Advertisement

ကိုယ့်ခန္ဓာကိုယ် လှုပ်ရှားလေ့ကျင့်ခန်းတွေကို ပစ်မထားပါနဲ့နော်။ ချစ်တို့ နိုင်သလောက် အိမ်မှာ လေ့ကျင့်ခန်းနဲ့ ပြောပြထားတာလေးတွေ လုပ်ထားနှင့်နော်။

ချစ်တို့ရေ ခုဆိုရင် Gym တွေကလည်း ပိတ်ထားတယ်ဆိုတော့ လေ့ကျင့်ခန်းလေးတွေ မလုပ်ဖြစ်ကြဘူးပေါ့။ ဒါပေမယ့်လည်း မဆော့ဘဲ အချိန်ကြာကြာ ရပ်ထားနားထားမယ်ဆိုရင် ဝိတ်ပြန်တက်လာတာမျိုး ဖြစ်နိုင်တယ်လေ။ ဒီတော့ ဒီကာလအတွင်းမှာ ဝိတ်ပြန်မတက်လာအောင် ဘာတွေလုပ်ထားရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။

ပြန်ဖွင့်ရင် ပြန်ဆော့ဖို့ စီစဥ◌်ထားပါ

Gym ဆော့တာကို နားလိုက်လို့ ဝိတ်ပြန်မတက်စေမယ့် နည်းလမ်းတွေ ရှိပေမယ့် အကြာကြီး ထိန်းမထားနိုင်ဘူးဆိုရင်တော့ Gym ပြန်သွားနိုင်ဖို့ ကြိုးစားပါနော်။ ကိစ္စတွေရှိနေလို့ မဟုတ်ဘဲ အပျင်းကြီးပြီး Gym မသွားတာ၊ အကြာကြီး နားတာမျိုး မလုပ်ပါနဲ့။ ပြန်သွားပါ။ အကြာကြီး နားလိုက်ရင် အစက ပြန်ဆော့ရင် ပြန်နာမှာနော်။ ဒီတော့ နားရမယ့်အချိန်နားပြီး ပြန်ဖွင့်တာနဲ့ မပျင်းမရိသွားဆော့ပါ ချစ်တို့ရေ။

လေ့ကျင့်ခန်း အသေးစားလေးတွေ

Gym ဆော့တာ ခဏရပ်လိုက်တဲ့အချိန်မှာ ဝိတ်ပြန်မတက်လာချင်ရင်တော့ လေ့ကျင့်ခန်း အသေးစားလေးတွေကို မေ့ပစ်လိုက်၊ ကျော်ပစ်လိုက်လို့ မရဘူးနော်။ အိမ်မှာနေရင်းနဲ့ အိမ်တွင်းအသေးစား လေ့ကျင့်ခန်းတွေ လုပ်ပါ။ အိပ်ထမ တင် လုပ်တာ၊ အပြေးလေ့ကျင့်တာ၊ လမ်းလျှောက်တာ စတာတွေ လုပ်ပါ။ အဲဒါဆိုရင် Gym မှာ ဆော့သလောက် ဝိတ်မကျပေမယ့် ချက်ချင်းတော့ ဝိတ်ပြန်တက်လာမှာ မဟုတ်ပါဘူး။

ကယ်လိုရီများတဲ့ အစားအစာတွေ

အရင်က ကယ်လိုရီတွေ များများစားလည်း Gym ဆော့နေတာမို့ Burn ပေးနိုင်ပါတယ်။ စားလည်း Gym ဆော့နေတော့ မသိသာဘူးပေါ့လေ။ ဒီတော့ Gym ဆော့တာကို နားထားမယ်ဆိုရင် ကယ်လိုရီ များတဲ့ အစားအစာတွေ လျှော့စားဖို့ လိုပါတယ်။ ကိုယ်စားမယ့် အစားအစာတွေကို ကယ်လိုရီ တွက်ချက်ပြီးမှသာ စားပါ။ ဒါဆိုရင်တော့ ဝိတ်ပြန်တက်နိုင်မယ့် အခွင့်အရေး နည်းတယ်လေ။

https://www.bicycling.com/

ရေများများ သောက်ပါ

ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးအရာကတော့ ရေပါပဲ။ ရေများများသောက်ပေးဖို့ လိုတယ်နော်။ Gym နားထားတဲ့ရက်မှာ ရေကိုလည်း ဂရုတစိုက် မမေ့မလျော့ဘဲ သောက်ပါ။ အဆီပိုတွေအတွက် နေရာမရှိအောင်၊ အဆီပိုတွေကို ချေဖျက်နိုင်အောင် ရေက စွမ်းဆောင်ပေးနိုင်တာမို့ ရေကို မမေ့လိုက်ပါနဲ့။

ရေများများ သောက်ပါ

ရေများများ သောက်ပါ (photo: https://www.bicycling.com/)

တက်တက်ကြွကြွနေပါ

တက်တက်ကြွကြွနေတဲ့ အလေ့အကျင့် လုပ်ထားပါ။ ဒါမှ Gym ဆော့တဲ့အခါ ချွေးထွက်သလိုမျိုး ချွေးထွက်တာမျိုးလည်း ရှိမှာဖြစ်ပြီး နေရထိုင်ရတာလည်း အဆင်ပြေမှာပါ။ နောက်ပြီး တက်တက်ကြွကြွ နေမယ်ဆိုရင် စိတ်ဖိစီးမှုလည်း လျော့နည်းတာမို့ စိတ်ဖိစီးမှုကြောင့် ထွက်တဲ့ ဟော်မုန်းကြောင့် ဝတာမျိုးလည်း မဖြစ်စေတော့ဘူးပေါ့။

ချစ်တို့ရေ Gym တွေ ပိတ်ထားလို့ဆိုပြီး ကိုယ့်ခန္ဓာကိုယ် လှုပ်ရှားလေ့ကျင့်ခန်းတွေကို ပစ်မထားပါနဲ့နော်။ ချစ်တို့ နိုင်သလောက် အိမ်မှာ လေ့ကျင့်ခန်းနဲ့ ပြောပြထားတာလေးတွေ လုပ်ထားနှင့်နော်။

Tags: fit bodyfitnessgymTips

Comments

0 comments