Advertisement

ချစ်တို့ရေ ညကြီးမိုးချုပ်မှ ဗိုက်ဆာတယ်ဟေ့ဆိုရင် ဝိတ်လည်းမတက် ဗိုက်လည်းပြည့်အောင် ဒါတွေပဲစားနော်။

ညမိုးချုပ်ကြီး ဗိုက်ဆာပြီဟေ့ဆိုတာနဲ့ မီးဖိုချောင်ထဲ ဝင် ရေခဲသေတ္တာထဲ ရှာဖွေရင်း တွေ့ကရာတွေ စားနေပြီလား။ ဒါဆိုရင်တော့ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားမိနိုင်တဲ့အပြင် ဝိတ်တက်စေမယ့် အစားအစာတွေ စားမိစေနိုင်ပါတယ်။ ခေါက်ဆွဲပြုတ်တွေနဲ့ ထမင်းဇလုံလိုက် စားမိတာမျိုးတော့ ရှောင်ရမယ် ချစ်တို့ရေ….။ ဒါဆို ဘာတွေစားကြမလဲ….။

ငှက်ပျောသီး

ဒါကတော့ အိမ်တော်တော်များများမှာ ဆာရင် အဆာပြေစားဖို့ဆိုပြီး ဆောင်ထားလေ့ ရှိကြပါတယ်။ ညဘက်မိုးချုပ်မှ ဗိုက်ဆာလာပြီး ချိုချိုလေးနဲ့ ဗိုက်ပြည့်အောင်လည်း စားရမှ ဖြစ်မယ်ဆိုရင် ငှက်ပျောသီး တစ်လုံးသာ စားလိုက်ပါ။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်က ချစ်တို့ ကျန်းမာရေးအတွက် ကောင်းကျိုးပြုသလို ဝိတ်တက်တာမျိုးလည်း နည်းစေတယ်လေ။ နောက်ပြီး ဗိုက်ပြည့်တဲ့ ခံစားချက်မျိုး ခံစားရနိုင်တာမို့ စိတ်ကျေနပ်မှာပါ။ ပြည့်နှင့်လွန်းပြီး ရေဆာတာမျိုး မဖြစ်လို့ ပြန်အိပ်မပျော်တာမျိုးလည်း မဖြစ်တော့ဘူးလေ။

https://www.ontrackdiabetes.com/

cereal

ဗိုက်ဆာနေပါတယ်ဆိုမှ ထွေထွေထူးထူး အရသာ မကဲတဲ့ cereal ကြီး မစားချင်ပါဘူးလို့တော့ ဂျေးမများပါနဲ့ ချစ်တို့ရေ…။ ဗိုက်ပြည့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ကယ်လိုရီ မပါလို့ ဝိတ်တက်တာမျိုးလည်း မဖြစ်စေတော့ဘူးလေ။ ဒီတော့ cereal သာ ကြိတ်မှိတ်ပြီး မျိုချလိုက်ပါလို့ အကြံပြုလိုက်ပါတယ်။

ကြက်ဥအကာ

ညမိုးချုပ်ကြီး ဗိုက်ဆာလာတယ်ဆိုရင် ကြက်ဥထပြုတ်ပြီး စားပါ။ ဝိတ်မတက်ချင်ဘူးဆိုရင်တော့ အနှစ်ရှောင်စားလိုက်ပေါ့။ ကြက်ဥက ဗိုက်ပြည့်စေတဲ့အပြင် ချစ်တို့လိုအပ်တဲ့ အာဟာရဓါတ်တွေ ပေးစွမ်းနိုင်ပါတယ်။ အကာချည်းပဲဆိုရင်တော့ နှစ်လုံးလောက် စားလိုက်ပါလေ။

ဒိန်ချဥ◌်

ညဘက်ဗိုက်ဆာလို့ ဖျော်ရည်တစ်ခုခုလိုမျိုး သောက်ချင်တယ်ဆိုရင် ဒိန်ချဥ◌် ရွေးချယ်လို့ ရတယ်နော်။ ဒိန်ချဥ◌်က ကယ်လိုရီနည်းတဲ့အပြင် ဗိုက်ပြည့်‌စေတာမလို့ ချစ်တို့အကြိုက်တွေ့မှာပါ။ ဝိတ်တက်တာကို ထိန်းချင်တယ်ဆိုရင်တော့ သကြားနဲ့ ထန်းလျက် လျှော့ထည်နော်။

https://www.ontrackdiabetes.com/

ပေါက်ပေါက်ဆုပ်

cereal မစားချင်ဘူးဆိုရင် ပေါက်ပေါက်ဆုပ်စားပါ။ တတ်နိုင်သမျှ ထောပတ်တွေ၊ သကြားတွေ မပါတာမျိုး စားပေးပါ။ ဒါမှ ဝိတ်ထိန်းပြီးသား ဖြစ်မှာနော်။ ပေါက်ပေါက်ဆုပ်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာမို့ ညဘက်စားဖို့ သင့်တော်ပါတယ် ချစ်တို့ရေ…။

 

Tags: foodhealthy

Comments

0 comments