မင်္ဂလာကားလေးကို တမူထူးခြားတဲ့ အသွင်လေးနဲ့ အလှဆင်ချင်တယ်ဆိုရင်

by: Nway Nway Aung
 0 comments  0 love

အလှဆင်စက္ကူလေးတွေကို ပန်းလုံးလေးတွေ ပုံစံဖန်တီးထားပြီး အရောင်စုံအောင် သုံးထားတော့ မင်္ဂလာကားလေးက အရောင်စုံစုံလေးနဲ့ တမျိုးလေး ကြည့်ကောင်းနေပါတယ်

သူများနဲ့ မတူတဲ့ မင်္ဂလာကားလေး ဖန်တီးမယ်

Marry ရဲ့ မင်္ဂလာမောင်နှံလေးတို့ရေ မင်္ဂလာသတို့သားလေးနဲ့ သတို့သမီးလေးကို မင်္ဂလာအခမ်းအနား ကျင်းပရာဆီ အရောင်ဆောင်နှင်းပေးမယ့် မင်္ဂလာကားလေးတွေကလည်း မင်္ဂလာပွဲအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲ မဟုတ်လား။ ဒါ့ကြောင့် ကိုယ့်ရဲ့ မင်္ဂလာကားလေးကို မြင်ဖူးတွေ့ဖူးနေကျ မင်္ဂလာကားတွေနဲ့ မတူဘဲ တမူထူးခြားတဲ့ အသွင်လေးနဲ့ အလှဆင်ချင်တယ်ဆိုရင် မှီငြမ်းလို့ရအောင် ကားအလှဆင် ဒီဇိုင်းလေးတွေ ဖော်ပြပေးချင်ပါတယ်။

အရွယ်မတူတဲ့ ပန်းလုံးလေးတွေ

စားပွဲတင်ပန်းလို ပန်းလုံးလေးတွေကို အရွယ်မတူအောင် ထိုးထားပြီး အရွယ်ကြီးစဉ် ငယ်လိုက်အတိုင်း ကားရှေ့ဖုံးပေါ်မှာ အလှဆင်ထားတာပါ။ ဒီဇိုင်းလေး တစ်မျိုးဆန်းပြီး ရှင်းရှင်းလေးနဲ့ လှပါတယ်။

ပန်းလေးနဲ့ ပုံဖော်ထားတဲ့မင်္ဂလာမောင်နှံ

တစ်ကောင်နဲ့ တစ်ကောင် ခေါင်းချင်းထိလိုက်မိတဲ့အခါ အလယ်မှာ အသည်းပုံလေး ဖြစ်သွားတဲ့ ငန်းလေးတွေကို မင်္ဂလာမောင်နှံလေးတွေ အဖြစ် ပုံဖော်လေ့ရှိကြပါတယ်။ ဒီမင်္ဂလာကားလေးမှာတော့ နှင်းဆီပန်းလေးတွေနဲ့ ငန်းနှစ်ကောင်ပုံဖော်ထားတော့ အထွေအထူး ပုံဖော်စရာမလိုတော့ဘဲ အသက်ဝင်တဲ့ မင်္ဂလာကားလေး ဖြစ်သွားတော့တာပေါ့။

အချစ်နဲ့ မင်္ဂလာပွဲ ခွဲလို့မရတဲ့ အတွဲအစပ်

အချစ်နဲ့ မင်္ဂလာပွဲဆိုတာက ခွဲလို့မရတဲ့ အတွဲအစပ်ပဲ ဆိုတော့ အခုလိုမျိုး ပန်းလေးတွေနဲ့ LOVE စာလုံး ပုံဖော်ထားတာက မင်္ဂလာကားတွေအတွက် အသင့်တော်ဆုံးပေါ့။

အချစ်တွေအကြောင်း အသည်းလေးနဲ့ပြောမယ်

စကားလုံးတွေနဲ့ အချစ်ကို ပုံမဖော်ချင်ဘူးဆိုရင် အခုလိုမျိုး အသည်းလေးနဲ့ ပုံဖော်လို့ ရတယ်နော်။

ပန်းရေတံခွန်လေး

ဒါကတော့ ပန်းတွေကို စီးဆင်းနေတဲ့ ရေတံခွန်လို အလှဆင်ပုံဖော်ထားတာပါ။ ဒီဇိုင်းက အမြင်ဆန်းပြီး ခန့်ခန့်ထည်ထည် ရှိလှပါတယ်။

တစ်ပွင့်ချင်းစီလည်း ပုံဖော်လို့ ရပါတယ်။

ပန်းတွေကို ပန်းအိုးထိုးသလို အလှမဆင်ဘဲ တစ်ပွင့်ချင်းစီနဲ့လည်း မင်္ဂလာကားလေးကို အလှဆင်လို့ရပါတယ်။

အရုပ်လေးတွေ၊ ပန်းလေးတွေနဲ့ ဖဲကြိုးလေးတွေ

အရုပ်လေးတွေရော၊ ပန်းလေးတွေရော၊ ဖဲကြိုးလေးတွေနဲ့ပါ အလှဆင်ထားတဲ့ မင်္ဂလာကားလေးပါ။ ပန်းတစ်မျိုးတည်းနဲ့ အလှဆင်တာ မကြိုက်တဲ့ စုံတွဲလေးတွေအတွက်ပါ။

အရောင်စုံတဲ့ မင်္ဂလာကားလေး

အလှဆင်စက္ကူလေးတွေကို ပန်းလုံးလေးတွေ ပုံစံဖန်တီးထားပြီး အရောင်စုံအောင် သုံးထားတော့ မင်္ဂလာကားလေးက အရောင်စုံစုံလေးနဲ့ တမျိုးလေး ကြည့်ကောင်းနေပါတယ်။ အနောက်မှာ တွဲလောင်းချထားတဲ့ ပန်းတန်းတွေကြောင့်လည်း အမြင်ဆန်းနေတာပေါ့။ Marry အခုပြောပြပေးခဲ့တဲ့ မင်္ဂလာကား အလှဆင်ဒီဇိုင်းလေးတွေကိုကြည့်ပြီး မင်္ဂလာစုံတွဲလေးတို့ နှစ်ခြိုက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အလှဆုံး မင်္ဂလာကားလေးကို စီးနင်းပြီး မင်္ဂလာပွဲဆီ အရောက်လှမ်းသွားနိုင်ကြပါစေနော်။

From Marry with

Tag: inspirationflowerideaadvice

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords