Advertisement

ကိုယ့်ဆီမှာ ဟိုတွေးပူ ဒီတွေးပူနဲ့ စိုးရိမ်စိတ်တွေ များလွန်းနေရင် အကျိုးဆက်အနေနဲ့ ခံစားရမှာတွေ ရှိတာမို့ သေချာသတိထားဖို့တော့ လိုတယ်နော်။

ချစ်တို့ရေ တစ်ခါတစ်လေမှာ အတိတ်တွေ၊ အနာဂတ်တွေ တွေးပြီး စိုးရိမ်စိတ်တွေ များလွန်းနေတာမျိုး ဖြစ်တတ်တယ်နော်။ လူတိုင်းမှာတော့ အကြောင်းကိစ္စ အမျိုးမျိုးနဲ့ စိုးရိမ်ပူပန်စရာတွေ ရှိကြပေမယ့် အမြဲတမ်းကြီး စိုးရိမ်ပူပန်နေရင်တော့ ဘယ်နည်းနဲ့မှ အဆင်မပြေနိုင်ပါဘူး။ နောက်ပြီး ကိုယ့်အတွက် ကျန်းမာရေးတွေလည်း ထိခိုက်လာနိုင်တာမို့ ကိုယ့်ဆီမှာ နောက်ဆက်တွဲ ခံစားရမယ့် ဆိုးကျိုးတွေ ရှိပါတယ်။ ဒီတော့ အမြဲတမ်း စိုးရိမ်စိတ်များလွန်းပြီး ပူပန်လွန်းနေရင် ကိုယ့်ဆီမှာ ဘာတွေဖြစ်နိုင်လဲဆိုတာ ပြောပြမယ်နော်။

ကိုယ်ခံအားနည်းလာတာ

စိုးရိမ်စိတ်တွေ များလာရင် ခန္ဓာကိုယ်က ကျန်းကျန်းမာမာ မဖြစ်တော့တာမျိုး ခံစားလာရမှာပါ။ စိုးရိမ်စိတ်တွေများပြီး ခဏခဏ ဖျားတာ၊ အကြောင်းအရင်း မရှိဘဲ ခန္ဓာကိုယ် နေရာအနှံ့ နာကျင်ကိုက်ခဲလာတာ၊ အသက်ရှူမဝသလို ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးတွေ

ချစ်တို့ ကြုံတွေ့ရမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ခေါင်းကိုက်တာ၊ ရာသီပုံမှန်မလာတာ၊ အိပ်မပျော်တာတွေနဲ့ စိတ်ဓါတ်ကျတာတွေ ခံစားလာရနိုင်ပါသေးတယ်။ စိတ်ပျော်အောင် နေမှသာ ဒီလိုကျန်းမာရေး ပြဿနာတွေ ကင်းဝေးမှာနော်။

Social ညံ့လာမယ်

Social ညံ့လာမယ်

Social ညံ့လာမယ်

ချစ်တို့ရေ Social ကောင်းတယ် မကောင်းဘူးဆိုတာ ကိုယ့်စိတ်ခံစားချက်တွေနဲ့ အများကြီး သက်ဆိုင်တယ်နော်။ ကိုယ့်ရဲ့ စိတ်ခံစားချက် ကောင်းနေမှသာ ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းလာမှာလေ။ ကိုယ့်စိတ်ထဲမှာ မလုံခြုံဘဲ စိုးရိမ်စိတ်တွေ များနေရင် ပေါင်းသင်းဆက်ဆံရေးမှာလည်း မလုံခြုံမှုတွေ၊ စိုးရိမ်စိတ်တွေနဲ့ပဲ တောက်လျှောက်ဆက်ဆံမိနေတာမျိုးတွေ ဖြစ်လာမှာပါ။ ရည်းစားရှိတဲ့သူဆိုရင်လည်း ရည်းစားနဲ့ အဆင်မပြေတော့တာမျိုးတွေ ဖြစ်လာတတ်တယ်နော်။

နှလုံးရောဂါ

နှလုံးရောဂါ (photo: medicalnewstoday.com)

နှလုံးရောဂါ

ချစ်တို့ရေ စိုးရိမ်ပူပန်မှုတွေ များလွန်းရင် နှလုံးအောင့်တာ၊ ရင်ဘတ်နာကျင်တာတွေ ဖြစ်နိုင်သလို သွေးတိုးတာတွေလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး နှလုံးရောဂါ ဖြစ်နိုင်ချေလည်း များပြီး စိတ်ဖိစီးတာတွေလည်း ဖြစ်နိုင်ပါသေးတယ်။

ပြင်ပြင်ဆင်ဆင်နေကြည့်ရအောင်

ချစ်တို့ရေ လူတိုင်းမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပေမယ့် ကျန်းမာရေး ထိခိုက်တဲ့အထိတော့ စိုးရိမ်ပူပန်နေလို့ မရဘူးလေနော်။ ဒီတော့ စိုးရိမ်စရာတွေ တွေးမိတိုင်း အသက်ဝဝ ရှူပါ။ ပြီးရင်တော့ ကိုယ်ဘာကို စိတ်ပူတာလဲ၊ စိတ်ပူတဲ့အကြောင်းအရင်းကို ရှာပြီး ဖြစ်လာမှာကို တွေးကြည့်လိုက်ပါ။ စိတ်ပူနေတာထက် ရင်ဆိုင်ဖြေရှင်းလိုက်တာမျိုး လုပ်ပါ။ ကိုယ်စိုးရိမ်နေတဲ့အရာက သိမှဖြစ်မယ်ဆိုရင်လည်း သိအောင် လုပ်လိုက်တာ အကောင်းဆုံးပါ။

ချစ်တို့ရေ ကိုယ့်ဆီမှာ ဟိုတွေးပူ ဒီတွေးပူနဲ့ စိုးရိမ်စိတ်တွေ များလွန်းနေရင် အကျိုးဆက်အနေနဲ့ ခံစားရမှာတွေ ရှိတာမို့ သေချာသတိထားဖို့တော့ လိုတယ်နော်။

Tags: fitnesshealthstress

Comments

0 comments