မင်္ဂလာပွဲ ပန်းအပြင်အဆင်နဲ့ ပတ်သက်လို့ သတိပြုရမှာတွေ

by: Nway Nway Aung
 1 comments  0 love

ဝတ်ဆံမှာ အရောင်ရှိတဲ့ တစ်ချို့ပန်းတွေ ဆိုရင်လည်း ဝတ်ဆံကြွေပြီး ထိုင်မသိမ်းတွေမှာ အရောင်စွန်းနိုင်တဲ့အတွက် ဝတ်ဆံတွေ ကြိုပြီး ခြွေထားဖို့ လိုပါတယ်နော်

မင်္ဂလာပွဲ ပန်းအပြင်အဆင်နဲ့ ပတ်သက်လို့ သတိပြုရမှာတွေ

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲ တစ်ပွဲရဲ့ လှပတင့်တယ်မှုနဲ့ ခမ်းနားထည်ဝါမှုတွေအတွက် ပန်းအပြင်အဆင်လေးတွေက အရေးပါလှတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မင်္ဂလာပွဲလေး တစ်ခုလုံး မြင်လိုက်ရုံနဲ့ ချစ်နိဗ္ဗာန်ဘုံထဲကို ရောက်သွားသလို ထင်မှတ်မှားရအောင် ကူညီဖန်တီးပေးမှာကတော့ လှပတဲ့ ပန်းအပြင်အဆင်လေးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မင်္ဂလာပွဲ ပန်းအပြင်အဆင်နဲ့ ပတ်သက်လို့ သတိပြုရမှာတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

လှပတဲ့ အန္တရာယ်လေးတွေကို သတိပြု

နှင်းဆီပန်းကို လက်ကိုင်ပန်း အဖြစ် သုံးမယ်ဆိုရင် နှင်းဆီဆူးတွေကို ကြိုပြီး ဖယ်ထားဖို့ လိုသလို (Photo – pinterest.com)

နူးညံ့လှပတဲ့ ပန်းလေးတွေမှာလည်း အန္တရာယ်တွေ ရှိနေတတ်တာ မမေ့ပါနဲ့နော်။ ကျွမ်းကျင်တဲ့ ပန်းပညာရှင်တွေက သိပြီးဖြစ်လို့ သတို့သမီးလေးတို့ မထိခိုက်ရအောင် ဖန်တီးပေးလိုက်မယ် ဆိုပေမယ့် သတို့သမီးလေးကိုယ်တိုင်က ပန်းအလှဆင်ရာမှာ ဝင်ပါမယ် ဆိုရင်တော့ ပန်းလေးတွေရဲ့ အန္တရာယ်ကို ကြိုသတိပြုဖို့ လိုပါတယ်။ ဥပမာ – နှင်းဆီပန်းကို လက်ကိုင်ပန်း အဖြစ် သုံးမယ်ဆိုရင် နှင်းဆီဆူးတွေကို ကြိုပြီး ဖယ်ထားဖို့ လိုသလို ဝတ်ဆံမှာ အရောင်ရှိတဲ့ တစ်ချို့ပန်းတွေ ဆိုရင်လည်း ဝတ်ဆံကြွေပြီး ထိုင်မသိမ်းတွေမှာ အရောင်စွန်းနိုင်တဲ့အတွက် ဝတ်ဆံတွေ ကြိုပြီး ခြွေထားဖို့ လိုပါတယ်နော်။

ကျွမ်းကျင်သူ လိုအပ်ပါတယ်

ကျွမ်းကျင်တဲ့ ပညာရှင်ဆိုတော့ ဝန်ဆောင်ခက သာမန်သူတွေထက် ပိုများမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ ပွဲအတွက် အလှဆင်ပေးမယ့် ပညာရှင်က ပန်းနဲ့ ပတ်သက်ပြီး စေ့စေ့စပ်စပ်သိတဲ့အတွက် ပန်းတွေကို ဘယ်လို ထိန်းသိမ်းရမယ် ဆိုတာမျိုးနဲ့ ရနိုင်တဲ့ ပန်းတွေနဲ့ ဘယ်လို အလှဆင်ရမယ် ဆိုတာ သေချာသိပါတယ်။ အဲ့ဒါကြောင့်မို့ ပန်းတွေကို မထိန်းသိမ်းတတ်လို့ ငွေပိုကုန်တာတွေ၊ လိုတာထက် ပိုပြီး ပန်းတွေဝယ်မိလို့ မလိုအပ်ဘဲ ကုန်တာတွေကို ရှောင်ရှားနိုင်မှာပါ။

 

From Marry with


Comments

0 comments
Latest video