Advertisement

မျက်စိထဲ အန္တရာယ်ဖြစ်စေနိုင်တဲ့ အရည်တွေ ဝင်ရောက်တာကိုလည်း အထူးကာကွယ်ဂရုစိုက်ဖို့ လိုတယ်နော်။ ဒါမှ ကိုယ့်မျက်စိက ကျန်းမာရေးနဲ့အညီကောင်းမွန်နေမှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ် ကျန်းမာဖို့ စိတ်ကျန်းမာဖို့ အကာအကွယ်တွေ လုပ်ကြတယ်မလား။ အဲဒီလိုပဲ အစားထိုးဖို့ ခက်လွန်းတဲ့ မျက်လုံးကိုလည်း အကာအကွယ်တွေ ထားသင့်ပါတယ်။ ဒါမှ မျက်လုံးက မထိခိုက်သင့်တာ မထိခိုက်ဘဲ ကျန်းကျန်းမာမာ ရှိမှာပေါ့လေ။ တစ်ခါတလေမှာ မျက်လုံးကို အကာအကွယ်မပေးမိတဲ့အပြင် ထိခိုက်အောင် လုပ်မိနေတာတွေ ရှိပါတယ်။ ဘယ်လိုအရာတွေက မျက်လုံး ကျန်းမာရေးကိုထိခိုက်နေစေသလဲဆိုတာ ပြောပြမယ်နော်။

နေပူထဲ အဆောင်းအကာ မပါဘဲ ထွက်တာ

အားလုံးက ခန္ဓာကိုယ်အရေပြား နေမထိအောင်၊ နေမလောင်အောင်၊ ဦးခေါင်း နေမပူအောင်သာ ဂရုစိုက်ကြပေမယ့် အရေးကြီးတဲ့ မျက်လုံးကိုတော့ မေ့နေတတ်ကြပါတယ်။ တကယ်တော့ မျက်လုံးကျန်းမာရေးကို ထိခိုက်စေတဲ့အထဲမှာ နေရောင်ခြည် ထိတွေ့တာလည်း ပါပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေ မျက်စိနဲ့ တိုက်ရိုက်ထိတွေ့တာက မျက်လုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေပူထဲ ထွက်တဲ့အခါ နေကာမျက်မှန်၊ အဆောင်းအကာ တစ်ခုခု ရှိသင့်ပါတယ်နော်။

မျက်လုံးအတွက် လိုအပ်တဲ့ ဗီတာမင်တွေ မဖြည့်တာ

မျက်လုံးရဲ့ ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင် လိုအပ်တဲ့ ဗီတာမင်တွေ ဖြည့်ဖို့ လိုပါတယ်။ မျက်လုံးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်တွေ ပါတဲ့ ဟင်းနုနွယ်၊ မုန်လာဥနီ၊ Omega fatty acid ပါတဲ့ အစားအစာတွေ စားရပါမယ်နော်။ အဲဒီလိုတွေ မစားတာက မျက်လုံးကို ထိခိုက်စေနိုင်တဲ့ အရာပါပဲ။

ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်တာ ဒါမှမဟုတ် ဆေးလိပ်ငွေ့ မျက်စိထဲ ဝင်တာတွေကလည်း မျက်စိရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ သုတေသီတွေက ပြောထားပါတယ်။ ဆေးလိပ်က မျက်လုံးအာရုံကြောကို ထိခိုက်စေပြီး မျက်စိအတွင်းတိမ် ဖြစ်စေတာမျိုး ဖြစ်တတ်ပါတယ်။

Laptop နဲ့ ဖုန်း Screen တွေ အကြည့်များတာ

Laptop နဲ့ ဖုန်း Screen တွေ အကြည့်များတာ

Laptop နဲ့ ဖုန်း Screen တွေ အကြည့်များတာ

ကိုယ့်ရဲ့ မျက်လုံးကို ထိခိုက်စေနိုင်တဲ့ အရာထဲမှာ Laptopနဲ့ဖုန်းကနေ ထွက်တဲ့ အလင်းရောင်တွေ ပါပါတယ်နော်။ အတတ်နိုင်ဆုံး သုံးစွဲတာကို လျှော့ချပါ။ အချိန်သတ်မှတ်ပါ။ နောက်ပြီး မျက်စိနဲ့ laptop ရဲ့ Level က တတန်းတည်း ရှိနေတာ အကောင်းဆုံးပါ။ အောက်ငုံ့ကြည့်ရလွန်းတာ၊ မော့ကြည့်ရလွန်းတာတွေက မျက်လုံးကို ရေရှည်မှာ ထိခိုက်လာစေနိုင်ပါတယ်။

ချစ်တို့ရေ ခုချိန်မှာ မျက်စိကျန်းမာရေးကို ဂရုစိုက်ဖို့ လိုပါတယ်။ မျက်စိထဲ အန္တရာယ်ဖြစ်စေနိုင်တဲ့ အရည်တွေ ဝင်ရောက်တာကိုလည်း အထူးကာကွယ်ဂရုစိုက်ဖို့ လိုတယ်နော်။ ဒါမှ ကိုယ့်မျက်စိက ကျန်းမာရေးနဲ့အညီကောင်းမွန်နေမှာ ဖြစ်ပါတယ်။

Tags: eye carehealth

Comments

0 comments