Advertisement

ထိခိုက်စေနိုင်တဲ့ အစားအစာတွေလည်း ရှိပြန်ပါတယ်။ ဒီတော့ တန်ဆေးလွန်ဘေးဆိုတာ သတိချပ်ရင်း ဘယ်အစားအစာတွေကို ရှောင်ရမယ်ဆိုတာ ပြောပြပေးမယ်နော်

ချစ်တို့ရေ ကျန်းမာရေး ကောင်းဖို့ဆိုရင် ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ဂရုစိုက်ဖို့လိုသလို စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ရမယ်နော်။ ချစ်တို့ ကျန်းမာရေးအတွက် အစားအသောက်တွေကနေ အာဟာရ ရရှိဖို့လိုသလို အစားအသောက်တွေကနေ  ကိုယ့်ကျန်းမာရေး မထိခိုက်ဖို့ကိုလည်း သတိထားရမှာပါ။ ခံတွင်းကျန်းမာရေးအတွက် စားသင့်တဲ့ အစားအစာတွေလည်း ရှိသလို ထိခိုက်စေနိုင်တဲ့ အစားအစာတွေလည်း ရှိပြန်ပါတယ်။ ဒီတော့ တန်ဆေးလွန်ဘေးဆိုတာ သတိချပ်ရင်း ဘယ်အစားအစာတွေကို ရှောင်ရမယ်ဆိုတာ ပြောပြပေးမယ်နော်။

(၁) ရေခဲ

ချစ်တို့ရေ ရေခဲရေ သောက်တာက လည်ချောင်းနာတာမျိုး ဖြစ်တတ်ပေမယ့် ရေခဲတုံးတွေ ကိုက်စားတာက အချိန်ကြာလာရင် သွားရဲ့ ကြွေလွှာတွေကို ထိခိုက်စေနိုင်ပါတယ်။ ရေခဲကိုက်စားတာက သွားနာတာ ကျဥ◌်တာတွေအပြင် သွားကျိုးတာတွေ ပဲ့တာတွေတောင် ဖြစ်နိုင်ပါတယ်။

(၂) ချဥ◌်လွန်းတဲ့ အစားအစာ

ချစ်တို့ရေ ချဥ◌်လွန်းတဲ့ အသီးတွေနဲ့ အစားအစာတွေကနေ ဗီတာမင်စီဓါတ် ရတယ်ဆိုပေမယ့် အလွန်အကျွံ စားရင်တော့ သွားရဲ့ ကြွေလွှာတွေကို ပျက်စီးနိုင်ပါတယ်။ သံပရာသီး၊ သံပုရိုသီးနဲ့ လိမ္မော်သီးတွေကို အလွန်အကျွံ မစားပါနဲ့နော်။

ချဥ◌်လွန်းတဲ့ အစားအစာ (photo: /jannalidentalcare.com.au/)

(၃) ဆီကြော်အစားအစာ

ချစ်တို့ရေ ဆီကြော် အစားအစာတွေက ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အာလူးကြော်ဆိုရင် သူ့မှာပါတဲ့ ကစီဓါတ်တွေက သွားတွေကို ထိခိုက်စေနိုင်ပြီး သွားဂျိုးတွေ ဖြစ်စေနိုင်ပါသေးတယ်။

(၄)  ကော်ဖီ

ချစ်တို့ရေ ကော်ဖီကတော့ သိထားကြတဲ့အတိုင်း သွားဝါတာနဲ့ ခံတွင်းနံ့ဆိုးတာတွေကို ဖြစ်နိုင်ပါတယ်။ ခံတွင်းကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင် ခံတွင်းအနံ့ဆိုး မဖြစ်အောင် ကော်ဖီ လျှော့သောက်တာမျိုး လုပ်ကြည့်ပါ။

အချိုရည်

အချိုရည်(photo: jannalidentalcare.com.au/)

(၅) အချိုရည်

ချစ်တို့ရေ အချိုရည်မှာ ပါဝင်တဲ့ အရောင်တွေက သွားတွေကို အရောင်စွန်းထင်းတာတွေ ဖြစ်စေတဲ့အပြင် အက်ဆစ်ဓါတ်ကြောင့် သွားတွေ ပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။ ကာဗိုလ်ဟိုက်ဒရိတ်ပါတဲ့ အချိုရည်တွေဆိုရင် သွားကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။

(၆) အချိုပါတဲ့ ပစ္စည်းတွေ

ချစ်တို့ရေ အချိုပါတဲ့ ပစ္စည်းတွေက သွားတွေကို ပျက်စီးစေနိုင်ပါတယ်။ အချိုကြောင့် သွားပိုးစားတာတွေ ဖြစ်စေပြီး သွားကိုက်တာ နာကျင်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ချိုလွန်းတဲ့ အစားအစားတွေ မစားပါနဲ့။

ချစ်တို့ရေ ခံတွင်းကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင်တော့ ခုပြောတဲ့ အစားအစာ (၆) မျိုးကို တန်ဆေးလွန်ဘေးသာ စားပါနော်။

 

Comments

0 comments