Advertisement

လေ့ကျင့်ခန်းတွေ လုပ်နေတယ်ဆိုရင်တော့ အကြောလျှော့တဲ့ နည်းကို မမေ့လိုက်ပါနဲ့။ လေ့ကျင့်ခန်း မလုပ်ခင်မှာရော လေ့ကျင့်ခန်း လုပ်ပြီးတဲ့အချိန်မှာရော အကြောလျှော့ပါ။

ခန္ဓာကိုယ် အလှအပ စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုယ့်ခန္ဓာကိုယ်လေး ချပ်ချပ်ရပ်ရပ် ဖြစ်နေစေဖို့အတွက် အကြံကောင်းလေးတွေ လိုတယ်နော်။ ခန္ဓာကိုယ် ချပ်ချပ်ရပ်ရပ်လေး ဖြစ်အောင် ကြိုးစားနေတယ်ဆိုရင်တော့ လုပ်ရမယ့် အချက်လေးတွေ ရှိပါတယ်။ ဘယ်လိုလေးတွေ လိုအပ်တယ်ဆိုတာ သိရဖို့ ဖတ်ကြည့်ရအောင်။

ဆိုရှယ်ပေါ်မှာ တင်ကြည့်ပါ

ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး Motivation ကောင်းကောင်းရချင်တယ်ဆိုရင် ကိုယ့်လိုပဲ ကြိုးစားနေတဲ့သူတွေကို ဆိုရှယ်ပေါ်မှာ လိုက်ကြည့်ပါ။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ အဖော်ရှိတယ်ဆိုရင် စိတ်အားသန်လာမှာပါ။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ ဆိုရှယ်မှာလည်း ဝိတ်ချတဲ့ အကြောင်းတွေ တင်မယ်ဆိုရင် ကိုယ့်မိတ်ဆွေတွေရဲ့ အကြံပေးစကားတွေကို ကြားရမှာ ဖြစ်တာကြောင့် စိတ်ပိုပြီး ထက်သန်လာနိုင်ပါတယ်။

Gym ကမ္ဘာထဲမှာ နေပါ

ကိုယ်က ခန္ဓာကိုယ် ချပ်ချပ်ရပ်ရပ်လေး ဖြစ်ချင်လို့ ကြိုးစားနေတယ်ဆိုရင်တော့ Gym ကမ္ဘာထဲမှာ နေဖို့ လိုပါတယ်။ ချစ်တို့ ကိုယ်နဲ့ အနီးအနားပတ်ဝန်းကျင်ကို Gym ကမ္ဘာအဖြစ် သတ်မှတ်ရမှာပါ။ ဂျင်ရောက်မှ လေ့ကျင့်ခန်း လုပ်တာမျိုး မဟုတ်ဘဲ ဓါတ်လှေကားအစား လှေကားသုံးတာ၊ ပြေးတာ အိမ်မှာနေရင်း လေ့ကျင့်ခန်း လုပ်တာမျိုးပေါ့။ နေရာဒေသ မရွေးဘဲ နေရာတိုင်းမှာ ဂျင်ဆော့ဖြစ်အောင် ကြိုးစားပါ။

အကြောလျှော့ပါ

ချစ်တို့ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းတွေ လုပ်နေတယ်ဆိုရင်တော့ အကြောလျှော့တဲ့ နည်းကို မမေ့လိုက်ပါနဲ့။ လေ့ကျင့်ခန်း မလုပ်ခင်မှာရော လေ့ကျင့်ခန်း လုပ်ပြီးတဲ့အချိန်မှာရော အကြောလျှော့ပါ။ အကြောလျှော့တာက ကြွက်သားနာကျင်တာတွေနဲ့ ကြွက်သားတင်းမာတာတွေကို သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် မဖြစ်မနေ လုပ်သင့်တဲ့ အချက်ပါ။

Gym ကမ္ဘာထဲမှာ နေပါ

Gym ကမ္ဘာထဲမှာ နေပါ (phototimesofindia.indiatimes.com/z)

ပရိုတင်းသောက်ဖို့ လိုသလား

ခန္ဓာကိုယ်ကို အလေးချိန်တက်လာဖို့ ကြိုးစားနေတယ်ဆိုရင် ကိုယ့်ရဲ့ ဂျင်ဆရာနဲ့ တိုင်ပင်ပြီး ပရိုတင်းသောက်ဖို့ လိုတဲ့အခါ သောက်ပါ။ ပရိုတင်းသောက်ဖို့ လို မလိုလည်း သေချာတိုင်ပင်ပါ။ ချစ်တို့ သဘောနဲ့တော့ မသောက်ပါနဲ့။ အလေးချိန်တက်ဖို့ ကြိုးစားနေရင် ပရိုတင်းက အရေးပါပါတယ်နော်။

တပတ်တကြိမ် တိုင်းပါ

တစ်ပတ်ကို တစ်ကြိမ်လောက် ကိုယ့်ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုကို တိုင်းတာပါ။ ဒါမှ ကိုယ့်ရဲ့ ကြိုးစားမှုကို မြင်ရပြီး စိတ်အားထက်သန်လာမှာပါ။ ကြိုးစားဖို့ လိုသေးတယ်ဆိုရင်လည်း ထပ်ပြီး ကြိုးစားပြင်ဆင်နိုင်မှာပါ။ ဒါကြောင့် ချစ်တို့ တပတ်တကြိမ်လောက်တော့ အလေးချိန်နဲ့  ကိုယ့်ရင်တင်တွေရဲ့ အတိုင်းအထွာတွေကို တိုင်းပါ။

Cardio ဆော့ပါ

ကိုယ့်ရဲ့  ခန္ဓာကိုယ် လှလှပပလေး ဖြစ်တာကို ခပ်မြန်မြန် မြင်ချင်တယ်ဆိုရင်တော့ cardioပါ တွဲပြီး ဆော့ပါ။ ချစ်တို့ cardio ပါ တွဲဖက်ပြီး ဆော့ဖို့ စဥ◌်းစားကြည့်ပါ။ cardio ဆော့တာက ဝိတ်ကျမြန်စေမယ့် အချက်တွေထဲက တစ်ခုပါပဲ။

အစားစားတဲ့ ပမာဏ

အစားစားတဲ့ ပမာဏ (phototimesofindia.indiatimes.com/z)

အစားစားတဲ့ ပမာဏ

ဝမလာချင်ဘူးဆိုရင်တော့ အစားစားတဲ့ ပမာဏကိုလည်း ထိန်းထားဖို့ လိုပါတယ်နော်။ အမြဲတမ်း ဗိုက်တင်းနေအောင်၊ ပြည့်နေအောင် စားတာမျိုးက နောက်တစ်ကြိမ်လည်း အဲ့လောက် ပမာဏစားမှ ဗိုက်ဝတယ်လို့ ခံစားမိစေပါတယ်။ ဒီတော့ များများ စားမိနေတော့တာပေါ့။ ဒါကြောင့် အစားစားတဲ့ ပမာဏကိုလည်း Limit လုပ်ထားပါ။ အသီးအရွက် များများစားတဲ့ အလေ့အကျင့်လုပ်ပါ။ တချို့က အသီးအရွက်စားဖို့ တွန့်ဆုတ်တတ်ကြတယ်နော်။ အဲဒီလို မဟုတ်ပါနဲ့။ အသီးအရွက်မှာ ပါဝင်တဲ့ ဗီတာမင်ဓါတ်တွေက အဆီပိုတွေကို လောင်ကျွမ်းစေဖို့ ကူညီပေးပြီး အဆီပါဝင်မှုလည်း နည်းတာမို့ ဝိတ်မတက်လာအောင် ထိန်းထားပေးနိုင်ပါတယ်။

Plank ထောက်ပါ

ဘာပစ္စည်းအကူအညီမှ မလိုဘဲ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းကတော့ Plank ထောက်ပါ။  Plank ထောက်တာက ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေ အကုန်ကျစေတဲ့အပြင် ကိုယ့်ရဲ့ ကိုယ်နေဟန်ထားကိုလည်း တည့်မတ်စေပါတယ်။ စက္ကန့်နည်းနည်းလေး ထောက်နိုင်ရင်တောင် လက်မလျှော့လိုက်ပါနဲ့။ Plank ထောက်ဖို့အတွက် အရင်ဆုံး ကြမ်းပြင်မှာ ထောက်ပြီး ခြေဖျားထောက်ပါ။ တံတောင်ဆစ်ကို အားယူပြီး ခန္ဓာကိုယ်ကို ကြမ်းပြင်ကနေ ဆွဲမပါ။ (၃) စက္ကန့်လောက် ထောက်ထားနိုင်ရင်ကို အတော်လေး အဆင်ပြေပါပြီ။

ခါးလှည့်ကွင်းနဲ့ ခါးလှည့်ပြားလှည့်ပါ

ဂျင်တွေ မသွားဖြစ်ရင်တောင်ခါးလှည့်ကွင်းနဲ့ ခါးလှည့်ပြားက အိမ်မှာဝယ်ထားပြီး ကိုယ့်ဘာသာ ဆော့နိုင်တဲ့ အရာတွေပါ။ ဗိုက်မှာ အဆီစုတာတွေ မဖြစ်စေချင်ဘူးဆိုရင်တော့ ခါးလှည့်ကွင်းနဲ့ ခါးလှည့်ပြား ကစားပေးတာမျိုး လုပ်ပါ။ ဗိုက်အဆီအပြင် ခါးဘေးတွေမှာ ကျစေမှာ ဖြစ်ပါတယ်။

အဆီကျစေမယ့် နည်းလမ်းတွေ

အဆီကျစေမယ့် နည်းလမ်းတွေထဲမှာ detox water သောက်တာမျိုး ပါပါတယ်။ detox water  က ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ အဆီတွေ ကျစေတဲ့အပြင် ချပ်ချပ်ရပ်ရပ်လေး ဖြစ်ဖို့လည်း ကူညီပေးပါတယ်။ နောက်ပြီး အသီးအနှံတွေနဲ့ အဓိက လုပ်ထားတာဆိုတော့ အမျှင်ဓါတ်ရပြီး ဘေးထွက်ဆိုးကျိုးလည်း နည်းစေတယ်လေ။

Comments

0 comments