Advertisement

ပန်းချည်းပဲ ဆိုတာထက် ပန်းကလေးရယ် သစ်ရွက်လေးရယ်နဲ့ သဘာဝဆန်တဲ့လက်ကိုင်ပန်းလေးအတွက်ကတော့ ဒီပုံစံက အကောင်းဆုံးပါ ရွေးချယ်မှုပါ။

ပန်းအရောင်စုံနဲ့ ပန်းစည်းလေး (Photo:brides)

မင်္ဂလာပွဲလေးမှာ သတို့သမီးလေးအလှကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့်အရာလေးတွေ အထဲမှာ သတို့သမီးလက်ကိုင်ပန်းလေးလည်း ပါဝင်ပါတယ်။ သတို့သမီးလေးတို့ အတွက် ချစ်စရာလက်ကိုင်ပန်းလေးများကို Marry က ပြောပြပေးလိုက်ရပါတယ်နော်။

လက်ကိုင်ပန်းလေးကို ပန်းတစ်မျိုးတည်းနဲ့ ပြုလုပ်ပါ (Photo:brides)

ပန်းတစ်မျိုးတည်းနဲ့ ပြုလုပ်ထားတဲ့ လက်ကိုင်ပန်း

လက်ကိုင်ပန်းလေးကို ရွေးချယ်တဲ့အချိန်မှာ ပန်းတစ်မျိုးတည်းကိုပဲ သုံးပြီးလည်း ပြုလုပ်လိုက်လို့ ရပါတယ်နော်။ ပန်းတစ်မျိုးတည်း သုံးလို့ မလှလောက်ဘူးလို့တော့ မထင်လိုက်ပါနဲ့နော်။

ပန်းစည်းလေးလို ပြုလုပ်ပါ (Photo:brides)

ပန်းစည်းလေးလို လက်ကိုင်ပန်း

တခါတလေ လက်ကိုင်ပန်းကို ပြင်ဆင်ဖို့ အချိန်မလောက်တော့တာမျိုးနဲ့ လက်ကိုင်ပန်းအတွက် ကုန်ကျစရိတ်ကို လျှော့ချချင်တယ် ဆိုရင်တော့ အခုပြထားတဲ့ ပန်းစည်းလေးလို လက်ကိုင်ပန်းမျိုးကို ကိုယ်တိုင်ပြုလုပ်လိုက်နိုင်ပါတယ်နော်။ ဒီပုံလေးကတော့ ဆန်းပြားတဲ့ဝတ်စုံလေး ဆင်မြန်းမယ့် သတို့သမီးလေးတို့ အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေစေမှာပါ။

အပွင့်လေးနဲ့ အရွက်လေးနဲ့ ပြင်ထားတဲ့ပန်းစည်းလေး (Photo:brides)

 အပွင့်လေးအပြင် အရွက်လေးနဲ့ ပြင်ထားတဲ့ပန်းစည်းလေး

ပန်းချည်းပဲ ဆိုတာထက် ပန်းကလေးရယ် သစ်ရွက်လေးရယ်နဲ့ သဘာဝဆန်တဲ့လက်ကိုင်ပန်းလေးအတွက်ကတော့ ဒီပုံစံက အကောင်းဆုံးပါ။ သတို့သမီးလေးရဲ့ အလှကို ပိုမို တောက်ပလာစေနိုင်မယ့်ပန်းစည်းပုံစံလေးပါ။ ပန်းရောင်စုံနဲ့ ဝေဆာနေတဲ့လက်ကိုင်ပန်းလေးတွေကတော့ ဝတ်စုံတိုင်းနဲ့ လိုက်ဖက်ဖို့ ခက်ခဲပေမယ့် အခုပြထားတဲ့လက်ကိုင်ပန်းစည်းလေးကတော့ ဘယ်လိုမျိုး ဝတ်စုံပုံစံနဲ့နေနေ ကြည့်လို့ ကောင်းနေမှာ သေချာပါတယ်။

Marry ရဲ့ သတို့သမီးလေးတို့လည်း အခု ပြထားတဲ့လက်ကိုင်ပန်းစည်းလေးတွေကို ကြည့်ပြီး ကိုယ်တိုင် ပြုလုပ်လို့ရပါတယ်နော်။

Comments

0 comments