ချစ်သူများနေ့မှာပေးမယ့် နှင်းဆီပန်းအရောင်တွေရဲ့ အဓိပ္ပါယ်

by: Phyo Pyae Thu
 0 comments  1 love

ဒါမှ ပေးမယ့်သူရော လက်ခံမယ့်သူရော ပိုပြီးတော့ ပျော်ရွှင်ရမှာပါ

ချစ်သူတို့ရေ ချစ်သူများနေ့မှာ ချစ်သူလေးကို Surprise လုပ်ဖို့ စဉ်းစားနေပြီလား၊ ဘယ်လို Surprise ပဲ လုပ်လုပ် နှင်းဆီပန်းလေးကတော့ မပါမဖြစ်ပဲမလားနော်။ ဒီတော့ ကိုယ်ပေးမယ့် နှင်းဆီပန်းလေးတွေရဲ့ အရောင်က ဘယ်လို အဓိပ္ပါယ်ဆောင်သလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဒါမှ ပေးမယ့်သူရော လက်ခံမယ့်သူရော ပိုပြီးတော့ ပျော်ရွှင်ရမှာပါ။

နှင်းဆီအဖြူ

နှင်းဆီအဖြူ (photo: desktopbackground.org)

Valentine’s day မှာ နှင်းဆီအဖြူ ပေးမယ်ဆိုရင် ဖြူစင်ခြင်းဆိုတဲ့ မေတ္တာတရားကို ခံစားရမှာ ဖြစ်ပြီး ဘဝတစ်ခု အစပြုခြင်းလို့တောင် တင်စားကြပါတယ်။ ဒါကြောင့် မင်္ဂလာပွဲတွေဆိုရင် သတို့သမီးလေးတော်တော်များများက နှင်းဆီဖြူ လက်ကိုင်ပန်းေးလ ကိုင်ဆောင်ကြတာပါ။ ချစ်သူများနေ့မှာ ပေးမယ့်နှင်းဆီဖြူလေးကတော့ “ မင်းအကြောင်းပဲ အမြဲတွေးမိနေတယ်” လို့ အဓိပ္ပါယ် ရပါတယ်။

နှင်းဆီနီ

နှင်းဆီနီ  (photo: cityblossomsflowers.ae)

စုံတွဲ အများစုကတော့ ချစ်သူများနေ့မှာ နှင်းဆီနီနီ ပန်းစည်းပေးလေ့ ရှိကြပါတယ်။ နှင်းဆီနီရဲ့ အဓိပ္ပါယ်ကတော့ ပြီးပြည့်စုံမှုနဲ့ အလှအပကို ဖော်ကျူးထားတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ့်ကို ချစ်ပါ၊ အရမ်းချစ်တယ်လို့လည်း အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် စုံတွဲ အများစုက နှင်းဆီနီပေး ကြတာပါ။ နှင်းဆီကို အရမ်းနက်မှောင်တဲ့ဘက် ရောက်တာမျိုးတော့ မပေးမိဖို့ သတိပြုနော်။ ဒါကဝမ်းနည်းခြင်းဆိုတဲ့ အဓိပ္ပါယ်ဆောင်တာကြောင့်ပါ။

ပန်းရောင်

ပန်းရောင်  (photo: desktopbackground.org)

ပန်းရောင်ကတော့ မိန်းကလေး တော်တော်များများ ကြိုက်လေ့ ရှိကြပါတယ်။ ပန်းရောင် နှင်းဆီပန်းရဲ့ အဓိပ္ပါယ်ကတော့ ချစ်ပေးတာအတွက် ကျေးဇူးပါ၊ အရမ်းတန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ဒီတော့ စုံတွဲလေးတို့ ပန်းရောင် နှင်းဆီပန်းလည်း ပေးလို့ ရတယ်နော်။ ရေမွှေးနှင်းဆီဆိုရင် ကောင်မလေးလည်း ကြိုက်နှစ်သက်မှာပါနော်။

အဝါရောင်နှင်းဆီ

အဝါရောင်နှင်းဆီ (photo: cityblossomsflowers.ae)

နှင်းဆီ အဝါရောင်ကတော့ တည်ငြိမ်မှုနဲ့ ပျော်ရွှင်မှုကို ဖော်ဆောင်ပါတယ်။ စုံတွဲလေးတို့ ဘဝတစ်လျှောက်လုံး လက်တွဲပြီးတော့ ပျော်ရွှင်မှု ရရှိကြမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီအဓိပ္ပါယ်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ချစ်သူများနေ့မှာ ပေးလိုက်လို့ ရပြီနော်။

ချစ်သူများနေ့ဆိုတာ ချစ်သူအချင်းချင်း၊ ချစ်တဲ့သူ အချင်းချင်း ပေးကြတာမို့ ချစ်ခြင်းသဘော သက်ရောက်တဲ့ နှင်းဆီပန်းနဲ့ ချောကကလက်ကတော့ မပါ မဖြစ်ပဲလေနော်။ ဒီတော့ နှင်းဆီပန်း အရောင်တွေရဲ့ အဓိပ္ပါယ်ကို သိထားတာ အကောင်းဆုံးပါပဲ။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles