Advertisement

လက်မောင်းပေါ်တဲ့ အဝတ်အစား ဝတ်တဲ့အခါ စိတ်တိုင်းမကျဘူး ဖြစ်ရသလို အပေါ်ပိုင်း ကြီးသလိုလည်း ခံစားစေရပါတယ်။ လက်မောင်းချည်းပဲ ကျစ်သွားအောင် ဘာတွေလုပ်လို့ရမလဲ

ချစ်တို့ရေ လက်မောင်းချည်းပဲ ကွက်ပြီးကိတ်နေလို့ စိတ်ညစ်ပြီလား။ လက်မောင်းကြီးနေတယ်ဆိုရင် လက်ပြတ်လေးတွေဝတ်တာ၊ လက်မောင်းပေါ်တဲ့ အဝတ်အစား ဝတ်တဲ့အခါ စိတ်တိုင်းမကျဘူး ဖြစ်ရသလို အပေါ်ပိုင်း ကြီးသလိုလည်း ခံစားစေရပါတယ်။ လက်မောင်းချည်းပဲ ကျစ်သွားအောင် ဘာတွေလုပ်လို့ရမလဲဆိုတာ ပြောပြပေးမယ်နော်။

လက်မောင်းလေ့ကျင့်ခန်း

လက်မောင်းချည်းပဲ ကြီးနေတာကို ချဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်တာက အကောင်းဆုံးပါပဲ။ လက်မောင်းအဆီတွေ ကျစေမယ့် လေ့ကျင့်ခန်းတစ်မျိုးပေါ့။ လက်မောင်းအတွက် ဝိတ်တုံးအသေးလေးတွေနဲ့ ဆော့လို့ ရပါတယ်။ ဝိတ်တုံးမရှိဘူးဆိုရင်လည်း တစ်လီတာဆန့် ရေဗူး(၂) ဗူးနဲ့ဆို ရပါပြီ။ ချစ်တို့ ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပါ။ လက်နှစ်ဖက်ကို ရေဗူးတစ်ဗူးစီ ကိုင်ထားပါ။ လက်ကို ရှေ့တည့်တည့် ဆန့်ထုတ်ပါ။ ပြီးရင် တံတောင်ဆစ်ကနေ ကွေးပြီး မတင်ပါ။ လက်မောင်းကို အားပြုပြီး မ တင်ပါ။ (၁၅) ကြိမ် တစ်ခါ နားပါ။ (၃) ကြိမ်ဆိုရင် ရပါပြီ။

ဒိုက်ထိုးလေ့ကျင့်ခန်း

ချစ်တို့‌ရေ ဒိုက်ထိုးလေ့ကျင့်ခန်းကလည်း တကိုယ်လုံးမှာရှိတဲ့ အဆီတွေကို ကျစေသလို လက်မောင်းမှာရှိတဲ့ အဆီတွေကိုလည်း ကျစေပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် (၁၅) ကြိမ်နှုန်းနဲ့ (၃) ခါ လုပ်ပေးပါ။ လက်မောင်းအဆီတွေ ကျပြီး ကြွက်သားတက်လာမှာပါ။ ခန္ဓာကိုယ် နာကျင်တာတွေ မဖြစ်စေဖို့ ကိုယ်နေဟန်ထားတော့ မှန်ပါစေနော်။

လေ့ကျင့်ခန်း

လေ့ကျင့်ခန်း

 

လက်လေ့ကျင့်ခန်း

ချစ်တို့ရေ နောက်ထပ်လေ့ကျင့်ခန်း တစ်ခုကတော့ လက်မြှောက်တဲ့ လေ့ကျင့်ခန်းပါ။ မတ်မတ် မတ်တပ်ရပ်ပြီး လက်ကို ဘေးနှစ်ဖက်ကို ဆန့်ထုတ်ပါ။ ပြီးရင် လက်နှစ်ဖက်ကို တပြိုင်တည်း အပေါ်ဘက်မှာ စုပါ။ဆုံပါ။ နောက်တော့ လက်နှစ်ဖက်ကို ဘေးဘက်ကို ပြန်ချပါ။ နောက်တကြိမ် အစကနေပြန်လုပ်ပါ။ တစ်ခါလုပ်ရင် (၁၅) ကြိမ်ကို (၃) ကြော့ လုပ်ပါ။

အစားအသောက်

အစားအသောက်

အစားအသောက်

ချစ်တို့ရေ လက်မောင်းအဆီကျဖို့ဆိုတာ ကိုယ်စားတဲ့ အစားအစာနဲ့လည်း ဆိုင်ပါတယ်။ အစားအသောက်မှာ ကာဗိုလ်ဟိုက်ဒရိတ် များလွန်းတာမျိုး၊ အဆီများလွန်းတာမျိုးတွေ ရှောင်ပါ။ အစားအသောက်ကို ထိန်းမယ်ဆိုရင် ဝိတ်ကိုလည်း ထိန်းပြီးသား ဖြစ်မှာပါ။ အသီးအရွက်တွေ များများ စားဖို့လည်း သတိရပါ။ နောက်ပြီး သကြားဓါတ် များလွန်းလို့ အစားအသောက်တွေလည်း ရှောင်ပါ။

ချစ်တို့ရေ လက်မောင်းချည်းပဲ ကွက်ကိတ်နေတာတွေ လျော့ချင်ရင်တော့ ဒါလေးတွေ လုပ်ကြည့်နော်။

Tags: exercisefitnesshealth

Comments

0 comments