Advertisement

ချစ်တို့ရေ ဆောင်းရာသီမှာ အအေးမိတုပ်ကွေးဖြစ်ခြင်းကနေ ရှောင်နိုင်ဖို့ ဒီအချက်လေးတွေ ကြိုပြင်ထားရအောင်။

ရာသီအကူးအပြောင်းမှာ ဖျားနာတာမျိုး ဖြစ်တတ်တယ်နာ်။ ဆောင်းရာသီမှာလည်း ချစ်တို့ နှာစေးတာ အအေးမိတာတွေ ဖြစ်နိုင်တာပါပဲ။ ဆောင်းရာသီမှာ အအေးမိဖျားနာတာတွေ မဖြစ်ရအောင် ဘာတွေ ရှောင်ရ ဆောင်ရမလဲဆိုတာ သိထားဖို့ လိုတယ်နော်။

နွေးနွေးထွေးထွေးနေပါ

ဆောင်းရာသီမှာ နွေးနွေးထွေးထွေး နေဖို့ အရမ်းအရေးကြီးတယ်နော်။ ဆောင်းရာသီမှာ နှာစေးတာ၊ အအေးမိတာတွေ မဖြစ်စေရအောင် ညဘက်ပဲဖြစ်ဖြစ် မနက်ဘက်ပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်ကို နွေးအောင်နေပါ။ ညဘက်စောင်လွှတ်တာမျိုး၊ မနက်ခင်း အနွေးထည် မဝတ်မိတာမျိုး မလုပ်ပါနဲ့။

အာဟာရပြည့်ဝအောင်စားပါ

ဆောင်းတွင်းမှာ အအေးမမိဖို့ဆိုတာ ကိုယ်ခန္ဓာ အားကောင်းနေဖို့ လိုပါတယ်နော်။ ချစ်တို့ရဲ့  ခန္ဓာကိုယ်မှာ အားရှိနေဖို့အတွက် အသားငါး မျှမျှတတ စားသုံးပါ။ ကြက်သွန်ဖြူ စားတာမျိုး လုပ်ပေးပါ။ အသီးအရွက်တွေလည်း စားသုံးပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေက ကိုယ့်ရဲ့ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။

https://www.healthline.com/

အိပ်ရေးဝဝ အိပ်ပါ

ဆောင်းတွင်းမှာ အအေးမိတာတွေနဲ့ ဖျားနာတာတွေ မဖြစ်ဖို့အတွက် ကိုယ်ခံအားစနစ်ကောင်းနေဖို့ လိုပါတယ်။ အိပ်ရေးဝဝ အိပ်တာက ချစ်တို့ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာမို့ တုပ်ကွေး အလွယ်တကူ မဝင်လာနိုင်အောင်လည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

နှင်းစို မခံပါနဲ့

ဆောင်းရာသီမှာ ရာသီဥတု အေးတာအပြင် တချို့နေရာတွေမှာ နှင်းကျတာ၊ နှင်းရေကျတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီနှင်းရေတွေ ခေါင်းကို မစိုစေဖို့လည်း ဂရုစိုက်ဖို့ လိုပါတယ်။ နှင်းစိုမယ်ဆိုရင် ခေါင်းမှာစိုစိစိဖြစ်ပြီး အအေးမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းဆိုရင် သိုးမွှေးဦးထုပ်လေးတွေ ဆောင်းပေးပါ။

https://www.healthline.com/

နေမကောင်းဖြစ်တာနဲ့ ဆေးခန်းပြပါ

ခုက ကိုဗစ်19 ရောဂါပိုးလည်း ရှိနေတာဆိုတော့ ကျန်းမာရေး ပိုဂရုစိုက်ဖို့ လိုပါတယ်။ ဆောင်းရာသီမှာလည်း ရာသီတုပ်ကွေး ဖြစ်နိုင်တယ်ဆိုတော့ ချစ်တို့ လက္ခဏာတွေကို ကွဲကွဲပြားပြား သိထားပြီး နေမကောင်း ဖြစ်တာနဲ့ ဆေးခန်းပြဖို့ အချိန်မဆွဲပါနဲ့နော်။ ကြိုတင်ကာကွယ်တာတွေလည်း လုပ်ထားဖို့ လိုသလို နေမကောင်းဖြစ်တဲ့အခါ နီးစပ်ရာ ဆေးခန်းမှာ ပြပါ။

 

Tags: healthwinter

Comments

0 comments