Advertisement

မိမိရဲ့ ကိုယ်ခန္ဓာလှပစေပြီး ဆွဲဆောင်မှုရှိနေစေဖို့အတွက် ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးချင်ပါတယ်

ဒီလေ့ကျင့်ခန်းတွေကိုလည်း ရေချိုးခါနီးမှာ အကျော့လျော့ပြီး ပြုလုပ်ပေးခြင်း ကနေ လှပတဲ့ ကိုယ်လုံးလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်

ထိုင်ထပြုလုပ်ခြင်း

ထိုင်ထ ပြုလုပ်ပေးခြင်းအနေနဲ့ မိန်းကလေးတို့ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို လှပစေနိုင်ပါတယ်

ကြိုးခုန်ခြင်း

ကြိုးခုန်တဲ့ အခါမှာတော့ အတွင်းခံ ကို သေချာစွာ တင်းတင်းကြပ်ကြပ်ဝတ်ဆင်ပြီး ပြုလုပ်သင့်ပါတယ် ။ ကြိုးခုန်ခြင်းကလည်း ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေကို ရာခိုင်နူန်းတော်တော်များများလောင်ကျွမ်းစေတာ ဖြစ်လို့ လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်

ပြေးခြင်း

ပြေးခြင်း ၊ လမ်းလျှောက်ခြင်း စတာတွေကတော့ အမြဲလုပ်ဆောင်တတ်ကြတဲ့ လေ့ကျင့်ခန်းတွေ ဆိုပေမယ့်လည်း တကယ်ကိုလည်း ထိရောက်ပါတယ် ။ လူတစ်ယောက်ဟာတစ်နေ့ကို ခြေလှမ်းပေါင်း တစ်သောင်းလမ်းလျှောက်ခြင်းကနေ အသက်ရှည်ခြင်း ၊ ကျန်းမာခြင်း စတဲ့ ကောင်းမွန်တဲ့ ဆုလဒ်တွေကို ရရှိနိုင်တာ ဖြစ်လို့ ဒီလေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်နိုင်ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်နော်

ဒိုက်ထိုးခြင်း

အမျိုးသားတွေကတော့ ရေချိုးခါနီးမှာ များသောအားဖြင့် ဒိုက်ထိုးခြင်းကို ပြုလုပ်တတ်ကြပါတယ် ။ အမျိုးသမီးတွေ အနေနဲ့လည်း လုပ်ဆောင်နိုင်ပါတယ် စစခြင်း အရမ်း မလုပ်နိုင်ရင်တောင် ခန္ဓာကိုယ် Balance ဖြစ်ဖို့ အတွက် Plank Workout ကိုတော့ မဖြစ်မနေပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်မှာ ရှိတဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းလိုက်ပါလို့ အကြံပြုချင်ပါတယ်

Tags: workout

Comments

0 comments