Advertisement

အတွင်းခံဘောင်းဘီမှာ အသုံးပြုထားတဲ့ ဓါတုပစ္စည်းတွေက လေဝင်လေထွက်မရအောင် တားဆီးထားသလိုဖြစ်ပြီး အလိုအမင်းစိုစွတ်စေကာ ရောဂါပိုးမွှားတွေ ပေါက်ဖွားစေတယ်။

ယနေ့ခေတ်မှာတော့ အတွင်းခံနေ့တိုင်း ဝတ်ဆင်ခြင်းက အလေ့အထတစ်ခုလို ဖြစ်လာနေပါပြီ။ ငယ်ငယ်တုန်းကတော့ နေ့စဥ်ဝတ်ဖို့ မလိုခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါ နေ့တိုင်းဝတ်လာကြတယ်။ အတွင်းခံဝတ်ဆင်မထားဘူးဆိုရင် အပြင်ထွက်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့ပါဘူး။

နေ့တိုင်းအတွင်းခံ ဝတ်ဆင်တာရပ်လိုက်မယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေ ရလာမှာပါ။

(၁) ရောဂါကူးစက်မှုနည်းလာမယ်

အတွင်းခံဘောင်းဘီအများစုက လေဝင်လေထွက်မကောင်းကြပါဘူး။ အထူးသဖြင့် အတွင်းခံဘောင်းဘီမှာ အသုံးပြုထားတဲ့ ဓါတုပစ္စည်းတွေက လေဝင်လေထွက်မရအောင် တားဆီးထားသလိုဖြစ်ပြီး အလိုအမင်းစိုစွတ်စေကာ ရောဂါပိုးမွှားတွေ ပေါက်ဖွားစေတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး ဒါမှမဟုတ် အမျိုးသမီးလိင်အင်္ဂါ မှိုစွဲတဲ့ပြဿနာတွေ နောက်ဆက်တွဲ ဖြစ်လာနိုင်ပါတယ်။

(၂) ယားတာနဲ့ ပွန်းတာ မရှိသလောက် ဖြစ်လာမယ်

လိင်အင်္ဂါတဝိုက် ယားယံတာ၊ ပွန်းတာမျိုးကို အမျိုးသမီးတော်တော်များများ ကြုံရပါတယ်။ တခါတရံ ဘောင်းဘီပွန်းတာကြောင့် နူးညံ့တဲ့နေရာတွေမှာ နီရဲပြီးသွေးထွက်တာမျိုးတွေထိ ဖြစ်တတ်ပါတယ်။ အတွင်းခံ မဝတ်တော့ဘူးဆိုရင် ဒီပြဿနာတွေ နောက်ထပ် မကြုံရတော့ပါဘူး။

Underwear လုံးဝ မဝတ်တော့ဘူးဆိုရင် ဘာတွေ ဆက်ဖြစ်လာမလဲ (Photo by news.umiamihealth.org)

 

(၃) သက်တောင့်သက်သာဖြစ်ခြင်း

အတွင်းခံ မဝတ်တော့ဘူးဆိုရင် ကိုယ့်ရဲ့စိတ်ထဲမှာ တစ်ခုခုလိုနေသလိုမျိုး ခံစားကောင်း ခံစားရနိုင်ပါတယ်။ ရက်အနည်းငယ်ကြာလာတဲ့အခါ သက်တောင့်သက်သာရှိပြီး ပေါ့ပေါ့ပါးပါး ဖြစ်လာတဲ့ ခံစားချက်မျိုး ရရှိလာမှာပါ။ အစိုဓါတ်မရှိတော့လို့ အနံ့ဆိုးတွေ ပျောက်သွားပြီး ပိုပြီး လွတ်လပ်ပေါ့ပါးတဲ့ ခံစားချက်မျိုး ပိုင်ဆိုင်စေမှာပါ။

(၄) ဘက်တီးရီးယားနည်းပါးလာခြင်း

အတွင်းခံကြောင့် စအိုကနေ ဘက်တီးရီးယားတွေ ပုန်းခိုဝင်ရောက်နိုင်တဲ့ အခွင့်အရေးတိုးစေတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာက အမျိုးသမီးတွေမှာ အများဆုံးဖြစ်တတ်ပြီး အတွင်းခံတွေမဝတ်ဘဲနေတာက ကျန်းမာရေးပြဿနာတွေ အများကြီးကောင်းလာစေနိုင်ပါတယ်။

Ref: healthshots

Comments

0 comments