Advertisement

ချစ်တို့‌ရေ Gym သွားဆော့တဲ့အခါ ဂရုစိုက်ရမှာတွေကို သေချာဂရုစိုက်ပေးဖို့ လိုတယ်နော်။ ဒါမှ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အနေအထားကို အမြန်ရမှာပါ။

ချစ်တို့ရေ ကျန်းမာရေးကောင်းချင်ပြီး ခန္ဓာကိုယ် ကျစ်ကျစ်လစ်လစ်လေး ဖြစ်ချင်ရင်တော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်ဖို့နဲ့ နည်းလမ်းမှန်မှန် လုပ်ဖို့ဆိုရင်  Gym သွားဖို့ လိုတာပေါ့။ Gym မှာ သွားဆော့မယ်ဆိုရင် ဂရုစိုက်သင့်တာတွေ ရှိပါတယ်။ ဒါမှ ကိုယ်ဆော့သလောက် ထိရောက်ပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုမှာပါ။

စိတ်မလောပါနဲ့

Gym သွားဆော့တဲ့အခါ အရမ်းစိတ်မလောပါနဲ့။ တချို့က စဆော့ပြီဟေ့ဆိုတာနဲ့ ချက်ချင်းကို ရလဒ်ကို မြင်ချင်တော့တာပါ။ အဲဒါကြောင့် စိတ်လောပြီး လေ့ကျင့်ခန်း လုပ်တဲ့အခါ အများကြီး တကြိမ်တည်း လုပ်ချင်တာတွေ၊ အလွန်အကျွံလုပ်တာတွေက ခန္ဓာကိုယ်အတွက် ကောင်းကျိုး ထင်သလောက် မဖြစ်စေပါဘးးနော်။ စိတ်လောပြီး မဆော့ဘဲ ဖြည်းဖြည်းချင်းပဲ ဆော့သွားပါ။

 

ဂရုစိုက်သင့်တာတွေ

ဂရုစိုက်သင့်တာတွေ

အရေအတွက်ကိုပဲ အာရုံမထားပါနဲ့

Gym ဆော့တဲ့အခါ အကြိမ်ရေတွေ တွက်ချက်ပြီး ဆော့ကြတယ်မလား။ Gym ဆော့တဲ့အခါ အရေအတွက်ကိုပဲ အာရုံစိုက်ပြီး အရေအတွက် ပြည့်ဖို့ပဲ မကြိုးစားပါနဲ့။ ချစ်တို့ တစ်ချက် ဆော့လိုက်တိုင်း ခန္ဓာကိုယ်ကြွက်သားတွေအပေါ် ထိရောက်လားဆိုတာပဲ အာရုံစိုက်ပါ။ ခန္ဓာကိုယ်ကြွက်သားအပေါ် ထိရောက်မှုကို အာရုံစိုက်မှ လေ့ကျင့်ခန်း လုပ်တာက ထိရောက်စေမှာပါ။ သူများတွေက တစ်နေ့ ဘယ်နှစ်ရာ ဘယ်လောက် လုပ်လို့ ဆိုတာတွေ အားမကျနေဘဲ ဆယ်ကြိမ်လောက် လုပ်ရရင်တောင် အဲဒီ ဆယ်ကြိမ် ထိရောက်ဖို့ ဂရုစိုက်ပါ။ ဒါဆို အဆင်ပြေမှာပါ။

တဆင့်ချင်းတိုးပါ

အပေါ်မှာ‌ပြောတဲ့ စိတ်မလောနဲ့ဆိုသလိုမျိုးပဲ ဆော့တဲ့အခါ တဖြည်းဖြည်းချင်း ဆော့ဖို့ လိုပါတယ်။ ရက်အနည်းငယ်အတွင်းနဲ့ အကုန်စုံအောင် ဆော့ချင်တာက တကယ်မထိရောက်နိုင်ပါဘူးနော်။ တကယ်တမ်း တစ်ဆင့်ချင်း ဖြည်းဖြည်းချင်း တိုးဆော့ပြီး လေ့ကျင့်ခန်းရဲ့ လှုပ်ရှားမှုတွေကို မှန်မှန်လှုပ်ရှားဖို့သာ အရေးကြီးတာပါ။ ဒါမှ ကြွက်သားနာကျင်တာတွေ၊ ခါးနာတာမျိုးတွေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်မိတာမျိုး မဖြစ်မှာပါ။

တဆင့်ချင်းတိုးပါ

တဆင့်ချင်းတိုးပါ

အထောက်အကူပြု ပစ္စည်းတွေ

အထောက်အကူပြု ပစ္စည်းတွေ ဆိုတာ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ရဖို့အတွက် လိုအပ်တဲ့အရာ မှန်သမျှပါပဲ။ ပရိုတင်းမှုန့်တွေ သောက်ဖို့ လိုအပ်ရင် သောက်ပါ။ သောက်မယ်ဆိုရင်တော့ တတ်ကျွမ်းသူနဲ့ တိုင်ပင်ဖို့လည်း လိုတယ်နော်။ နောက်ပြီး gym ဆော့နေတယ်ဆိုရင် အစားလည်း မှန်အောင် စားပါ။ တချို့က ဝိတ်လျှော့တယ်ဆိုပြီး အစားပါ မစားတော့တာမျိုး လုပ်တတ်ကြပါတယ်။ တကယ်တမ်းတော့ ဆော့တဲ့အခါ ခန္ဓာကိုယ်က အရမ်းပင်ပန်းနေတာဖြစ်တဲ့အတွက် လုံလောက်တဲ့ အာဟာရတွေ ဖြည့်တင်းပေးထားဖို့ လိုပါတယ်။ အသားငါးနဲ့ အသီးအရွက်တွေ မျှတအောင် စားပေးပါ။

ချစ်တို့‌ရေ Gym သွားဆော့တဲ့အခါ ဂရုစိုက်ရမှာတွေကို သေချာဂရုစိုက်ပေးဖို့ လိုတယ်နော်။ ဒါမှ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အနေအထားကို အမြန်ရမှာပါ။

 

Tags: fitnessgym

Comments

0 comments