Advertisement

Ear seeds က ခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိမှုကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က BLACKPINK အဖွဲ့ဝင် Lisa ရဲ့  နာမည်ကျော် money သီချင်း Christmas version ပုံစံ ထပ်မံထွက်လာခဲ့ပါတယ်။ အသေးစိတ်ကြည့်တတ်တဲ့ fan တွေကတော့ Lisa ရဲ့ ထူးခြားချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ Lisa ရဲ့ နားမှာ Ear Seeds တော်တော်များများ ကပ်ထားတာကို သတိထားခဲ့မိကြပါတယ်။

နာမည်ကျော် အွန်လိုင်း platform တစ်ခုမှာတော့  Lisa  က ဘာကြောင့် ဒီလို Ear Seeds ကို တပ်ဆင်ခဲ့တာလဲဆိုတာ အဖြေရှာခဲ့ကြပါတယ်။ Ear Seeds ဆိုတာ ဘာလဲ။ ကမ္ဘာတစ်လွှားမှာ ဘာကြောင့် တပ်ဆင်ကြတာလဲ။

Ear Seeds ဆိုတာ တရုတ်ရိုးရာတိုင်းရင်းဆေးကုထုံးတစ်မျိုးဖြစ်ပြီး နားကို အဓိကထားကုသတဲ့ ရှေးဟောင်းဆေးပညာရပ်တစ်ခုပါ။ အဓိကကတော့ စိတ်ဖိစီးမှုနဲ့ သက်တောင့်သက်သာဖြစ်ဖို့ပါ။ နာကျင်မှုတွေ၊ အိပ်မပျော်တာတွေ၊ စိတ်ရောဂါနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေရေရှည်စွဲသောက်ရတဲ့ ပြဿနာ၊ စိတ်ပူပန်တာ၊ ဝမ်းနည်းတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးပါတယ်။

နားမှာ Ear seeds တပ်ဆင်ထားတာက နာကျင်မှုကို ပိုမိုခံနိုင်ရည်ရှိတယ်လို့ဆိုပါတယ် (Photo by Blissmark)

အရင်ရှေးဟောင်းတရုတ်ပြည်မှာတော့ Ear Seeds ကို vaccaria လို့ခေါ်တဲ့ ဆေးဖက်ဝင်အပင်ကို အသုံးပြုခဲ့ကြတယ်။ အခုခေတ်မှာတော့ ကြွေထည် ဒါမှမဟုတ် သတ္ထုနဲ့ ပြုလုပ်ထားတယ်။ အပ်စိုက်ကုထုံးအချို့မှာတော့ Ear Seeds ကို နားအတွင်းထဲမဟုတ်ဘဲ အပြင်ကနေ ထားတာမျိုးလည်းရှိနေတတ်တယ်။

Ear seeds က အသက်အရွယ်မရွေး Gender(ကျား၊မ) မရွေး ပြုလုပ်နိုင်သော်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဘေးကင်းတဲ့ ကုထုံးတစ်ခုဖြစ်သော်လည်း ကုသခြင်းရဲ့ အကျိုးဆက်များကို ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးတာက ပိုမိုကောင်းမွန်တဲ့ ရလာဒ်ဖြစ်လာဖို့ အကူအညီပေးပါတယ်။

Ear seeds တပ်ဆင်တဲ့အခါ ကျွမ်းကျင်တဲ့ ပညာရှင်တွေက အရင်ဆုံး နားကို alcohol swab နဲ့အရင်သန့်စင်ပေးပြီး နားရဲ့အပြင်ဘက်ကို စပြီးတပ်ပေးပါတယ်။ ဒါမှသာ နာကျင်မှု သက်သာမှာပါ။ နားအပြင်ဖက်ကနေ တဖြည်းဖြည်း နားအတွင်းပိုင်းကို နေရာရွေ့ပေးပါတယ်။

Ear seeds က ခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိမှုကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပါတယ်။ Ear seeds က စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပျောက်ကင်းရဲ့လားဆိုတာ အတိအကျလေ့လာစမ်းသပ်မှုတွေ မရှိသေးပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာအများစုကို သက်သာစေတဲ့ အထောက်အထားအချို့ရှိပါတယ်။လေ့လာတွေ့ရှိချက်အရ နားမှာ Ear seeds တပ်ဆင်ထားတာက နာကျင်မှုကို ပိုမိုခံနိုင်ရည်ရှိတယ်လို့ဆိုပါတယ်။

Lisa Christmas version vaccaria BLACKPINK

Lisa ရဲ့ နားမှာ Ear Seeds တော်တော်များများ ကပ်ထားတာကို သတိထားခဲ့မိကြပါတယ်

Ear seeds ရဲ့ အကျိုးကျေးဇူးများ

Ear seeds က နာတာရှည်နာကျင်ခြင်းတွေကို ဆေးဖက်ဆိုင်ရာအထောက်အကူပြု၊ မပြု တိကျတဲ့ လေ့လာချက်မရှိသေးပေမယ့်လည်း ကုသဖူးသူတွေရဲ့ review တွေ feedback တွေအရ အောက်ပါပြဿနာတွေကို ကူညီပေးနိုင်ပါတယ်။

  • စိတ်ပိုင်းဆိုင်ရာဆေးဝါးတွေကို ရေရှည်သုံးစွဲမှု
  • ဓါတုကုသမှုတွေကြောင့် နာကျင်ခြင်း၊ ထုံကျင်ခြင်း၊ ယားယံခြင်း
  • ခါးနာြခင်း
  • အိပ်မပျော်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ပူပင်သောကများခြင်း
  • စိတ်ဓါတ်ကျခြင်း
  • စိတ်ဒဏ်ရာရခြင်း
  • ဝမ်းနည်းခြင်း
  • ကြောက်လန့်ဖွယ်ရာ အထိပ်အလန့်ကို ကြုံတွေ့ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိခြင်း စတဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးတယ်လို့ ဆိုပါတယ်။

Ear seeds က အသက်အရွယ်မရွေး Gender(ကျား၊မ) မရွေး ပြုလုပ်နိုင်သည် (Photo by Facebook)

ဘေးထွက်ဆိုးကျိုးများ

ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မရှိပေမယ့်လည်း အောက်ပါပြဿနာအနည်းငယ်ကို ကြုံတွေ့ရတတ်ပါတယ်။

  • Ear seeds တပ်ဆင်ထားတဲ့ နေရာတဝိုက် ယားယံခြင်း နဲ့ အဆင်မပြေဖြစ်ခြင်း
  • သွေးအနည်းငယ်ထွက်ခြင်း
  • ‌‌ခေါင်းမူးခြင်း
  • ရောဂါပိုးဝင်ခြင်း
  • အိပ်ငိုက်ခြင်း
  • Ear seeds နဲ့ ဓါတ်မတည့်ခြင်း

ဒါကြောင့် ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေး တပ်ဆင်မှုပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Ref: webmd

Comments

0 comments