Advertisement
နည်းမျိုးစုံနဲ့ ဝိတ်ချပေမယ့် ခုထိ ဝိတ်မကျဘူးဆိုတဲ့ချစ်တို့အတွက်

ချစ်တို့ရေ ဝိတ်ချနေပေမယ့် ဝိတ်မကျနေတဲ့အကြောင်းတွေ သိပြီးပြီဆိုရင်တော့ နည်းမှန်လမ်းမှန်နဲ့ ဝိတ်ကျဖို့ ဒီနည်းလမ်းတွေ လုပ်ပါနော်။

ချစ်တို့ရေ ဝိတ်တွေကတော့ ချနေတာပဲ ထင်သလောက်လည်း မကျဘူး။ အရင်ခန္ဓာကိုယ်၊ အရင်ပေါင်အလေးချိန်ပဲ ဆိုရင်တော့ ကိုယ့်ရဲ့ ဝိတ်ချနည်းနဲ့ ပတ်သက်ပြီး ပြန်စဉ်းစားသင့်နေပါပြီ။ ဝိတ်ချတယ်ဆိုရင် တကယ်ကို ဝိတ်ကျရမှာပါ။ တကယ်ဝိတ်ကျစေမယ့် နည်းမှန်လမ်းမှန်တွေနဲ့ပဲ ဝိတ်ချရမှာပါ။ အဲဒီလို မဟုတ်ဘူးဆိုရင် ဘာတွေမှားနေလဲ၊ ဘယ်လိုပြင်ရမလဲ သိဖို့လိုပါတယ်။

ဆေးတွေသောက်တာ

ခုနောက်ပိုင်း မိန်းကလေးတွေကြားမှာ ရေပန်းစားတာကတော့ ပိန်ဆေးတွေ သောက်တာပါပဲ။ တကယ်တော့ ဒီဆေးတွေက ဝိတ်ကျစေမယ့် ဝိတ်ချနည်းအမှန်တွေ မဟုတ်ပါဘူး( ဆရာဝန်ညွှန်းတဲ့ဆေးမဟုတ်ရင်ပေါ့)။ တကယ်တမ်းတော့ ဘယ်လိုဆေးဝါးပဲသောက်သောက် ဆရာဝန်နဲ့သာ တိုင်ပင်သင့်ပါတယ်။ ဆရာဝန်မညွှန်ကြားတဲ့ ပိန်ဆေးတွေသောက်ပြီး ဝိတ်ချနေတာဟာ နည်းမှန်လမ်းမှန် မဟုတ်လို့ ဝိတ်မကျနိုင်ပါဘူး။ အန္တာရာယ်ရှိတာမျိုးတောင် ဖြစ်နိုင်တယ်နော်။

(photo freepik)

ကယ်လိုရီ မထိန်းတာ

ဝိတ်ချကျတဲ့ မိန်းကလေး အများစုက အစားလျှော့ကြပါတယ်။ တကယ်တမ်း ဝိတ်ကျသွားဖို့အတွက် အစားအသောက်နဲ့လည်း ထိန်းထားရပါမယ်။ ဒါပေမယ့် မိန်းကလေးတွေ ဝိတ်ချမယ်ဆိုပြီး အစားစားတာ လျော့ကျပေမယ့် တကယ်တမ်း မကျတာမျိုး ရှိပါတယ်။ အဲဒါက အစားသာ လျော့နေပြီး နည်းနည်းပဲ စားတယ်၊ အဲဒီနည်းနည်းက ကယ်လိုရီတွေ များနေတာမျိုး။ ဒီတော့ အစားဘယ်လောက် စားတယ် လျော့တယ်ဆိုတာထက် ကယ်လိုရီဘယ်လောက် နည်းတာစားသလဲက အဓိကပါ။ ဒါမှ ဝိတ်ကျမှာပါ။

(photo: money chrashers)

လေ့ကျင့်ခန်းကို မေ့ထားတာ

ခန္ဓာကိုယ်မှာ အဆီတွေ ရှိနေတာကို ဖယ်ထုတ်ပစ်ဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်ကို လုပ်ဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိဘဲနဲ့ အဆီတွေ မကျနိုင်ပါဘူးနော်။ ဒီတော့ ဂျင်ဆော့တာ၊ အက ကတာ၊ လမ်းလျှောက်တာ၊ ပြေးတာ ဒါတွေ လုပ်ပေးပါ။ လေ့ကျင့်ခန်း လုပ်တဲ့အခါမှာလည်း ဝိတ်ချမယ်လို့ တွေးတဲ့ရက်ပဲ လုပ်ပြီး နောက်ရက်တွေကျ ဒုံရင်းဆိုရင်လည်း ဝိတ်မကျနိုင်ပါဘူးနော်။ ဖြည်းဖြည်း မှန်မှန် လုပ်ရမှာပါ။

ကိုယ့်ကိုယ်ကိုနှစ်သိမ့်တာ

တချို့မိန်းကလေးတွေက ကိုယ့်ကိုယ်ကို အရမ်းနှစ်သိမ့်တာ၊ ညှာတာ ညာတာမျိုး ရှိတယ်နော်။ ဒီလောက်လေး ဝတာကတော့ ရပါသေးတယ်၊ ဒီ့ထက်ဝတဲ့သူတွေ ရှိတာပဲဆိုပြီး လွယ်လွယ်နဲ့ စိတ်လျှော့တာမျိုးကလည်း ဝိတ်မကျစေပါဘူး။ နောက်ပြီး shaper ဝတ်ထားချိန်မှာ ခါးလေးသွယ်သွားတာကလည်း တကယ်အဆီတွေ မရှိတေ့ာ မဟုတ်ဘူးနော်။ Shaper ဝတ်ထားတဲ့အချိန်လေးမှာပဲ ကိုယ့်ခန္ဓာကိုယ်လေးကို ပိန်သွားပြီဆိုပြီး အစားတွေ ဇွတ်စားတာမျိုး တချိန်လုံး ဒါပဲ ဝတ်ထးတာမျိုးလည်း မလုပ်ပါနဲ့နော်။ တကယ်ဝိတ်ကျချင်ရင် ကိုယ့်ကိုယ်ကို မညာဖို့ လိုပါတယ်။

 

Comments

0 comments