Advertisement

ကိုယ်စားတဲ့ အစားအစာမှာ ကယ်လိုရီတွေ မပါအောင် စားပြီး အရင်က ရှိပြီသား ကယ်လိုရီတွေ လောင်ကျွမ်းသွားအောင်လည်း စားရမယ်နော်။

ချစ်တို့ရေ ဝိတ်ချမယ် အဆီတွေ လျှော့မယ်လို့ စဥ◌်းစားနေပြီလား။ ဒါဆိုရင်တော့ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ကယ်လိုရီတွေ မစားမိအောင် မရှိအောင် ကြိုးစားဖို့ လိုပါတယ်။ ကယ်လိုရီတွေ ဆက်တိုက်စားနေမိရင်လည်း အဆီတွေ ဝိတ်တွေ တက်လာမှာဆိုတော့ ကိုယ်စားတဲ့ အစားအစာမှာ ကယ်လိုရီတွေ မပါအောင် စားပြီး အရင်က ရှိပြီသား ကယ်လိုရီတွေ လောင်ကျွမ်းသွားအောင်လည်း စားရမယ်နော်။ ဒါမှ ချစ်တို့ ဝိတ်မတက်လာမှာ။

ငရုတ်သီး

ငရုတ်သီး

ငရုတ်သီး (photo: Woman cooking)

ငရုတ်သီးအစပ်တွေက ကယ်လိုရီတွေ လောင်ကျွမ်းစေတဲ့ အစားအစာပါပဲ။ ငရုတ်သီးအတောင့်လိုက် စားတာမျိုး မဟုတ်ရင်တောင် အစပ်စားပေးတာမျိုးပေါ့။ ဗိုက်နဲ့ ခါးမှာ ရှိတဲ့ အဆီတွေဖြစ်စေမယ့် ကယ်လိုရီတွေကို လောင်ကျွမ်းစေတာမို့ အစားစားရင်း အဆီတွေကို နှုတ်ဆက်နိုင်မှာပါ။

Vitamin C များများပါတဲ့ အစားအစာ

Vitamin C များများပါတဲ့ အစားအစာ  (photo: Woman cooking)

Vitamin C များများပါတဲ့ အစားအစာတွေကလည်း ကယ်လိုရီတွေ လျော့ကျစေပြီး ထပ်မတက်လာအောင် စွမ်းဆောင်ပေးနိုင်တဲ့ အစားအစာပါပဲ။ Vitamin C များများပါတဲ့ အစားအစာတွေထဲမှာ လိမ္မော်သီးနဲ့ ချဉ်တဲ့အသီးတွေ တော်တော်များများ ပါ ပါတယ်။ အပျင်းပြေ အသီးအနှံလေး စားမယ်ဆိုရင် အချဉ်ပါတဲ့ အသီးလေးတွေ ရွေးချယ်လို့ ရတယ်နော်။

ထောပတ်သီး

ထောပတ်သီး

ထောပတ်သီး (photo: Woman cooking)

ထောပတ်သီးမှာ အမျှင်ဓါတ်များများ ပါဝင်ပြီး ကျန်းမာရေးအတွက် မကောင်းတဲ့ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းထားပေးတာမို့ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်လေ။ ဒီတော့ ထောပတ်သီးရာသီမှာ ဝိတ်လျော့မယ်ဆိုရင် ထောပတ်သီး စားဖြစ်အောင်စားပါနော်။

Green Tea

Green Tea

Green Tea (photo: Woman cooking)

Tea တွေထဲမှာမှ Green Tea ကတော့ ကယ်လိုရီတွေ လောင်ကျွမ်းပေးနိုင်မယ့် Tea ပါ။ ခုနောက်ပိုင်းမှာ နို့နဲ့ အထူးပြုလုပ်ထားတဲ့ Tea တွေ အသောက်များလာကြတယ်နော်။ ဒါတွေက ကယ်လိုရီတွေကို မလောင်ကျွမ်းစေနိုင်တာမို့ ကြိုက်လို့ သောက်ပေမယ့် Green Tea လေးလည်း တခါတလေ သောက်ပေးပါနော်။

အရွက်စိမ်းစိမ်း

အရွက်စိမ်းစိမ်း   

အရွက်စိမ်းစိမ်း    (photo: Woman cooking)

အရွက်စိမ်းစိမ်းတွေက ကယ်လိုရီတွေ လောင်ကျွမ်းစေမယ့် အစားအစာတွေထဲက တစ်မျိုးပါ။ အရွက်စိမ်းစိမ်းတွေမှာ Anti- Stress ဖြစ်စေတဲ့ အာဟာရတွေ ပါဝင်ပြီး အမျှင်ဓါတ်လည်း ပါဝင်တာမို့ ကယ်လိုရီတွေ လောင်ကျွမ်းစေပါတယ်။ အရွက်စိမ်းစိမ်းတွေ ဖြစ်တဲ့ ကိုက်လန်၊ ဟင်းနုနွယ်တွေ များများစားပေးပါ။

ကိုယ်စားတဲ့ အစားအစာမှာ ကယ်လိုရီတွေ မပါအောင် စားပြီး အရင်က ရှိပြီသား ကယ်လိုရီတွေ လောင်ကျွမ်းသွားအောင်လည်း စားရမယ်နော်။

Tags: caloriesfitnessfoodhealth

Comments

0 comments