Advertisement

ကိုယ့်ရဲ့ သားအိမ်ကျန်းမာရေးကို ဂရုစိုက်ချင်တယ်ဆိုရင် နေ့တိုင်းစားတဲ့ အစားအစာတွေထဲမှာ ဒီအစားအစာ(၄) မျိုးကို ထည့်စားပေးနော်။

ချစ်တို့ရေ သားအိမ်ဆိုတာ ကိုယ့်အတွက်တော့ သေချာဂရုစိုက်ရမယ့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ မျိုးဆက်ပြန့်ပွားဖု့ိ၊ လိင်မှုဘဝပျော်ရွှင်ဖို့နဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်ဖို့ဆိုတာ သားအိမ်ကျန်းမာရေး ကောင်းနေဖို့ လိုပါတယ်နော်။ ဒီတော့ သားအိမ်ကျန်းမာအောင် ဂရုစိုက်ဖို့ လိုတာပေါ့။ သားအိမ်အတွက် အားအင်ဖြစ်စေမယ့် အထောက်အကူဖြစ်စေမယ့် အစားအစာတွေ စားပေးသင့်တယ်လေနော်။ ဘယ်အစားအစာတွေ စားပေးရလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်။

ပန်းဂေါ်ဖီစိမ်း

သားအိမ်ကျန်းမာရေး ကောင်းမွန်စေဖို့ အထောက်အကူပြုတဲ့အထဲမှာ ပန်းဂေါ်ဖီစိမ်းလည်း ပါဝင်ပါတယ်နော်။ ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေက သားအိမ်လမ်းကြောင်း ကောင်းမွန်နေဖို့ ကူညီပေးပြီး မျိုးပွားဖို့အတွက် လိုအပ်တဲ့ ဟော်မုန်းတွေ ညီမျှအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။

အသီး

အသီး

ကြက်ဥအနှစ်

ကြက်ဥအနှစ်ကြိုက်တဲ့ မိန်းကလေးတွေအတွက်ကတော့ ရှယ်ပဲနော်။ ကြက်ဥအနှစ်မှာ ဗီတာမင်ဓါတ်တွေ အများအပြား ပါဝင်ပြီး အဲဒီဗီတာမင်က သားအိမ်မှာ ပိုးဝင်တာမျိုးနဲ့ ထိခိုက်မိတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် သားအိမ်ကျန်းမာရေး ကောင်းဖို့လည်း ထိန်းသိမ်းထားပေးနိုင်ပါတယ်။ မဖြစ်မနေ စားပေးနော်။

မြေပဲ

မြေပဲမှာ အိုမီဂါ(၃) ပါဝင်တာမို့ သားဥတွေကိုလည်း ကောင်းမွန်စေပါတယ်နော်။  ovarian cancer ဖြစ်တာကိုလည်း တားဆီးပေးပါတယ်။ ဟော်မုန်းထုတ်လုပ်မှုကိုလည်း အားကောင်းစေပြီး လမစေ့ဘဲ ကလေးမွေးတာကိုလည်း တားဆီးပေးနိုင်ပါသေးတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း

အသီး

အချဉ်ဓါတ်ပါတဲ့ အသီးမှာ ဗီတာမင်စီဓါတ် အများကြီး ပါတာမို့ ခန္ဓာကိုယ်အတွက် အားကောင်းစေပြီး သားအိမ်ကို ထိခိုက်စေမယ့် ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုလည်း ဖယ်ပေးပြီး လတိင်းရာသီလာတဲ့အခါ ပုံမှန်ဖြစ်အောင်လည်း ကူညီပေးပါသေးတယ်။

ချစ်တို့ရေ ကိုယ့်ရဲ့ သားအိမ်ကျန်းမာရေးကို ဂရုစိုက်ချင်တယ်ဆိုရင် နေ့တိုင်းစားတဲ့ အစားအစာတွေထဲမှာ ဒီအစားအစာ(၄) မျိုးကို ထည့်စားပေးနော်။

Tags: foodhealth

Comments

0 comments