မင်္ဂလာပွဲမှာ သဇင်ပန်းပန်ချင်တဲ့ သတို့သမီးလေးတို့ ကြိုလုပ်ရမှာတွေ

by: Phyo Pyae Thu
 0 comments  0 love

သတို့သမီးလေးတို့အတွက် သဇင်ပန်းက ကုန်ကျစရိတ်များတဲ့ ပန်းတစ်မျိုး ဖြစ်တာကြောင့် ကိုယ်ဘယ်လောက် ကုန်ကျခံနိုင်မလဲဆိုတာ မူတည်ပါတယ်။

မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့ရေ ကိုယ့်ရဲ့ မင်္ဂလာပွဲလေးကို ဘယ်လိုပန်းလေးတွေနဲ့ အလှဆင်မယ် စိတ်ကူးထားလဲ ၊ သတို့သမီးလေး ပန်ဆင်မယ့် ပန်းကရော ဘယ်လိုပန်းပန်မယ် စိတ်ကူးထားလဲ။ တချို့သတို့သမီးလေးတွေကတော့ မင်္ဂလာပွဲအတွက် သဇင်ပန်းကို ရွေးချယ်လေ့ ရှိကြပါတယ်။ သဇင်ပန်း မရမှာစိုးတယ်ဆိုရင် ဘာတွေကြိုတင်လုပ်ရမလဲ။

Photo : Wunna Khwar Nee (Focus Daily)

သဇင်ပန်း ပန်မယ့်အချိန်

သဇင်ပန်းက ရာသီအလိုက် ပွင့်တာမလို့ ကိုယ်မင်္ဂလာဆောင်မယ့် အချိန်က သဇင်ပန်း ပေါသလား ရှားသလား သိဖို့ လိုပါတယ်။ ရှားနေတဲ့အချိန်ဆိုရင် ဈေးနှုန်းများသလို ရှာရလည်း ခက်ပါတယ်။ ခေါင်ခက်ကောင်းကောင်း မရတာ၊ လိုချင်တဲ့ရက် မရတာမျိုးပေါ့။ ဒါကြောင့် ကိုယ်ပန်မယ့် ရက် အတိအကျ သိပြီးတာနဲ့ ကြိုရှာပါ။

သဇင်ခြံ

သဇင်ခြံတွေကို ကြိုချိတ်ထားဖို့ လိုပါတယ်နော်။ ကိုယ်လိုချင်တဲ့ သဇင်ပန်းခက်ရဲ့ အရွယ်အစားကအစ သေချာသိထားဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ ရောက်မယ့်အချိန်နဲ့ သဇင်ခြံရဲ့ ဝန်ဆောင်မှုကအစ သိနေဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ရင် ပွဲနေ့ ရောက်မှ စိတ်ညစ်နေရတတ်ပါတယ်။

Photo : My Dream

ကုန်ကျစရိတ်

သဇင်ပန်းအတွက် ကုန်ကျစရိတ်ကို ကြိုတင်ပြီး တွက်ဆထားဖို့ လိုပါတယ်။ သဇင်ပန်းက ကုန်ကျစရိတ်များတဲ့ ပန်းတစ်မျိုး ဖြစ်တာကြောင့် ကိုယ်ဘယ်လောက် ကုန်ကျခံနိုင်မလဲဆိုတာ မူတည်ပါတယ်။ သဇင်က ရှားတဲ့အချိန်မှာဆိုရင် တခက်ကို (၁) သောင်းကျော် ရှိတာမို့ အနည်းဆုံးတော့ အခက် (၂၀) လောက်မှ အဆင်ပြေနိုင်မှာမို့ ကုန်ကျစရိတ်ကို ကြိုတွက်ပါ။

သဇင်ပန်း မရမှာစိုးရိမ်ရင်

ကိုယ့်ရဲ့ ပွဲမှာ သဇင်ပန်း မရမှာ စိုးရိမ်တယ်ဆိုရင်တော့ ကြိုချိတ်ဖို့ လိုသလို နောက်ထပ်နည်းလမ်းတစ်ခုကတော့ အတုနဲ့ ရောပြီး ပန်ဆင်တာပါ။ ဒါကတော့ ကိုယ်ရွေးချယ်ထားတဲ့ ဆံထုံးပေါ်မှာ မူတည်သလို ဆံထုံးထုံးပေးမယ့်သူအပေါ်မှာလည်း မူတည်ပါတယ်။ဆံထုံးထုံးပေးမယ့် သူနဲ့ ညှိကြည့်လို့ သဇင်ပန်းကို အတုနဲ့ အစစ်ရောပြီး ပန်ဆင်ပေးမယ်ဆိုရင် သဇင်လိုသလောက် မရရင်တောင် လှနိုင်ပါတယ်နော်။ ဒါကြောင့် သဇင်ပန်း မရမှာ စိုးရိမ်ရင် ဆံထုံးထုံးပေးမယ့်သူနဲ့သာ တိုင်ပင်ပါ။

ကိုယ့်ရဲ့ မင်္ဂလာပွဲမှာ သဇင်ပန်းပန်မယ်လို့ စဉ်းစားထားရင်တော့ Marry က ပြောပြထားတဲ့ အချက်တွေ စဉ်းစားထားဖို့ လိုတယ်နော်။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords