Advertisement

ဝလာမှာစိုးရင် ဒီအချက်လေးတွေကို တစ်လလောက် ဂရုစိုက်ကြည့်ပေးပါ။ တစ်လလောက်ဆိုရင်တောင် ကိုယ့်ခန္ဓာကိုယ်မှာ ဝိတ်မတက်ဘဲ ထိန်းထားနိုင်မှာပါ။

ဝဝလှလှဆိုတာလည်း တကယ်တမ်းတော့ အချိုးကျကျလေး ဝမှလှတာပါနော်။ ခန္ဓာကိုယ်နေရာအနှံ့ကနေ ထွက်ချင်တဲ့နေရာကနေ အဆီပိုတွေထွက်နေတာကတော့ မလှပါဘူး။ ဒါကြောင့် မိန်းကလေးတော်တော်များများက ဝမှာ ကြောက်ကြတာပါ။ ဝလာရင်လည်း ပြန်ချဖို့ဆိုတာ တော်ရုံဇွဲနဲ့ မရဘူးလေ။ ဒီတော့ မဝခင်ကတည်းက ထိန်းထားဖို့ လိုပါတယ်။ ဘယ်လိုပုံစံတွေနဲ့ ထိန်းထားရမလဲ ပြောပြမယ်နော်။

စိတ်ဖိစီးမှုကိုလည်း ထိန်းပါ

စိတ်ဖိစီးမှုတွေ များတဲ့အခါ ဝလာနိုင်ပါတယ်နော်။ စိတ်ဖိစီးမှု များတာက cortisol ပမာဏကို မြင့်တက်စေပြီး အဲဒီလို ပမာဏ များလာတာက ဝိတ်တက်တာမျိုး ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့်လည်း တချို့က စိတ်တွေဖိစီးနေပေမယ့် ဝနေတာပေါ့။

လေ့ကျင့်ခန်းမလုပ်တာ

စားလိုက်တဲ့ အဆီအစိမ့်တွေက ဝလာစေနိုင်တယ်ဆိုတော့ ဒါတွေကို ချေဖျက်လိုက်ဖို့အတွက် လေ့ကျင့်ခန်း လုပ်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ုလုပ်နေတယ်ဆိုရင် အဆီပိုတွေ မရှိဘဲ အသားကျစ်ပြီး ဝလာတာမျိုး မဖြစ်စေနိုင်တော့ပါဘူး။ လမ်းလျှောက်တာ၊ ပြေးတာ၊ Gym ဆော့တာမျိုး လုပ်ပါ။ Gym သီးသန့် မလုပ်ရင်တောင် အိမ်တွင်းလေ့ကျင့်ခန်းလေး လုပ်ပါ။

အသီးအရွက်

အသီးအရွက် များများစားတဲ့ အလေ့အကျင့်လုပ်ပါ။ တချို့က အသီးအရွက်စားဖို့ တွန့်ဆုတ်တတ်ကြတယ်နော်။ အဲဒီလို မဟုတ်ပါနဲ့။ အသီးအရွက်မှာ ပါဝင်တဲ့ ဗီတာမင်ဓါတ်တွေက အဆီပိုတွေကို လောင်ကျွမ်းစေဖို့ ကူညီပေးပြီး အဆီပါဝင်မှုလည်း နည်းတာမို့ ဝိတ်မတက်လာအောင် ထိန်းထားပေးနိုင်ပါတယ်။

အချိုရည်တွေ

ချစ်တို့ရေ သကြားများများပါတဲ့ အချိုရည်တွေကိုလည်း ရှောင်ဖို့ လိုပါတယ်။ အချိုရည်မှာ ပါဝင်တဲ့ သကြားဓါတ်က က သွေးတွင်းသကြားဓါတ်ကိုလည်း မြင့်တက်စေပြီး ဝလာစေနိုင်ပါတယ်။

အစားစားတဲ့ ပမာဏ

အစားစားတဲ့ ပမာဏ

အစားစားတဲ့ ပမာဏ

ဝမလာချင်ဘူးဆိုရင်တော့ အစားစားတဲ့ ပမာဏကိုလည်း ထိန်းထားဖို့ လိုပါတယ်နော်။ အမြဲတမ်း ဗိုက်တင်းနေအောင်၊ ပြည့်နေအောင် စားတာမျိုးက နောက်တစ်ကြိမ်လည်း အဲ့လောက် ပမာဏစားမှ ဗိုက်ဝတယ်လို့ ခံစားမိစေပါတယ်။ ဒီတော့ များများ စားမိနေတော့တာပေါ့။ ဒါကြောင့် အစားစားတဲ့ ပမာဏကိုလည်း Limit လုပ်ထားပါ။

ချစ်တို့ရေ ဝလာမှာစိုးရင် ဒီအချက်လေးတွေကို တစ်လလောက် ဂရုစိုက်ကြည့်ပေးပါ။ တစ်လလောက်ဆိုရင်တောင် ကိုယ့်ခန္ဓာကိုယ်မှာ ဝိတ်မတက်ဘဲ ထိန်းထားနိုင်မှာပါ။

Tags: fitnesshealthweight

Comments

0 comments