနော်။ ပန်းအပြင်အဆင်မှာ အဆင်ပြေမှ ခန်းမမှာ ခမ်းနားမှာပါ။

Comments

0 comments