Advertisement
ရုံးပတီသီး စားခြင်းရဲ့ အကျိုးကျေးဇူးများ

ရုံးပတီသီးကို လူတိုင်း ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်နော်။ ရုံးပတီသီးကို ကြော်စားစား၊ ပြုတ်စားစား၊ ချဥ◌်ရည်ဟင်းပဲ ချက်ချက် အရမ်းစားလို့ ကောင်းပါတယ်။ ဒါကြောင့် ရုံးပတီသီးကို ကြိုက်ကြတဲ့ သူတွေအတွက် စားပေးရင် အကျိုးကျေးဇူးတွေ ဘာတွေရနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

ရုံးပတီသီးက ဆီးချိုကို ထိန်းညှိပေးပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ နောက်ထပ် သွေးအားနည်းရောဂါကို ကာကွယ်ပေးတဲ့အပြင် ပုံမှန်စားပေးရင်လဲ ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေတယ်လို့လဲ သိရပါတယ်။ သွေးတွင်းအဆီဓါတ်ဖြစ်တဲ့ ကိုလက်စတောကို ကျဆင်းစေပြီး ကိုယ်ခံအားလည်း ကောင်းလာစေပါတယ်။

ဆက်ပြီး ပုံမှန်စားပေးမယ်ဆို မျက်လုံးအားလဲ ကောင်းလာစေတာမို့ မျက်စိအားနည်းသူတွေ၊ မျက်မှန်တပ်ရတဲ့သူတွေအတွက် စားသင့်တဲ့ အသီး ဖြစ်ပါတယ်လို့ မျှဝေပေးလိုက်ပါတယ်နော်။

Tags: benfitseatingfoodokravegetable

Comments

0 comments