Advertisement

သတို့သမီးလေးတိုင်းရဲ့ အလှကို ပိုတိုးဖို့ ကိုင်ဆောင်တဲ့လက်ကိုင်ပန်းလေး ဆိုတာကတော့ သတို့သမီး အလှကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့်ပုံစံလေးပဲ ဖြစ်ရမှာပါ။

နှင်းဆီသက်သက် လက်ကိုင်ပန်း အလှ (Photo:pexels)

ဒီတစ်ခါ Marry ရဲ့ သတို့သမီးလေးတို့ကို ပြောပြပေးချင်တာကတော့ နှင်းဆီပန်းချည်းနဲ့ ပြုလုပ်ထားတဲ့ သတို့သမီးလက်ကိုင်ပန်းလေးပဲ ဖြစ်ပါတယ်။ ဒီပန်းလေးကတော့ သတို့သမီးလေးတိုင်းနဲ့ လိုက်ဖက်နေမှာ ဖြစ်ပြီး ဘယ်လိုဝတ်စုံမျိုးပဲ ဝတ်ဆင်နေပါစေ လိုက်ဖက်ညီနေမှာ သေချာပါတယ်နော်။

ပန်းလေးတွေကြားမှာ စိန်ပွင့်လေးကို အလှဆင်လိုက်ပါ (Photo:pexels)

မင်္ဂလာပွဲအလယ်မှာ အလှဆုံး ဖြစ်နေရမယ့် မင်းသမီးလေးကတော့သတို့သမီးပါ သတို့သမီးလေးအလှကို အဖက်ဖက်က စုံနေအောင် ပြင်ဆင်ပေးတဲ့အချိန်မှာ လက်ကိုင်ပန်းလေးကိုလည်း ချန်ထားလို့ မရပါဘူးနော်။ လက်ကိုင်ပန်းဆိုတာကလည်း သတို့သမီးလေးအလှကို ထပ်ဆင့်တိုးစေနိုင်တဲ့အရာပဲ ဖြစ်တဲ့အတွက်ပါ။ လက်ကိုင်ပန်းလေးတွေမှာလည်း ရွေးချယ်စရာ အစုံရှိတဲ့အထဲ အခု တစ်ခါ Marry ရွေးချယ်ပေးလိုက်တဲ့ နှင်းဆီပန်းနဲ့ပဲ ပြုလုပ်ထားတဲ့ လက်ကိုင်ပန်းလေးတွေပဲ ဖြစ်ပါတယ်။

လက်ကိုင်ပန်းအရောင်ကိုလည်း နှစ်သက်ရာ ရွေးချယ်လိုက်နိုင်ပါတယ် (Photo:pexels)

နှင်းဆီဆိုတာကတော့

အားသာချက် အများကြီး ရှိတဲ့ပန်းပါ။ အရောင်စုံ ရွေးချယ်လို့ ရသလို အနံ့လည်း သိပ်မွှေးတဲ့ပန်းလေး ဖြစ်ပါတယ်။ ရွေးချယ်စရာများလှတဲ့အထဲကနေ သတို့သမီးဝတ်စုံနဲ့ လိုက်ဖက်တဲ့အရောင်မျိုးကို ရယူလိုက်နိုင်ပါတယ်နော်။ နှင်းဆီပွင့်လေးတွေကြားမှာ စိန်ပွင့်လေးတွေကိုပါ အလှဆင်ပေးလိုက်နိုင်တာကို တွေ့ရမှာပါ ။

ရိုးရိုးလေးနဲ့ ယဉ်နေမယ့် လက်ကိုင်ပန်းလေး (Photo:pexels)

 အလှ ပိုတိုးဖို့

သတို့သမီးလေးတိုင်းရဲ့ အလှကို ပိုတိုးဖို့ကိုင်ဆောင်တဲ့လက်ကိုင်ပန်းလေး ဆိုတာကတော့ သတို့သမီး အလှကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့်ပုံစံလေးပဲ ဖြစ်ရမှာပါ။ နှင်းဆီချည်း သက်သက်နဲ့ ပြုလုပ်လိုက်တဲ့လက်ကိုင်ပန်းလေးတွေကတော့ သတို့သမီးလေးတိုင်းအတွက် အလိုက်ဖက်ဆုံး လက်ကိုင်ပန်းလေး ဖြစ်နေမှာ သေချာတာကြောင့် Marry က ပြောပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

Comments

0 comments